backup og meta

ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင်

    မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျဖြစ်နေတာ၊ အဝတ်အစားတွေ မတော်တော့တာ၊ သွားလာလှုပ်ရှားမှုတွေလုပ်တဲ့အခါ သွက်သွက်လက်လက်မရှိတော့တာတွေဖြစ်နေပြီလား။ ဒါဆိုရင် သေချာတာကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ဆိုတဲ့ ကန့်သတ်ချက်ဘောင်​လေးကို နည်းနည်းတော့ ကျော်စပြုနေပြီဆိုတာပါ။ ဝတ်လိုက်ရင်လည်း စမတ်ကျ၊ သွားလာရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်နေစေဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းကတစ်ခုပဲရှိတော့တယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းသိမ်းဖို့ပါ။

    ဘယ်လိုထိန်းမယ် စဉ်းစားထားလဲ…………..

    ကျန်းမာတဲ့ကိုယ်အလေးချိန်ရဖို့ အတွက် ဘယ်လိုများလုပ်မယ်စဉ်းစားထားလဲ။

  • အစားမစားဘဲလျှော့မယ်
  • အစားလျှော့စားမယ်
  • ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်
  • အသီးတွေပဲစားမယ် စသဖြင့်ရွေးချယ်မှုတွေကအမျိုးမျိုးရှိနိုင်ပါတယ်။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင်

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင် မဖြစစ်မနေ လုပ်ရမှာက အစားလေးပဲ ဂရုစိုက်လိုက်ပါ

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ရစေဖို့ အစားအစာတွေကို အလွန်အကျွံရှောင်ဖို့ မလိုသလို လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ဖို့လည်းမလိုပါဘူး။ တကယ်ကတော့ ဖြစ်နိုင်တဲ့ အတိုင်းအတာအတွင်းက စားသောက်နေထိုင်မှုကို မှန်မှန်လေးလုပ်ပေးရုံပါ။ ဒီတော့ ဘာတွေလုပ်ရမလဲ တူတူဆက်ကြည့်ရအောင်လား။

    မနက်စာ စားဖြစ်အောင်စားပါ

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင်ဆိုပြီး မနက်စာအငတ်ခံလိုက်တာက ကျန်းမာတဲ့ကိုယ်အလေးချိန်ရစေဖို့ အားမပေးနိုင်ဘဲ ကျန်းမာရေးကို ထိခိုက်စေမှာပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ဆိုကတည်းက ကျန်းလည်းကျန်းမာရမယ်။ ကိုယ်အလေးချိန်ကလည်း အဆင်ပြေရမှာပေါ့။ ဒီတော့ မနက်စာကို ဆီကြော်တွေမပါဘဲ ပြည့်ပြည့်ဝဝစားပေးပါ။

    အစားကို အချိန်မှန်စားပါ

    အချိန်မှန်မှန်စားသောက်တတ်မှုက ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်အတွက်ပါ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို မနက် ၆ နာရီ ကနေ ၉ နာရီအတွင်း၊ နေ့လယ်စာကို နေ့လယ် ၁၂ နာရီကနေ ၂ နာရီအတွင်း ညနေစာကို ညနေ ၅ နာရီကနေ ၇ နာရီအတွင်းလောက် ပုံမှန်စားပေးဖို့ပြောပါရစေ။ အာဟာရပြည့်ဝစွာပါဝင်စေဖို့တော့ သတိပြုပေးပါ။

    အသီးအရွက်များများစားပါ

    အသီအရွက်တွေမှာ ခန္ဓာကိုယ်ကျန်းမာလှပစေဖို့ လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အသီးအရွက် ၃၅ ရာခိုင်နှုန်းလောက် ပါဝင်အောင် စားသုံးပေးပါ။

    နည်းနည်းနဲ့ အကြိမ်ရေများများစားပါ

    ဒီလိုစားပေးတာက ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းလည်းကျန်းမာ ခန္ဓာကိုယ်ကလည်းစမတ်ကျလှပစေဖို့ဆိုရင် အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။

    ရေများများသောက်ပါ

    ရေများများသောက်လိုက်ခြင်းဟာ ဗိုက်ကိုပြည့်စေသလို ဆာလောင်တဲ့ စိတ်ကို ပြေပျောက်ပြီးသားလည်းဖြစ်စေပါတယ်။ ရေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

    ကယ်လ်လိုရီကို တွက်ချက်ပါ

    ကျန်းမာတဲ့ ကိုယ်အလေးချိန် ကို ပိုင်ဆိုင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထတစ်ရပ်ပါ။ တစ်နေ့တာမှာ စားသုံးတဲ့ ကယ်လ်လိုရီတွေကို သေချာမှတ်ထားတာက ကိုယ်အလေးချိန်အတွက်ရော ကျန်းမာရေးအတွက်ပါ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားခါနီးတိုင်းမှာ ပါဝင်မှု ကယ်လ်လိုရီကို သတိထားကြည့်စေချင်ပါတယ်။

    ဒီအလေ့အကျင့်လေးတွေကို ပုံမှန်လုပ်သွားပေးမယ်ဆိုရင် လေ့ကျင့်ခန်းတွေ ပင်ပင်ပန်းပန်းမလုပ်ရင်တောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။

    ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေဖို့ နေ့စဉ် အခုပြောပြတဲ့ အချက်လေးတွေကို သေချာလေး လိုက်နာ လုပ်ဆောင်ကြည့်စေချင်ပါတယ်။ အချိန်ပေးဖို့ နဲ့ စိတ်ရှည်ဖို့ကတော့ မဖြစ်မနေ လိုအပ်မယ့် အချက်တစ်ခုပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ အခုကစပြီး လုပ်ဆောင်လိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement