backup og meta

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

    လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ …… ခုနောက်ပိုင်း ခေတ်စားလာတဲ့ Diet plan တွေထဲမှာမှ Keto Diet (ကီတို Diet) ကတော့ ဝိတ်ချချင်တဲ့ မိန်းကလေးအများစု လုပ်လာကြတဲ့ Diet အမျိုးအစားပါ။ အဓိက ကျန်းမာစေတဲ့ အဆီတွေကို များများစားပေးပြီး ကာဗိုဟိုက်ဒြိတ် လို့ ခေါ်တဲ့ ကစီဓာတ်တွေကို လုံးဝမစား သို့မဟုတ် ပမာဏ အနည်းငယ်သာ စားပေးတဲ့ Diet ဖြစ်ပါတယ်။

    လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

    လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ ဆိုတာကို ဆက်လေ့လာလိုက်ရအောင်နော်။

    ပုံမှန်အားဖြင့် အစာစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ကစီဓာတ်ကို အချိန်ကြာမြင့်စွာ ဖြိုခွဲပြီးမှ အဆီတွေကို ဖြိုခွဲရပါတယ်။ အဲဒီတော့ ကစီဓာတ်များများစားလေ၊ ခန္ဓာကိုယ်ထဲမှာ အဆီနဲ့ ကယ်လိုရီ ပမာဏတွေ များပြားလာပြီး အဝလွန်မယ်၊ ကိုယ်အလေးချိန် တက်ခြင်းကို ဖြစ်စေပါတယ်။ Keto Diet ကတော့ ကစီဓာတ် စားသုံးမှုကို လုံးဝလျှော့ချလိုက်ပြီး အဆီတွေပဲ များများစားပေးရပါတယ်။ ထိုအခါ ဖြိုခွဲစရာ ကစီဓာတ်က မရှိသလောက် နည်းသွားတဲ့အတွက် ခန္ဓာကိုယ်က အဆီတွေကို လျင်မြန်စွာ ဖြိုခွဲပေးပြီး ဦးနှောက်အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အားအင်တွေကို ဖြစ်စေပါတယ်။

    ကီတို Diet အမျိုးအစား ဘယ်နှစ်မျိုး ရှိလဲ။

    Keto Diet ဆိုတဲ့ နေရာမှာ

    ၁။ Standard Ketogenic Diet (SKD)

    ကီတို Diet တွေထဲမှာမှ အထိရောက်ဆုံး ကိုယ်အလေးချိန် လျှော့ချပေးတဲ့ နည်းလမ်းပါ။ တစ်နေ့တာအတွက် ကျန်းမာရေး အကျိုးပြု အဆီ ၇၅ ရာခိုင်နှုန်း၊ ပရိုတင်းဓာတ် ၂၀ ရာခိုင်နှုန်းနဲ့ ကစီဓာတ်ကို ၅ ရာခိုင်နှုန်းသာ စားပေးရပါတယ်။

    ၂။ Cyclical Ketogenic Diet (CKD)

    ဒီအမျိုးအစားကတော့ တစ်ပတ်မှာ ၅ ရက် ကျန်းမာရေး အကျိုးပြု အဆီတွေကို ပိုစားပေးပြီး ကျန်တဲ့ ၂ရက်ကို ကစီဓာတ်များများ ပြန်စားပေးတဲ့ ပုံစံပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်နေသူတွေအနေနဲ့ ဒီ ကီတို Diet အမျိုးအစားကို ရွေးချယ်လို့ ရပါတယ်။

    ၃။ Targeted Ketogenic Diet (TKD)

    လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးသွားတဲ့အခါ အချိန်အနည်းငယ် ခြားပြီး ကစီဓာတ်ပါတဲ့ အစားအစာတွေကို အနည်းငယ် စားပေးရတဲ့ အမျိုးအစားပါ။ လေ့ကျင့်ခန်း လုံးဝမလုပ်တဲ့သူတွေဆိုရင်တော့ တခြားအမျိုးအစားတွေကိုပဲ ရွေးချယ်လို့ ရပါတယ်။

    ၄။ High-protein Ketogenic Diet

    ပုံမှန် ကီတို Diet ထဲမှာမှ အသားဓာတ်ပမာဏကို ပိုစားပေးလိုက်တဲ့ Diet အမျိုးအစားပါ။ တစ်နေ့တာကို ကျန်းမာရေး အကျိုးပြု အဆီ ၆၀ ရာခိုင်နှုန်း၊ အသားဓာတ် ၃၅ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒြိတ် ၅ ရာခိုင်နှုန်းသာ စားပေးရပါတယ်။

    ကီတို Diet အတွက် ဘာစားမလဲ၊ ဘာရှောင်ရမလဲ။

    အသားဓာတ်၊ ကစီဓာတ်၊ ကျန်းမာရေး အကျိုးပြု အဆီဓာတ် ပါဝင်တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဘယ်အစားအစာကို ရွေးချယ်သင့်လဲ သေချာ မသိသေးရင် အောက်မှာ ဆက်ပြီး ဖတ်ကြည့်နိုင်ပါတယ်။

    စားပေးသင့်တာတွေက

    • အနီရောင်အသား၊ steak၊ ဝက်အူချောင်း၊ အသားပြား၊ ဝက်ပေါင်ခြောက်၊ ကြက်သား
    • ဆော်လ်မွန်ငါး၊ တူနာငါး၊ ငါးကွမ်းရှပ်၊ ရေချိုငါး အစရှိတဲ့ အဆီများတဲ့ ငါးတွေ
    • ကြက်ဥ (အကာနဲ့ အနှစ် ၂ မျိုးလုံး)
    • ထောပတ်၊ ခရင်မ်၊ ချိစ် (ခရင်မ်ချိစ်၊ ဆိတ်ကနေ ရတဲ့ ချိစ်၊ Cheddar ချိစ်၊ Mozzarella ချိစ် အမျိုးအစား)
    • အယ်လ်မွန်စေ့၊ အခွံမာစေ့၊ နှမ်းကြတ်စေ့၊ ဖရုံစေ့၊ ချီယာစေ့ အစရှိတဲ့ အစေ့အဆန်များ
    • မပြည့်ဝဆီတွေ ဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်သီးက ရတဲ့ အဆီအနှစ်
    • ထောပတ်သီး တစ်လုံးလုံး
    • အစိမ်းရောင် ဟင်းရွက်များ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်ပွ
    • ဟင်းခတ်မှုန့်အနေနဲ့ ဆား၊ ငရုတ်ကောင်းနဲ့ ပရဆေးရွက်ကနေ လုပ်ထားတဲ့ ဟင်းခတ်မှုန့်တွေကို အသုံးပြုလို့ ရပါတယ်။

    အဓိက ရှောင်ပေးဖို့ လိုအပ်တာတွေကတော့

    • သကြား၊ အချိုများတဲ့ အစားအစာတွေ ဖြစ်တဲ့ ဆိုဒါအအေး၊ သစ်သီးဖျော်ရည်၊ ကိတ်မုန့်၊ ရေခဲမုန့်၊ သကြားလုံး
    • ဂျုံအခြေပြု ထုတ်ထားတဲ့ အစားအစာတွေ (ဥပမာ – ပေါင်မုန့်) ၊ ထမင်းဖြူ၊ အီတလီ ခေါက်ဆွဲ (Pasta)၊ နွားနို့နဲ့ တွဲစားရတဲ့ Cereal မုန့်ကြွပ်
    • သစ်သီးများ (စတော်ဘယ်ရီသီးလို ဘယ်ရီသီး အမျိုးအစားတွေကိုတော့ ပမာဏ နည်းနည်း စားလို့ရပါတယ်)
    • ပဲစေ့၊ စားတော်ပဲ၊ ကုလားပဲ အစရှိတဲ့ ပဲအမျိုးမျိုး
    • အာလူး၊ ကန်စွန်းဥ၊ မုန်လာဥနီ
    • အဆီပါဝင်မှုနည်းတဲ့ Diet အစားအစာတွေ
    • ပြည့်ဝဆီများ
    • ဟင်းသီးဟင်းရွက်ဆီနဲ့ မရောနိစ်ကို ပမာဏ နည်းနည်းသာ စားလို့ ရပါတယ်
    • အရက် သို့မဟုတ် အရက် ပါဝင်နေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

    ကီတို Diet လုပ်ရင် ဘာအကျိုးကျေးဇူး ရနိုင်လဲ။

    လက်ရှိလေ့လာခဲ့သမျှ ရလဒ်တွေအရ ကီတို Diet သည် ကစီဓာတ် စားသုံးမှုကို ပမာဏ အများအပြား လျှော့ချလိုက်တာကြောင့် ကိုယ်အလေးချိန်ကို ကျစေပြီး အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ သကြားစားသုံးမှုကိုလည်း လုံးဝ ရပ်တန့်ထားလိုက်တာကြောင့် ဆီးချိုရောဂါရှိသူတွေနဲ့ ဆီးချို အစပျိုးနေသူတွေအတွက် အဆင်ပြေစေပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို ထိန်းညှိပေးလို့ နှလုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    တခြား ကောင်းကျိုးအနေနဲ့ ကင်ဆာရောဂါနဲ့ ကင်ဆာအကျိတ် ကြီးထွားမှုကို နှေးကွေးစေခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊ ရုတ်တရက် တက်ခြင်း၊ ပါကင်ဆန် ရောဂါ၊ မတော်တဆမှု တစ်ခုခုကြောင့် ဦးနှောက်ကို အပြင်းအထန် ထိခိုက်မိခြင်း၊ ဝက်ခြံလို အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်တယ်လို့ သိရပါတယ်။

    ကီတို Diet နဲ့ ပတ်သက်ပြီး အခုချိန်ထိ လေ့လာစမ်းသပ်မှုတွေကတော့ လုပ်နေဆဲပါပဲ။ ကိုယ့်အနေနဲ့ ကီတို Diet လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံး ပြသပြီးမှ ကိုယ့်အတွက် အဆင်ပြေမယ့် Diet plan အမျိုးအစားတွေ၊ စားသောက်ရမယ့်၊ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို အကြံဉာဏ်တောင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement