backup og meta

ကျန်းမာရေးနဲ့ဇင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့ဇင့်
    ခန္ဓာကိုယ်ကျန်းမာနေစေဖို့က အာဟာရပြည့်ဝမျှတဖို့လိုပါမယ်။ ဒီလိုမျိုး အာဟာရပြည့်ဝမျှတတယ်ဆိုတဲ့နေရာမှာလည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို မျှတအောင် စားသုံးမိဖို့လိုပါမယ်လိုမယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းပြီး အနာတွေကိုမြန်မြန်ကျက်စေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဇင့်ဓာတ် ပါဝင်အောင် စားသုံးပေးပါ။

    ခန္ဓာကိုယ်မှာ  ဇင့်ရဲ့  အခန်းကဏ္ဍ

    ဇင့်က ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုရရှိစေပြီး အဖျားတွေ၊ ရောဂါပိုးတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာပျော်ရွှင်နေဖို့ ဇင့်ဓာတ်က မဖြစ်မနေလိုအပ်နေတာပါ။ ခေါင်းအစခြေအဆုံး ကျန်းမာစေဖို့ နေ့စဉ် သတိထားစားသုံးပေးသင့်တဲ့ အစားအစာတစ်ရပ်ပေါ့။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အများစုက ဇင့်နဲ့ မကင်းပါဘူး။ အကြောင်းကတော့ ဇင့်သတ္တုဓာတ်က ကိုယ်တွင်းမှာ ရှိနေတဲ့ အင်ဇိုင်း အမျိုး ၁၀၀ လောက်ထွက်ရှိလာစေဖို့ အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကျောင်းနေအရွယ်ကလေးများစုက ဇင့်ဓာတ်ချို့တဲ့နေတာကို ရင်ဆိုင်နေရပါတယ်။ ဒီတစ်ခေါက်တော့ ဇင့်ဓာတ်က ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။

    ဇင့် ကပေးတဲ့ ကျန်းမာရေး

    ဇင့် သတ္တုဓာတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပြီး အနာကျက်စေတာအပြင် အခုလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ် တစ်ခုဆိုရင်လည်း မမှားပါဘူး။

    ကိုယ်ခံအားကောင်းစေတဲ့ ဇင့် 

    ဇင့်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ကိုယ်တွင်းကို ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။  ကင်ဆာဆဲလ်တွေကိုလည်း အကောင်းဆုံးတိုက်ထုတ်ပေးပြီး ကိုယ်ခံအားကို အကောင်းမွန်ဆုံးအနေအထားမှာရှိနေစေမှာပါ။ ခဏခဏဖျားနေပြီဆိုရင်တော့ ကိုယ်တွင်းမှာ ဇင့်ဓာတ်နည်းနေပြီလို့ အချက်ပြနေတာပါ။

    ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ နည်းစေတဲ့ ဇင့်

    ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက ကိုယ်တွင်းမှာ ဇင့်ဓာတ်လုံလောက်မှုအားနည်းနေပြီဆိုတာကို ဖော်ပြနေတာပါ။ တကယ်လို့ ဝမ်းပျက်နေမ်ယဆိုရင်လည်း မြန်မြန်သက်သာစေဖို့အတွက် ဇင့်ဆေးပြားသောက်ပေးလို့ရပါတယ်။ ဇင့်က လတ်တလောဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာစေနိုင်သလို နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    မှတ်ဉာဏ်နဲ့စူးစိုက်နိုင်စွမ်းကောင်းစေတဲ့ ဇင့်

    ဘေဘီလေးတွေရဲ့ သင်ယူနိုင်စွမ်းမြင့်မားစေဖို့ အကောင်းဆုံး အားဖြည့်ပေးသလို အရွယ်ရောက်ပြီးသူတွေအတွက်လည်း အာရုံစူးစိုက်မှုကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြော အကောင်းဆုံး ဖွံ့ဖြိုးကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုတွေထဲမှာ ဇင့်ပါဝင်အောင် စားသုံးပေးပါ။

    အအေးမိဖျားနာ သက်သာစေတဲ့ ဇင့်

    ဇင့် ကအဖျားတာတိုစေနိုင်သလို ဖျားနာမှုကင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖျားတော့မယ့် လက္ခဏာတွေပြနေပြီဆိုရင်တော့ ၂၄ နာရီအတွင်း ဇင့် ဆေးပြားကို သောက်ပေးပါ။

    အနာကျက်စေတဲ့ ဇင့် 

    အရေပြားကို ကျန်းမာစေနိုင်သလို အနာကျက်လည်းမြန်စေနိုင်ပါတယ်။ ခံတွင်းအနာတွေကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ သေးခံလောင်တာတွေအတွက်လည်း ဇင့်ပါတဲ့ လိမ်းဆေးကို သုံးပေးလို့ရပါတယ်။ အနာတွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပြီး အချိန်တိုအတွင်းမှာ အနာကျက်စေနိုင်မှာပါ။ ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။

    အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတဲ့ ဇင့်

    အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ယိုယွင်းလာပါတယ်။ အသက်ရလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ဝင်ရောက်လာနိုင်ခြေက် ပုံမျန်ထက်ပိုများလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ ကာကွယ်ဖို့ဆိုရင် ဇင့်ဓာတ်ပြည့်ဝနေအောင် စားသုံးပေးပါ။ ဒါမှ ကိုယ်ခံအားကောင်းပြီး ခန္ဓာကိုယ်ကျန်းမာလို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေ ကျဆင်းစေမှာပါ။

    အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးတဲ့ ဇင့် 

    ဇင့်က အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အထိ မျက်လုံးကောင်းကောင်းနဲ့ ကြည့်ချင်တာတွေကို ကြည့်နိုင်ဖို့ဆိုရင် အခုကစလို့ ဇင့် ကို ပုံမှန်မှီဝဲပေးပါ။

    ဒါတွေတင်လားဆိုတော့ ဇင့် သတ္တုဓာတ်က

  • အရိုးပွတာ၊
  • အရိုးပါးတာ၊
  • အာရုံစူးစိုက်နိုင်စွမ်းနည်းတာ၊
  • အဆုတ်ရောင်နာဖြစ်တာနဲ့
  • အရေပြားပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement