backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အနီရောင် ဂေါ်ဖီထုပ် ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အနီရောင် ဂေါ်ဖီထုပ် ကပေးတဲ့ ကျန်းမာရေး

ပုံမှန်စားနေကျ ဂေါ်ဖီထုပ်က အစိမ်းရောင်နုနု၊ အစိမ်းရောင်ရင့်ရင့်ဖြစ်တတ်ပြီး အနီရောင် ဂေါ်ဖီထုပ် ကတော့ အခုနောက်ပိုင်းမှာတော့ အနီရောင် ဂေါ်ဖီထုပ်လေးတွေ ဈေးကွက်ဝင်လာတယ်။ ဆေးဆိုးထားတာ မဟုတ်ဘဲ ပင်ကိုက အနီရောင်ပါ။ အနီဆိုတာထက် ခရမ်းရောင်ရင့်ရင့်လေးဆို ပိုမှန်မှာပါ။ ဒီအရောင်အသွေးလှပတဲ့ ဂေါ်ဖီထုပ်လေးကလည်း စားသုံးလို့ရသလို အာဟာရတန်ဖိုး မြင့်သလို ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ပြုပေးပါတယ်။

အနီရောင် ဂေါ်ဖီထုပ် လေးရဲ့ အာဟာရတန်ဖိုး

အနီရောင်ဂေါ်ဖီလေးမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • Anthocyanins
  • ဗီတာမင် C
  • ဗီတာမင် K
  • ဗီတာမင် A
  • ဗီတာမင် B6
  • ပိုတက်ဆီယမ်
  • မဂ္ဂနိစ်
  • thiamine
  • riboflavin
  • ဖောလိတ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အနီရောင် ဂေါ်ဖီထုပ် ကပေးတဲ့ ကျန်းမာရေး

အနီရောင် ဂေါ်ဖီထုပ် ကို စားသုံးပေးမယ်ဆိုရင်

ကိုယ်ခံအား ကောင်းစေတယ်

အနီရောင် ဂေါ်ဖီထုပ်မှာ ကိုယ်ခံအားကို အဓိက ပံ့ပိုးပေးနေတဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ သွေးဖြူဥဆဲလ်တွေကို အားဖြည့်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အာဟာရ ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း တော်တော်လေး ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်မှုကို ကာကွယ်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ တစ်ရှူးတွေကို အသစ် ဖြစ်ပေါ်စေပြီး အနာကျက်စေဖို့လည်း အားဖြည့်ပေးပါတယ်။

နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပါတယ်

အနီရောင် ဂေါ်ဖီထုပ်မှာ နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ phytonutrients ပါဝင်နေပါတယ်။ နောက်တစ်ချက်က အနီရောင်ဂေါ်ဖီမှာ ရောင်ရမ်းမှုကို လျော့ပါးစေနိုင်တဲ့ (အရောင်ကျစေနိုင်တဲ့) sulforaphane ပါဝင်နေပါတယ်။

ဒါကြောင့် အဆစ်ရောင်နာ ဝေဒနာခံစားနေရတွေအနေနဲ့ စားသုံးပေးဖို့ သင့်တော်ပါတယ်။

အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါ ကာကွယ်ပေးတယ်

အနီရောင် ဂေါ်ဖီထုပ်မှာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် K ကအရိုးတွင်းက ကယ်လ်ဆီယမ် ပမာဏကို ထိန်းညှိပေးဖို့ လိုအပ်တဲ့ ပရိုတင်းပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အရိုးပွရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ ကယ်လ်ဆီယမ် ပါဝင်မှုက အရိုးတွေကို သန်မာစေသလို ဗီတာမင် K ပါဝင်မှုက အရိုးသိပ်သည်းဆကို ထိန်းပေးတာကြောင့် လေဒီလေးတွေနဲ့ အထူး သင့်တော်ပါတယ်။

ဒါကြောင့် သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရိုးတွေ ကျိုးလွယ်တာ၊ အရိုးပွတာတွေကို ကာကွယ်ဖို့ လေဒီလးတွေအနေနဲ့ ပုံမှန် စားသုံးပေးသင့်ပါတယ်။

နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးတယ်

အသက်အရွယ်ကြောင့် ဖြစ်ဖြစ်၊ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကြောင့်ဖြစ်ဖြစ် ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့ရပါတယ်။ ဓာတ်တိုးပစ္စည်းတွေနဲ့ ထိတွေ့မှုများတာက အသားအရေကိုတင် ထိခိုက်စေတာမဟုတ်ဘဲ၊ ကင်ဆာ အပါအဝင် ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေပါ ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါ နဲ့နှလုံးရောဂါ တို့လိုမျိုးပေါ့။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ နေ့စဉ် ထိတွေ့မိနေတဲ့ ဓာတ်တိုးပစ္စည်းတွေက DNA (မျိုးဗီဇဆဲလ်)တွေကို ထိခိုက်ပျက်စီးစေသလို အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ကင်ဆာအပါအဝင် အမျိုးမျိုးသော နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အနီရောင်ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

ဂေါ်ဖီထုပ် အနီရောင်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးသလို ဝမ်းမှန်စေပါတယ်။ အမကြီးကို ကျန်းမာစေပြီး အစာကြေစေမှာပါ။

ဘာတွေ သတိထားရမလဲ

အနီရောင် ဂေါ်ဖီထုပ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ရပါဘူး။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ကလေးငယ်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement