Defrosting လို့ခေါ်တဲ့ အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°C အတွင်း အခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်း မီးဖိုချောင်ထဲမှာ ထားလိုက်တဲအခါ မိနစ် ၂၀ အတွင်း ဘက်တီးရီးယားပေါက်ပွားမှု အဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။ ဒ့ါကြောင့် အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့ အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲ ရေခဲရေနဲ့ အသားကြားထဲက ရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲ ထည့်ပြီး ခဲနေတာကို အရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသား အသားတွေကို အေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။
ချက်ပြီးသား ပူနွေးနွေးဟင်းတွေကို ရေခဲသေတ္တာထဲ မသိမ်းခင် အပြင်မှာ အအေးအရင်ခံလိုက်တဲ့အခါ။
ချက်ပြီးသား ဟင်းတွေကို အခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°C အပူချိန်မှာဆို ဘက်တီးရီ်းယားတွေ အလျင်အမြန်ပေါက်နိုင်တယ်မလား။ ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကို ရေခဲ့သေတ္တာထဲ မထည့်ခင် အပြင်မှာ နာရီဝက် တစ်နာရီလောက်ပဲ ထားသင့်ပါတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။
မကျက်တကျက် အစားအစာတွေ ဟင်းထဲ ပါလာတဲ့အခါ ။။
မကျက်တကျက် ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေ အသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ေသွးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့ အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့် အသားတွေ အားလုံးကို ကျက်အောင် ချက်ဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။