backup og meta

တို့စရာ အဖြစ်စားကြတဲ့ ဗြုံးမွေးက ဘယ်လိုဆေးဖက်ဝင်နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တို့စရာ အဖြစ်စားကြတဲ့ ဗြုံးမွေးက ဘယ်လိုဆေးဖက်ဝင်နေတာလဲ

    အိမ်မှာ အတို့အမြှုပ်အဖြစ်နဲ့ စားသုံးလေ့ရှိကြတဲ့ ဗြုံးမွေးပင်ဟာ အိန္ဒိယ၊ ဩစတြေးလျား၊ ဥရောပ၊ အာဖရိက၊ အာရှနဲ့ မြောက် အမေရိက၊ တောင်အမေရိကတို့မှာ ပေါက်ရောက်လေ့ရှိတဲ့အပင်ဖြစ်ပါတယ်။ ဗြုံးမွှေးကိုလွန်ခဲ့တဲ့ရာစုနှစ်တွေကတည်းကဆေးဖက်ဝင် အပင်အဖြစ်သုံးခဲ့ကြတာဖြစ်ပြီး မှတ်ဉာဏ်ကောင်းစေတဲ့ေဆးဖက်ဝင်အပင်အဖြစ် လူသိများပါတယ်။

    (၁) မှတ်ဉာဏ်ကောင်းစေခြင်း

    ဗြုံးမွေးကိုမှတ်ဉာဏ်အတွက် အားပေးတဲ့ဆေးဖက်ဝင်အပင်အဖြစ် သိကြပါတယ်။ အသက် ၄၀ ကနေ ၆၅ နှစ်အတွင်းရှိသူ ၇၆ ဦးကို စမ်းသပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ဗြုံးမွေးဟာလောလောလတ်လတ် သိရှိထားတဲ့အကြောင်း အရာတွေကို မေ့လျော့မှုနှုန်းကိုလျော့နည်းစေဖို့  အထောက်အကူပေးတယ်လို့ သိရပါတယ်။

    (၂) စိတ်ဖိစီးမှုနဲ့ပူပန်စိတ်ကိုလျော့နည်းစေနိုင်ခြင်း

    ဗြုံးမွေးကပြင်းထန် တဲ့ကျန်း မာရေးပြဿနာတွေဖြစ်လာစေတတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ် ပူပန်စိတ်တွေကိုလျော့ကျစေနိုင်တယ်လို့လည်း သိကြပါတယ်။ ဗြုံးမွေးက စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး အာရုံထွေပြားမှုတွေနဲ့ ဂနာမငြိမ်ဖြစ်မှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။

    (၃) စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ အစာချေဖျက်မှြုပဿနာတွေကို ကုသနိုင်ခြင်း

    ၎င်းက အယ်လ်ဇိုင်းမားရောဂါ၊ အာရုံမစူးစိုက်နိုင်တဲ့ရောဂါနဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသရာမှာ အထောက်အကူပေးပါတယ်။ ဗြုံးမွေးက ဦးနှောက်ထဲ မှာရှိတဲ့ gammaami-nobutyric acid (GABA)နဲ့ glu-tamate ဓါတ်တွေကိုထိန်းညှိပေးပြီး ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတယ်လို့ လေ့လာမှုတွေကဖော်ပြခဲ့ပါတယ်။ အိပ်မပျော်တဲ့ဝေဒနာကိုလည်း သက်သာစေတယ်လို့ဆိုပါတယ်။

    ဗြုံးမွေးက ဝက်ရူးပြန်ရောဂါကြောင့်တက်ခြင်းကိုလည်း သက်သာစေနိုင်သလို အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တဲ့ရောဂါ (IBS) ကို ကုသရာမှာလည်း အထောက်အကူပေးနိုင်တယ်လို့ဆိုပါတယ်။

    ဗြုံးမွေးအဆီရဲ့အကျိုးကျေးဇူး

    (၄) ဆံပင်ကျွတ်ခြင်းသက်သာစေ

    ဗြုံးမွေးအဆီဟာဆံပင်ကျွတ်ခြင်းအတွက်အထိရောက်ဆုံး အိမ်သုံးဆေးနည်းတွေထဲကတစ် ခုဖြစ်ပါတယ်။ သူ့မှာ kinase ပရိုတင်းရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင် ပေးနိုင်တဲ့ alkaloids တွေပါဝင်ပါတယ်။ သည်အဆီကိုဆံသား ပေါ်တိုက်ရိုက်လိမ်းတာ သို့မဟုတ်ရေနွေးငွေ့နဲ့ ပေါင်းတင်ချိန်မှာလိမ်း ပြီး နှိပ်နယ်ပေးတာစတဲ့နည်းတွေနဲ့ သုံးနိုင်ပါတယ်။

    ဗြုံးမွေးအဆီကိုဆံပင်မှာလိမ်းခြင်းဖြင့်ရရှိနိုင်တဲ့အကျိုး ကျေးဇူးတွေကတော့ –

    • ဆံပင်ကျွတ်သက်သာစေနိုင်ပြီး ဆံပင်ပေါက်နှုန်းမြန်ဆန်စေနိုင်တယ်

    • ဦးရေပြားကိုအေးစေပြီး ယားယံခြင်းကင်းစေနိုင်တယ်

    • ဗောက်ပျောက်စေနိုင်တယ်။

    (၅) နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်

    ဗြုံးမွေးအဆီကို ဦးရေပြားမှာ နှိပ်လိမ်းပေးပါ။ ရေမချိုးမီ ချိုးမယ့်ရေထဲ ထည့်ပြီးလည်း သုံးနိုင်ပါတယ်။ ကြက်သီးနွေးရေထဲမှာ ၎င်းအဆီ တစ်စက်နှစ်စက်ကိုထည့်ချိုးပါ။ သည်နည်းတွေကိုလုပ်ဆောင်ရင် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

    (၆) အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကို လျော့စေနိုင်

    ဗြုံးမွေးအဆီမှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိ ပါတယ်။ အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ခါးနာတာ၊ ကြွက်သား နာကျင်တာ၊ ခေါင်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဧရိယာတစ်ဝိုက်မှာ ဗြုံးမွေးအဆီကိုနှိပ်လိမ်း ပေးခြင်းဖြင့် ဒဏ်ကြေဆေးလိုပဲနာကျင်မှုကိုခဏတာသက်သာ လျော့ပါးစေနိုင်ပါတယ်။

    တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ပေါင်းစပ်သုံးရင်

    • ဗြုံးမွေးက အစာစားချင်စိတ်ကိုနည်းစေနိုင်တာကြောင့် ချင်း၊ဖာလာစေ့တို့လို အစာချေဖျက်မှုကို အားပေးတဲ့ပစ္စည်းတွေနဲတွဲဖက် သင့်ပါတယ်။

    • အပူကန်တာကြောင့်ဖြစ်တဲ့အရေပြားပြဿနာတွေအတွက်ဆို ဗြုံးမွှေးကို နနွင်းနဲ့တွဲဖက်အသုံးပြုသင့်ပါတယ်။

    • ၎င်းကို စမုန်နက်၊ ဇီရာ တို့နဲ့ ပေါင်းစပ်ရင် အူအတွက် ကောင်းတယ်လို့ သိရပါတယ်။

    အသုံးဝင်တဲ့နည်းတချို့

    • ဗြုံးမွေးဟာ ကလေးမရတာ၊ ဝက်ရူးပြန်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာသုံးတဲ့ Sarasvataristha တင်ချာဆေးရည်အတွင်းအရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။

    • ဆေးဝါးအဖြစ်ဖော်စပ်ထားတဲ့ အဆီအဖြစ်ဆိုရင်အဆစ်အမြစ် နာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေအပြင် စိတ်ကိုရှင်းလင်းစေဖို့အထောက်အကူပေးပါတယ်။

    • ဗြုံးမွေးအဆီကိုလည်ပင်းမှာလိမ်းရင် ချောင်းဆိုးဝေဒနာနဲ့အဆုတ်ရောင်ရောဂါအတွက် အရမ်းအသုံးဝင်ပြီး (အထူးသဖြင့်ကလေးတွေမှာ)သေးခံလောင်တာ၊ ပွန်းတာသက်သာစေပါတယ်။

    • ဗြုံးမွေးအရွက်ကို ကြိတ်တဲ့အရည်တိုက်ရင် ကလေးတွေမှာ ဝမ်းသွားတာကိုသက်သာစေပါတယ်။

    • စိတ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာတို့ကုသရာမှာ ဗြုံးမွေးအဆီကို နှမ်းဆီ သို့မဟုတ် အုန်းဆီနဲ့ရောပြီး ခြေဖဝါး၊ အရိုးအဆစ်တွေနဲ့ နားရွက်တို့ကို အိပ်ရာမဝင်ခင်လိမ်းပေးနိုင်ပါတယ်။

    သတိထားရမယ့်အချက်များ

    • ကိုယ်ဝန်ဆောင် သို့မဟုတ် ကလေးနို့တိုက်ကျွေးနေဆဲဖြစ်ရင် ဗြုံးမွေးဓါတ်စာက ဘေးကင်း မကင်းကို ခိုင်မာတဲ့အထောက်အထား ဖော်ပြချက်မရှိသေးတာကြောင့် ဆေးဝါးအဖြစ်မသုံးတာကောင်းပါ တယ်။

    • နှလုံးခုန်နှုန်းကို နှေးစေနိုင်တာကြောင့် သည်အချက်ရှိနှင့်ပြီး သူ တွေသတိထားသင့်ပါတယ်။

    • ဗြုံးမွေးကအစာအိမ်နဲ့ အူတွေထဲမှာ စွန့်ထုတ်မှုတွေတိုးစေနိုင် တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာရှိသူတွေအနေနဲ့ သတိထားသင့်ပါတယ်။

    • အဆုတ်အတွင်း အရည်စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့် ပန်းနာရင်ကျပ်လို အဆုတ်နဲ့ဆိုင်တဲ့ရောဂါရှိသူတွေသတိထားသုံး စွဲသင့်ပါတယ်။

    • သိုင်းရွိုက်ဟော်မုန်းပမာဏကို တိုးစေနိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းဆေးတွေ သောက်သုံးနေရတဲ့သူတွေ၊ ၎င်းရောဂါရှိသူတွေ သတိထားသုံးစွဲသင့် သို့မဟုတ် ရှောင်ရှားသင့်ပါတယ်။

    • ဆီးလမ်းကြောင်းအတွင်း စွန့်ထုတ်မှုကိုတိုးစေနိုင်တာကြောင့်  ဆီးလမ်းကြောင်းပိတ်ဆို့မှုရောဂါရှိသူတွေအခြေအနေပိုဆိုးစေနိုင်ပါ တယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement