backup og meta

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 11 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

    လေ့ကျင့်ခန်းကို သေချာပြန်လုပ်တော့မယ်လို့ တွေးထားပြီဆိုရင် အဓိကပြင်ဖို့ လိုအပ်တာက စားသောက်နေထိုင်မှုပုံစံပါပဲ။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး ရဖို့အတွက် လေ့ကျင့်ခန်းသည် ၃၀ ရာခိုင်နှုန်း၊ စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်း သက်ရောက်မှုရှိပါတယ်။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတာကိုရော သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အခုပဲ ကြည့်လိုက်ရအောင်နော်။

    လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ

    လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတော့

    အစားအစာနှင့် လေ့ကျင့်ခန်းအပေါ် ဆက်စပ်မှု

    ကိုယ်စားလိုက်တဲ့ အစားအစာတွေ၊ စားတဲ့ပမာဏ၊ အာဟာရဓာတ်တွေ၊ လေ့ကျင့်ခန်းနဲ့ အချိန်ဘယ်လောက်ခြားထားလဲဆိုတာပေါ် မူတည်ပြီး ခန္ဓာကိုယ်အချိုးအစားအလိုက် အဆင်ပြေသလို ညှိသင့်ပါတယ်။

    ဘယ်အာဟာရဓာတ်တွေကို များများစားပေးမလဲ။

    လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်တွေကို အသုံးပြုရတာဖြစ်တဲ့အတွက် ခွန်အားဖြစ်စေမယ့် ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် ပါတဲ့အစားအစာတွေကို အဓိက စားပေးဖို့ လိုအပ်ပါတယ်။ နွားနို့၊ အသား၊ အာလူး၊ ကြက်ဥ၊ ထောပတ်သီး၊ ကန်စွန်းဥ၊ ပဲ၊ ထမင်း စတာတွေကို များများစားပေးရပါမယ်။ ပရိုတင်းနို့မှုန့် ဖြည့်စွက်စာကိုပါ တွဲသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

    အားအင်တွေနဲ့အတူ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်းမလုပ်ခင်မှာရော၊ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာလည်း ရေများများသောက်ပေးသင့်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပြီး နှလုံးကို အားဖြစ်စေတယ်။ ပင်ပန်းမှုကို ပြေပျောက်စေပြီး ချွေးအဖြစ်နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းပေးနိုင်ပါတယ်။

    ဘယ်လောက်ပမာဏ စားကြမလဲ။

    စားတဲ့ပမာဏသည် လေ့ကျင့်ခန်းလုပ်မယ့်အချိန်နဲ့ စားမယ့်အချိန်ပေါ် မူတည်ပါတယ်။ ကိုယ်က မနက်ခင်းအစောကြီး လေ့ကျင့်ခန်းလုပ်မယ့်သူဆိုရင်

    • ပေါင်မုန့်
    • နွားနို့
    • သစ်သီးဖျော်ရည်
    • အုတ်ဂျုံ၊ ကွေကာအုပ်
    • သစ်သီး (ငှက်ပျောသီး၊ ထောပတ်သီး)
    • ကြက်ဥပြုတ် စတာတွေကို ဗိုက်အနည်းငယ်ပြည့်ရုံလောက်ပဲ စားပေးပါ။ အဓိက လေ့ကျင့်ခန်းမလုပ်ခင်မှာ ဗိုက်ထဲ အစာရှိနေရင် ရပါပြီ။ လေ့ကျင့်ခန်းလုပ်ပြီးသွားပြီဆိုရင်​တော့ မနက်စာကို ပြည့်ပြည့်ဝဝ စားပေးပါ။

    ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်မယ့်သူဆိုရင် ကိုယ်လေ့ကျင့်ခန်း လုပ်မယ့်အချိန်နဲ့ အနည်းဆုံး အချိန်တစ်နာရီခြားပြီး အစာတစ်ခုခု စားထားဖို့ လိုအပ်ပါတယ်။

    လေ့ကျင့်ခန်းမလုပ်မီ ၃နာရီအလိုမှာ

  • ပေါင်မုန့်
  • အသားတစ်မျိုးမျိုး
  • ဟင်းသီးဟင်းရွက်
  • ကြက်ဥ
  • နွားနို့
  • ထမင်း စတာတွေကို စားပေးနိုင်ပါတယ်။ ဗိုက်ပြည့်အောင်စားလည်း သိပ်ပြဿနာမရှိပါဘူး။ ၃နာရီဆိုတဲ့အချိန်က ကိုယ်စားထားတဲ့အစားအစာကို ကောင်းကောင်းကြေစေပြီး လေ့ကျင့်ခန်းလုပ်နေရင်း ဗိုက်တင်းတာ၊ အစ်တာမျိုး မဖြစ်စေပါဘူး။
  • လေ့ကျင့်ခန်းမလုပ်မီ ၂နာရီအလိုဆိုရင် ထမင်း၊ အသားလိုမျိုး ဗိုက်အလွန်ပြည့်စေမယ့်အစားအစာတွေကို ပါတယ်ဆိုရုံလောက်သာ စားပေးပြီး အရည်တွေကို များများသောက်ပေးသင့်ပါတယ်။ သစ်သီးဝလံ၊ နွားနို့တွေဆိုရင် ပိုအဆင်ပြေပါတယ်။

    လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အစာစားချိန် အရမ်းကပ်သွားခဲ့ရင် (၁နာရီအလို) နွားနို့တစ်ခွက်ကို ပရိုတင်းမှုန့်နဲ့တွဲသောက်ပြီး သစ်သီးဝလံ သို့မဟုတ် ကြက်ဥပြုတ်တစ်လုံးလောက်ပဲ စားပေးပါ။ အပြင်းအထန် လေ့ကျင့်ခန်းတွေ မလုပ်သေးဘဲ ဗိုက်ထဲကစားထားတာတွေအတွက် အချိန်အနည်းငယ်စောင့်ပြီး လမ်းလျှောက်၊ ပြေးတာမျိုး၊ အကြောလျှော့တာမျိုး လုပ်ပေးလို့ ရပါတယ်။

    လေ့ကျင့်ခန်း လုပ်နေစဉ် ဘာစားပေးလို့ရမလဲ။

    ကိုယ်က Gym မှာ ကစားတဲ့သူဆိုရင် ရေဘူးကို ကိုယ့်အနားမှာ ဆောင်ပြီး ချွေးအလွန်အကျွံထွက်တဲ့အချိန် ၁၅ မိနစ်ခြားတစ်ခါလောက် ရေသောက်ပေးသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းက ကိုယ့်ရဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အားအင်စိုက်ထုတ်နိုင်စွမ်းကို လျော့ကျစေလို့ပါ။

    ကြွက်သားထုတက်ဖို့ အလေးအပင်မတဲ့သူတွေဆိုရင် ပရိုတင်းမှုန့် ဖြည့်စွက်စာကို နွားနို့ သို့မဟုတ် ရေနဲ့ရောဖျော်ပြီး တစ်ငုံစီ သောက်ပေးလို့ ရပါတယ်။

    Zumba ကတာ သို့မဟုတ် အကတိုက်တာမျိုး၊ အပြင်မှာ လမ်းလျှောက်ထွက်တာ၊ ပြေးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလောက်ပဲ လုပ်မယ်ဆိုရင် ကဖင်းဓာတ်ပါဝင်မှုများတဲ့ ကော်ဖီတစ်ခွက်လောက်ကို နည်းနည်းစီ သောက်ပေးလို့ ရပါတယ်။

    တခြားဘာတွေ ဆင်ခြင်ဂရုစိုက်သင့်လဲ။

    ၁။ အိပ်ချိန်ကို သေချာဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ်လိုချင်တဲ့ ကြွက်သားနဲ့ ခန္ဓာကိုယ်အချိုးအစားမျိုးရဖို့ အိပ်ချိန်ကို အနည်းဆုံး ၇-၈နာရီ ရအောင် အိပ်စက်အနားယူပေးဖို့ လိုအပ်ပါတယ်။

    ၂။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်ထိုင်နေတာမျိုးထက် စိတ်ကို နိုးနိုးကြားကြားဖြစ်စေအောင် လမ်းပုံမှန်လျှောက်ပေးတာမျိုး၊ အကြောလျှော့တာမျိုး လုပ်ပေးပါ။

    ၃။ အလေးမတဲ့အခါ အကြိမ်ရေဦးစားမပေးဘဲ အလေးများများဖြင့် ကစားပေးပါ။

    ၄။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို မျှမျှတတ ကစားပြီး အသုံးချပါ။

    ၅။ လေ့ကျင့်ခန်းနည်းလမ်းတွေကို နည်းပြဆရာအကူအညီဖြင့် ပုံမှန်ပြောင်းလဲပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 11 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement