ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 13, 2020 . 1 min read
Share now

ငါးပိနဲ့ တို့စရာ နှစ်သက်ကြတဲ့ မြန်မာ့ဓလေ့ဟာ ထမင်းဝိုင်းမှာ အာဟာရဓာတ် တွေ ပြည့်စုံစေတာ အမှန်ပါပဲ။ ဟင်းသီးဟင်းရွက် တွေကို အစိမ်း ဒါမှမဟုတ် ပြုတ်ပြီး တို့မြှုပ်စားကြတာဟာ နေ့စဉ်အာဟာရ မှာ ဟင်းလျာတွေမှာပါတဲ့ အသား၊ ငါး အပြင် အသီးအရွက်တွေ ရဲ့ အာဟာရဓာတ် မျိုးစုံကို တစ်ခါတည်း ရရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ပါပဲ။

တို့စရာ အဖြစ်နဲ့ စားလေ့ ရှိကြတဲ့ မာလာဖူး လေးတွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်း ဒီတစ်ခါ ဖော်ပြပေးချင်ပါတယ်။ ရေနွေး ဖျောပြီး၊ ပြုတ်ပြီးတဲ့အခါ အရသာက ရှတတ၊ အနံ့လေးက မွှေးတေးတေး နဲ့ ထမင်းမြိန်စေတဲ့ မာလာဖူးက ဘယ်လိုတွေ ဆေးဖက်ဝင်သလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုကောင်းသလဲ ဆိုတာ မသိချင်ကြဘူးလား။

(၁) အစာခြေစနစ် ကို ကူညီပေးတယ်

မာလာဖူး ရဲ့ ပူရှိန်းရှိန်း၊ ရှတတ အာနိသင်ကြောင့် အစာချေဖျက်မှုကို အားပေးပြီး အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက်ကို ကူညီထောက်ပံ့ပေးပါတယ်။ လေနာရောဂါ၊ အစာမကြေတာ၊ ဗိုက်အောင့်တာ၊ ခံတွင်းပျက်တာ၊ သန်ထတာ၊ လေပွတာ၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာ၊ စားချင်စိတ် မရှိတာ စတဲ့ ဝေဒနာတွေ အတွက် ဆေးတစ်ခွက် ပါပဲ။

(၂) ရောင်ရမ်းမှု နဲ့ နာကျင်မှုတွေကို သက်သာစေတယ်

အရောင်ကျစေတာ နဲ့ နာကျင်ကိုက်ခဲမှုတွေ သက်သာစေတာ ကလည်း မာလာဖူးရဲ့ အာနိသင်တွေထဲ ပါဝင်ပါတယ်။ အနာကျက်မြန်စေတယ်၊ ပြန်သက်သာစေနိုင်စွမ်း ကို အားပေးတယ်။

ဆီးရွှင်စေဖို့ကို အားပေးတဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပြီး ပိုလျှံနေတဲ့ အရည်တွေကို စွန့်ထုတ်နိုင်စေပါတယ်။ အဲဒီကနေမှ အဆစ်နာရောဂါ၊ လေးဖက်နာရောဂါ တို့လို ရောင်ရမ်းမှု တွေကို လျော့ကျစေပြီး နာကျင်မှုတွေလျော့ပါးစေနိုင်ပါတယ်။

(၃) ရောဂါပိုးမွှား တွေကို နှိမ်နင်းစေနိုင်တယ်

ဝမ်းလျှောစေတတ်တဲ့ E.coli ပိုး အပါအဝင် ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင် ရှိသလို မှိုပိုးတွေ နဲ့ ဘက်တီးရီးယား တွေကိုလည်း ကူညီနှိမ်နင်းပေးပါတယ်။

(၄) အမျိုးသမီးကျန်းမာရေး အတွက် ကောင်းတယ်

မာလာဖူး က အဖြူဆင်းခြင်း၊ ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း၊ စတဲ့ အမျိုးသမီးတွေမှာ ခံစားရလေ့ ရှိတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် အကျိုးပြုအာနိသင် လည်း ရှိပါတယ်။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝတယ်

မာလာဖူး မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တာမို့ Free radical တွေကြောင့် ဖြစ်လာတဲ့ ထိခိုက်မှုအန္တရာယ်တွေကို ဟန့်တားပေးနိုင်ပါတယ်။ Free radical လို့ ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး ကင်ဆာရောဂါ အပါအဝင် ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေ အားလုံးဟာ ဖွယ်ဖွယ်ရာရာ မိသားစုထမင်းဝိုင်း ကနေ အလိုအလျောက် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါနော်။ တစ်နေ့စာအာဟာရ မှာ အသား၊ ငါး နဲ့ အသီးအရွက်တွေ စုံလင်မျှတနေမယ် ဆိုရင် ဗီတာမင် အားဆေး တွေတောင် မလိုတော့ပါဘူး။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ

အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
သက်သက်လွတ်စားရင်း မှားနေကြသည်များ

သက်သက်လွတ်စားရင်း မှားနေကြသည်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 11, 2020 . 2 mins read
သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
အဆုတ်ကင်ဆာ ကာကွယ်ပါ

အဆုတ်ကင်ဆာ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read