backup og meta

ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ


Eaindray Kha မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

    ကမ္ဘာတစ်ဝန်းမှာ ကျောက်ကပ်ရောဂါခံစားရတဲ့သူ (၁၀%)လောက် ရှိနေပါတယ်။ ကျောက်ကပ်က သေးတယ်ဆိုပေမယ့် သူထမ်းဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကတော့ များပါတယ်။ အဆိပ်အတောက်တွေ စစ်ထုတ်ပေးခြင်း၊ ဟော်မုန်းများ ထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရည် ပမာဏတွေကို ထိန်းညှိပေးရခြင်း၊ ဆီးစစ်ထုတ်ပေးရခြင်း စတဲ့တာဝန်တွေ လုပ်ဆောင်ပါတယ်။ ဆီးချိုရှိခြင်းနဲ့ သွေးဖိအားများခြင်းတွေဟာ ကျောက်ကပ်ပျက်စီး ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကြောင့်လည်း ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သွေးဖိအား အတက်အကျနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားဘူးဆိုရင်တော့ ကျောက်ကပ်ထဲမှာ သွေးကြောပျက်စီးခြင်းတွေဖြစ်ပြီး အမြင်အာရုံနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်ကို လျှော့ကျစေပါတယ်။ကျောက်ကပ်က ပုံမှန်အလုပ်မလုပ်ဘူးဆိုရင် စွန့်ပစ်ပစ္စည်းတွေ သွေးထဲမှာ ကျန်ရှိနေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ပြဿနာတွေ ကင်းဝေးနေစေဖို့အတွက် စားသုံးပေးရမယ့် အစားအစာတွေ ရှိပါတယ်။

    ပန်းဂေါ်ဖီ

    ပန်းဂေါ်ဖီမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ အဲဒါတွေကတော့ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘီနဲ့ ဖောလိတ်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီမှာ အမျှင်ဓာတ်တွေလည်း အများကြီး ပါဝင်ပါသေးတယ်။ ဒီအာဟာရဓာတ်တွေဟာ ကျောက်ကပ်ကို ကာကွယ်ပေးပြီး ရောဂါမဖြစ်အောင် တားဆီးပေးပါတယ်။ ပန်းဂေါ်ဖီမှာ ဆိုဒီယမ်နည်းနည်းပဲ ပါဝင်တာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။

    ဘယ်ရီသီး

    ဘယ်ရီသီးမှာ အာဟာရတွေများစွာ ပါဝင်ပြီး အဓိကကတော့ ဓာတ်တိုးဆန့်ကျင်မှုတွေ များများ ပါဝင်တာပါ။ ဘယ်ရီသီးမှာ နှလုံးရောဂါ၊ ကင်ဆာတချို့နဲ့ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ anthocyanins လိုမျိုး ဓာတ်တိုးဆန့်ကျင်မှုတွေ အများကြီးပါဝင်ပါတယ်။ ဒီအစားအစာက ကျောက်ကပ်အတွက် အထူးကောင်းမွန်တဲ့ အစားအစာပါပဲ။

    ကြက်ဥအကာ

    ကြက်ဥအနှစ်မှာ အာဟာရဓာတ်များစွာ ပါဝင်တဲ့အပြင် ဖော့စဖော့ရပ်လည်း များများ ပါဝင်ပါတယ်။ တကယ်တော့ ကျောက်ကပ်သမားတွေဟာ ဖော့စဖော့ရပ် ပမာဏကို လျှော့စားပေးဖို့ လိုပါတယ်။ ဒါကြောင့် အနှစ်ထက် အကာကို ပိုစားသင့်ပါတယ်။ ကြက်ဥအကာဟာ ကျောက်ကပ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။

    ကြက်သွန်ဖြူ

    ကျောက်ကပ်ပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ဆိုဒီယမ် ပမာဏ(ဆား)ကို လျှော့စားရပါမယ်။ ကြက်သွန်ဖြူဟာ ဆားအရသာကို ပေးနိုင်ပြီး ဆိုဒီယမ်တော့ နည်းပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ ဗီတာမင်စီလည်း ပါဝင်သေးတာမို့ ကျောက်ကပ်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

    ငါး

    ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေချင်တယ်ဆိုရင်တော့ ဆိုဒီယမ်နည်းတဲ့ အစားအစာတွေကို စားပေးရပါမယ်။ omega 3 fatty acid ပါဝင်တဲ့ ငါးတွေမှာ ဆိုဒီယမ် ပါဝင်မှု နည်းပါတယ်။ နှလုံးရောဂါကို တိုက်ထုတ်နိုင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေတာကြောင့် ကျောက်ကပ်ထိခိုက်မှုတွေ မဖြစ်စေပါဘူး။ ဒါကြောင့် ငါးများများ စားပေးပါ။

    ရေ

    ကျောက်ကပ်ပြဿနာရှိတဲ့သူတွေဟာ ရေများများသောက်ပေးဖို့လိုတယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ သန့်ရှင်းတဲ့ရေဟာ ကျောက်ကပ်ရဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပြီး အကြွင်းအကျန်မရှိ စစ်ထုတ်ပေးနိုင်ပါတယ်။

    ဘာကြောင့် ဆိုဒီယမ်၊ ဖော့စဖော့ရပ်နဲ့ ပိုတက်စီယမ်နည်းတာကို စားသင့်တာလဲ

    ဆိုဒီယမ်

    ဆိုဒီယမ်ကို အဓိကတွေ့ရတာကတော့ ဆားပါ။ ပျက်စီးနေတဲ့ကျောက်ကပ်ဟာ ပိုလျံနေတဲ့ ဆိုဒီယမ် ပမာဏကို မစစ်ထုတ်နိုင်ပါဘူး။ ဒီလိုဆိုရင် သွေးထဲမှာ ဆိုဒီယမ်တွေ များလာပြီး ကျန်းမာရေးမကောင်းတာတွေ ကြုံရနိုင်ပါတယ်။ တစ်နေ့ကို ဆိုဒီယမ် ပမာဏ (၂၀၀၀) မီလီဂရမ်ထက် ပိုပြီးမစားသင့်ပါဘူး။

    ပိုတက်စီယမ်

    သွေးဖိအားမြင့်တက်တာက ကျောက်ကပ်ပျက်စီးမှုကို ဦးတည်စေပါတယ်။ ပိုတက်စီယမ်များတဲ့ အစားအစာတွေကို အလွန်အကျွံစားမယ်ဆိုရင်တော့ ကျောက်ကပ်ထိနိုင်ပါတယ်။

    ဖော့စဖော့ရပ်

    အစားအစာတော်တော်များများမှာ သတ္တုဓာတ်တစ်မျိုးအဖြစ်ပါဝင်တဲ့ ဖော့စဖော့ရပ်တွေ ပိုလျံနေမယ်ဆိုရင်ကျောက်ကပ်က မစစ်ထုတ်နိုင်ပါဘူး။ ဒီလို များပြားတဲ့ပမာဏဟာ ခန္ဓာကိုယ် ကျန်းမာရေးကောင်းမွန်နေမှုကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့်ကျောက်ကပ်ကောင်းမွန်စေချင်တယ်ဆိုရင် ဆိုဒီယမ်၊ ဖော့စဖော့ရပ်၊ ပိုတက်စီယမ် များတဲ့ အစားအစာတွေကို ရှောင်ဖို့လိုအပ်ပြီး အပေါ်မှာဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပေးပါနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement