backup og meta

အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

    မှည့်မှည့်၊ စိမ်းစိမ်း သရက်သီးဆိုတာနဲ့ မကြိုက်တဲ့သူရှိမယ်မထင်ပါဘူး။ မှည့်လွန်းရင်လည်း ချိုချိုလေးနဲ့မို့ အစိမ်းကျတော့လည်း ချဉ်မြုံမြုံလေးနဲ့ ခံတွင်းမြိန်စေတယ်ဆိုတော့ သရက်သီး ပေါ်ပြီဆိုတာနဲ့ အပြေးဝယ်ကြတဲ့ သူချည်းပါပဲ။ သရက်သီး အမှည့်ရဲ့ ကောင်းကျိုးတွေက သိထားပြီးသားဖြစ်နေကြတော့ အခု သရက်သီးအစိမ်း လေးရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုကောင်ကျိုးတွေများရှိမလဲ ကြည့်ရအောင်။

    သရက်သီးအစိမ်း ရဲ့ ကျန်းမာရေး အာနိသင်များ ။ ။

    ( ၁ ) ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင် အပြည့်အဝရှိပါတယ်။

    သရက်သီးမှာ zeaxanthin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် ကိုယ်တွင်းက မကောင်းတဲ့ ဓာတု အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူရဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေမှာ အရေးအကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို တားဆီးပေးဦးမှာပါ။ ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးတယ်ဆိုတာ အထူးပြောနေစရာ လိုမယ်တောင်မထင်ပါဘူး။

    ( ၂ ) ဗီတာမင် စီ ကြွယ်ဝစွာပါပါတယ်။

    သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ဗီတာမင် စီ မကြွယ်ဝရင် ဘယ်အသီးတွေကသွားပြီး ကြွယ်ဝဦးမလဲနော်။ ပါဝင်တဲ့ ဗီတာမင် စီကြောင့် ကိုယ်တွင်းခုခံအား စနစ်တက်လာပြီး ရောဂါတွေကို တိုက်ထုတ်ပေးမယ့်အပြင် သွားဖုံးသွေးယိုတာနဲ့ အခြားသွေးအားနည်းရောဂါတွေကိုတောင် ကာကွယ်ပေးဦးမှာနော်။

    ( ၃ ) အမျှင်ဓာတ်ကြွယ်ဝစွာပါပါတယ်။

    သရက်သီးအစိမ်း မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ အမျှင်ဓာတ်ကြောင့် တစ်ခါစားလိုက်ပြီဆိုတာနဲ့ အဆာခံစေလို့ ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်မှာပါ။ ဒါ့အပြင် ဝမ်းမှန် အောင်လည်း သူက ကူညီပေးဦးမှာနော်။

    ( ၄ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

    သရက်သီး အစိမ်းရဲ့ အစာအိမ်တွင်းက အက်ဆစ်ဓာတ်ကို ပြေလျော့စေတဲ့ အစွမ်းသတ္တိကြောင့် အစာခြေရည် ပြန်ဆန်တက်လို့ ရင်ပူခြင်းကိုလည်း သက်သာစေမှာပါ။ ဒါ့အပြင် ပရိုတင်းကို ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေလည်း ပါဝင်တာကြောင့် အစာမကြေခြင်းကိုလည်း သက်သာစေမှာပါ။

    အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

    ( ၅ ) အသည်းအတွက်လည်း အထောက်အကူပြုပေးပါတယ်။

    သည်းခြေရည် တွေ ပိုထွက်အောင်လှုံ့ဆော်ပေးတဲ့ အစွမ်းသတ္တိကြောင့် အသည်းကို အထောက်အကူပြုရာရောက်ပြီး ကိုယ်တွင်းက မကောင်းတဲ့ အဆိပ်တွေကို ဖယ်ရှားပေးသန့်စင်ပေးပါတယ်။

    ( ၆ ) သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

    သရက်သီးအစိမ်းမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ရဲ့ သွေးကြောတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးမယ့်အပြင် နှလုံးကြွက်သားကိုလည်း အားကောင်းစေပါတယ်။

    ( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

    သရက်သီးအစိမ်း မှာ မျက်လုံးအတွက် အဓိက လိုအပ်တဲ့ ဗီတာမင် A အများကြီးပါတာကြောင့် မျက်စိအတွက် အထူးကောင်းမွန်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒါ့အပြင် ဗီတာမင် A က ဆံသားကိုလည်း ကောင်းမွန်စေမှာပါ။

    အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။

    ( ၈ ) အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။

    သရက်သီးအစိမ်းမှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် A နှစ်မျိုးလုံးဟာ အသားအရေအတွက် အထူးလိုအပ်တဲ့ ဗီတာမင်တွေဖြစ်တာကြောင့် ချောမွတ်တဲ့အသားအရေ၊ အပြစ်အနာအဆာကင်းတဲ အသားအရေတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement