backup og meta

ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ


Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထောပတ်ပေါက်ပေါက်စားခြင်းကကျန်းမာရေးကို ဘယ်လိုအကျိုးပြုလဲ

    ဟိုးအရင်တွေကတော့ပေါက်ပေါက်ကို ဆားငန်ငန်လေးနဲ့ပဲ စားသုံးခဲ့ကြပေမယ့် ခုတော့ အရသာချိုဆိမ့်ဆိမ့် အနံ့မွှေးမွှေးလေးဖြစ်အောင်ထောပတ်လေးနဲ့ရောပြီးထောပတ်ပေါက်ပေါက်အဖြစ် တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ထောပတ်ပေါက်ပေါက်က ရုပ်ရှင်ချစ်သူတွေအတွက် အကောင်းဆုံး အစားအစာတစ်မျိုးလည်းဖြစ်မှာပါ။တော်တော်များများကထောပတ်ပေါက်ပေါက်ကို ရုပ်ရှင်ကြည့်ရင်း စားကြတာကြောင့်ပါ။ထောပတ်ပေါက်ပေါက်ကို အပျင်းပြေ စားကြတယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

    ထောပတ်ပေါက်ပေါက်ဟာ ကိုလက်စထရော ပမာဏကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်တွေ များများစားစားပါဝင်တာကြောင့်သွေးလွှတ်ကြောနဲ့သွေးပြန်ကြောမှာရှိတဲ့ ကိုလက်ထစရောတွေကိုလျှော့ကျေစေပါတယ်။ ဒီအနေအထားဟာ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့လေဖြတ်ခြင်းတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

    ထောပတ်ပေါက်ပေါက်မှာ အမျှင်ဓါတ်များများ ပါဝင်တာဟာ တခြားသစ်သီးဝလံတွေလိုပါပဲ။ အမျှင်ဓါတ်များများ ပါဝင်တာက အစာခြေစနစ်ကိုကောင်းမွန်စေတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာပေါင်မုန့်လိုပဲ ကျန်းမာရေးကောင်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် ဘီနဲ့ ဗီတာမင်အီးလည်း ပါဝင်တာမို့ အသားအရေလည်း စိုပြည်ကြည်လင်စေပါတယ်။
    ထောပတ်ပေါက်ပေါက်ဟာ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်ထဲက သကြားဓါတ်နဲ့ အင်ဆူလင်ပမာဏဓါတ်ကို ထိန်းညှိပေးထားဖို့အတွက် အမျှင်ဓါတ် လိုပါတယ်။ထောပတ်ပေါက်ပေါက်ဟာ သကြားဓါတ်များခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
    (၂၀၁၂) ခုနှစ် Scranton တက္ကသိုလ်ရဲ့လေ့လာချက်အရထောပတ်ပေါက်ပေါက်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေ အများအပြား ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဓါတ်တိုးဆန့်ကျင်မှု များခြင်းဟာ အရိုးရောင်ခြင်း၊ အရိုးပွခြင်းနဲ့ ဆီးချိုရောဂါတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ ထောပတ်ပေါက်ပေါက်မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဆဲလ်သေတွကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ ခန္ဓါကိုယ်အတွက်ကောင်းကျိုးမပေးနိုင်တဲ့ free radicalsတွေကိုလည်းလျှော့ချပေးပါတယ်။
    ထောပတ်ပေါက်ပေါက်ကို ကိုယ်အလေးချိန် တက်စေတဲ့အစားအစာလို့ ထင်နေရင်တော့ မှားနေပါပြီ။ထောပတ်ပေါက်ပေါက် တစ်ခွက်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပါတယ်။ ဒါဟာ အာလူးကြော်တစ်ထုတ်စာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ငါးဆတောင် ကယ်လိုရီနည်းပါတယ်။ ဒါ့အပြင်ထောပတ်ပေါက်ပေါက်ဟာ တခြားသွားရေစာ မုန့်တွေလိုမျိုး ဆီတွေ ပါဝင်မှု နည်းတာကြောင့် ခန္ဓါကိုယ်အလေးချိန် မတက်စေပါဘူး။
    ထောပတ်ပေါက်ပေါက်က အရွယ်တင်နုပျိုစေတဲ့ အစားအစာတွေထဲမှာလည်း ပါဝင်ပါတယ်။ အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သယောင်ဖြစ်စေတဲ့ အရေးအကြောင်းဖြစ်ခြင်း၊ အသားအရေတင်းရင်းမှု နည်းခြင်း၊ အစက်အပြောက်ဖြစ်ခြင်းတွေကိုလျှော့နည်းစေပါတယ်။ထောပတ်ပေါက်ပေါက် စားလေလေ free radicalsလျော့နည်းလေဖြစ်ပြီး ပိုမိုကျန်းမာ လှပလာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement