backup og meta

ကီတိုဒိုင်းယက် စားသင့်မစားသင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကီတိုဒိုင်းယက် စားသင့်မစားသင့်
    facebook twitter တို့လို social media ကို ကြည့်ကြည့် မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာပဲကြည့်ကြည့် ဒီနေ့ခေတ်မှာ ကီတို ဒိုင်းယက် keto diet ဆိုတဲ့စကားတစ်ခုက အင်မတန် ပေါ်ပြူလာဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ keto diet နဲ့ ပတ်သက်လို့ စားသင့်မစားသင့် အငြင်းအခုံတွေလဲ အများကြီးရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကီတိုဒိုင်းယက်ကို သိပ္ပံရှုဒေါင့်ကနေ လက်တွေ့ကျကျချဉ်းကပ်ထားတာကို ဖော်ပြပါ့မယ်။

    ကီတိုဆိုတာ

    ကီတိုဒိုင်းယက်ဟာ စားသောက်မှုပုံစံပေါင်းမြောက်မြားစွာရှိတဲ့အထဲကနေမှ အင်မတန်ထူးခြားပါတယ်။ အလွန်မြင့်မားစွာ ပါ၀င်နေတဲ့ အဆီဓာတ်နဲ့ မပါသလောက်ဖြစ်တဲ့ ကစီဓာတ်တွေကြောင့်ပါပဲ။ ကီတိုဒိုင်းယက်ရဲ့အခြေခံဖြစ်တဲ့ ketogenesis လို့ခေါ်တဲ့ ကီတိုဇီ၀ရုပ်ဖြစ်ပျက်ခြင်း ဟာ တကယ်တော့ အယူအဆ တွေ့ရှိမှုအသစ်တစ်ခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကနေ သကြားဓာတ်လို့ခေါ်တဲ့ ဂလူးကို့စ်ဓာတ် သုံးစရာမရှိတဲ့ အခြေအနေမှာ ဖြစ်နေကျ ဇီ၀ရုပ်ဖြစ်ပျက်မှူတစ်ခုသာဖြစ်ပါတယ်။ စွမ်းအင်အတွက် သုံးစရာအချိုဓာတ်မရှိတဲ့ အခါ ခန္ဓာကိုယ်က အဆီကိုစတင်ချေဖျက်ပြီး ကီတုန်းအဖြစ်ပြောင်းလဲကာ စွမ်းအင်အဖြစ်သုံးစွဲပါတယ်။ ပုံမှန်အားဖြင့်လည်း အသည်းက ကီတုန်းဓာတ်ကိုထုတ်လုပ်ပါတယ်။ ဒါပေမယ့် စားသောက်တဲ့ အချိူဓာတ်နဲ့ အသားဓာတ်အနည်းအများအပေါ်မူတည်ပြီး လိုသလို ချိန်ညှိထုတ်ပါတယ်။ ကဆီဓာတ်ကို မစားဘဲနေတဲ့အခါ ခန္ဓာကိုယ်ဟာ ketosis လို့ခေါ်တဲ့ ကီတုန်းဖြစ်စဉ်အခြေအနေမှာပဲနေပါတော့တယ်။ ကီတိုဒိုင်းယက်စားသောက်မှုပုံစံဟာ ဒီလိုနည်းနဲ့ဖြစ်ပေါ်စေတာပါ။

    ကောင်းကျိုးတွေ

    ကိုယ်အလေးချိန်သိသိသာသာကျဆင်းခြင်း 
    ကယ်လိုရီစားသုံးမှုထက် လောင်ကျွမ်းမှုဟာ ကီတိုဒိုင်းယက်မှာ ပိုများလာတဲ့အလျောက် ခန္ဓာကိုယ်က အဆီတွေလဲ သိသိသာသာကျဆင်းပြီး ကိုယ်ရည်စစ်စေပါတယ်။ ဒါဟာ ကီတိုဒိုင်းယက်ကို လူအများစိတ်ဝင်စားပြီး စားသုံးစေတဲ့ အဓိက အကြောင်းအရင်းထဲက တစ်ချက်ဖြစ်ပါတယ်။
    အတက်ရောဂါကို သက်သာစေတယ် 
    ကီတိုဒိုင်းယက်ကို စတင်သုံးစွဲခဲ့တာက အတက်ရောဂါသည်တွေကို ကုသဖို့ဖြစ်ပါတယ်။ ဆေးပညာရှင်တွေဟာ အတက်ရောဂါကို ကုဖို့ ကီတိုဒိုင်းယက်ကို နှစ်ပေါင်းများစွာကြာအောင် သုံးစွဲခဲ့ပြီး ယနေ့အချိန်အထိလည်း အောင်မြင်အကျိူးများနေဆဲ ကုထုံးတစ်ခုဖြစ်ပါတယ်။
     အမျိူးအစား -၂ ဆီးချိုသွေးချိုရောဂါကို သက်သာစေတယ်  
    ရှင်းရှင်းလေးပါပဲ။ ဆီးချိုရဲ့ အဓိက ရန်သူဖြစ်တဲ့ ကစီဓာတ်ကိုလျှော့ချလိုက်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ အချိုဓာတ်ကျဆင်းလာစေပါတယ်။
    ကင်ဆာရောဂါ 
    ကင်ဆာရောဂါဟာ ကီတိုဒိုင်းယက်အပေါ်အခြေခံပြီး သုတေသနတွေအများကြီးလုပ်ဆောင်နေပါတယ်။ တွေ့ရှိမှုတွေအရ ကင်ဆာဆဲလ်တွေဟာ ဂလူးကို့စ်လို့ခေါ်တဲ့ အချိုဓာတ်ကို ပုံမှန်ဆဲလ်တွေထက် အဆနှစ်ရာ ပိုဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေကို အချိူဓာတ်မပေးးဘဲထားလိုက်ရင် ကင်ဆာဆဲလ်ဖြစ်ပွားနှုန်းကို သိသိသာသာလျော့ကျစေတယ်ဆိုပါတယ်။

    ဖြစ်နိုင်တဲ့ဆိုးကျိုးတွေ

    ကျောက်ကပ်ကျောက်တည်နိုင်ဖို့ အခွင့်အလမ်းပိုများခြင်း 
    အရိုးပွနိုင်ခြေများခြင်း၊ သွေးတွင်းယူရစ်အက်ဆစ်ဓာတ်များနိုင်ခြင်း အာဟာရဓာတ်ချို့တဲ့မှုများ ကီတိုစားသုံးမှုပုံစံဟာ  တချို့သောသစ်သီးတွေနဲ့ ကစီဓာတ်ပါတဲ့ အစာအုပ်စုတစ်စုလုံးကို ပယ်လိုက်တာဖြစ်တဲ့အတွက် အာဟာရချို့တဲ့ခြင်းဆိုင်ရာပြဿနာတွေကို တွေ့ကြုံရနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B ဓာတ်၊ သတ္ထုဓာတ်တွေချို့တဲ့လာနိုင်ပါတယ်။ ကီတိုတုပ်ကွေး ပုံမှန်စားနေကျ အစားအသောက်ပုံစံကနေ ကီတိုစားသောက်မှုပုံစံကို စပြောင်းခါစမှာ ကီတိုတုပ်ကွေးလို့ခေါ်တဲ့ လက္ခဏာစုကို ခံစားရနိုင်ပါတယ်။ ဆာလောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ခံစားရနိုင်ပါတယ်။
    အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာများ
    ကစီဓာတ်နဲ့ များစွာသော သစ်သီးတွေကို မစားရတဲ့အတွက် အမျှင်ဓာတ်နည်းပါးပြီး နောက်ဆက်တွဲအနေနဲ့ ဝမ်းချုပ်ခြင်းကိုခံစားရနိုင်ပါတယ်။
     ရေရှည်တည်တံ့ရန်ခက်ခြင်း 
    အဆီတွေအများကြီးပါ၀င်ပေမယ့် သစ်သီးလို၊ ရေခဲမုန့်လို၊ ထမင်း၊ အာလူး၊ ဂျုံလိုအစားအသောက်တွေကိုလုံးလုံးရှောင်ရပြီး အကန့်အသတ်နဲ့သာ စားသောက်ရတယ်ဆိုတဲ့အဖြစ်ဟာ ရေရှည်အတွက်တော့ စိတ်ကျေနပ်စရာကောင်းမယ်မထင်ပါဘူး။ဒါကြောင့် ကီတိုဟာ လူအများစုအတွက်တော့ ရေတိုလမ်းတစ်ခုသာဖြစ်နေဆဲပါပဲ။
     နိဂုံးချုပ်အနေနဲ့သုံးသပ်ရရင် ကီတိုစားသောက်မှုပုံစံစားသောက်ခြင်းနဲ့ လူတစ်ယောက်ဟာ ခဏတာတော့ အဆီကျလှပနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်သာဆက်စားမယ်ဆိုရင် ကျန်းမာရေးဆိုးကျိုးအနေနဲ့ ဘာတွေထပ်ပြီး ထိခိုက်လာနိုင်တယ်ဆိုတာ လေ့လာမှုတွေအများကြီးတော့မရှိသေးပါဘူး။ အစာအုပ်စုတစ်ခုလုံးကိုဖြုတ်ပစ်ခြင်းအပြင် တချို့သောအစားတွေကိုသာ အကန့်အသတ်နဲ့ ရွေးချယ်စားသုံးရတဲ့အတွက် အာဟာရချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် ကီတိုစားသုံးမှုပုံစံကို ကျင့်သုံးတော့မယ်ဆိုရင် အာဟာရဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးတာပိုကောင်းပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement