backup og meta

ဆီးချိုကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်

    ဈေးမှာလွယ်လွယ်ဝယ်လို့ရပြီး စားလို့ကောင်းတဲ့ ကင်းပုံသီးကို သိပ်စိမ်းကြမယ်မထင်ပါဘူးနော်။ ကင်းပုံသီးကြော်က ထမင်းစားမြိန်စေတဲ့ အရံဟင်းလေးတစ်ခွက်ပါ။ ဟိုအရင်ကဆိုခြံစည်းရိုးတွေမှာ အလေ့ကျပေါက်တဲ့ နွယ်ပင်လေးတွေပေါ့။ ဒီလိုနွယ်တက်နေတဲ့ ကင်းပုံညွန့်လေးတွေကိုလည်းပြုတ်တို့လို့ရ၊ကြော်ချက် သို့မဟုတ် ဟင်းချိုချက်သောက်လို့ရတယ်ဆိုတာရော သိကြပါသလား။

    အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ အသီးနဲ့အရွက်ဖြစ်ပြီး ကင်းပုံပင်က ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်စေတယ်၊သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်၊ ဆီးချိုကာကွယ်တယ်၊ နှလုံးနဲ့ အာရုံကြောစနစ်အတွက်ကောင်းတယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။လေ့လာမှုတချို့အရဆိုကျောက်ကပ်ကျောက်တောင်ကြေစေနိုင်ပါတယ်တဲ့။

    ဘယ်လိုဆေးဖက်ဝင်တာလဲ

    သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ်

    ရှေးခေတ်ဆေးပညာမှာ ကင်းပုံကိုဆီးချိုရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ကင်းပုံပင်ရဲ့ ရိုးတံနဲ့အရွက်ကိုကြော်ချက်တာ ဒါမှမဟုတ် ဟင်းချိုခတ်သောက်တာဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် စားပေးခြင်းအားဖြင့် ဆီးချိုအတက်အကျ ထိန်းနိုင်စေပါတယ်တဲ့။

    အဝလွန်မဖြစ်အောင် ကာကွယ်ပေးတယ်

    ကင်းပုံသီးက အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ သုတေသနကဖော်ပြထားပါတယ်။ သူက အဆီဆဲလ်မဖြစ်ခင်အခြေအနေမှာ ကြိုတင်တားဆီးပေးတာဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုနှုန်းပိုမြန်စေပြီးသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပါတယ်။

    မောပန်းနုံးချိခြင်း

    သံဓါတ်ဟာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်ဓါတ်တစ်မျိုးပါ။ ကင်းပုံသီးမှာ သံဓါတ် ၁.၄ မီလီဂရမ်ပါဝင်လို့သွေးအားနည်းခြင်း၊မောပန်းနုံးချိခြင်းတွေကိုပြေပျောက်စေပါလိမ့်မယ်။ သံဓါတ်အားနည်းရင် ဖြစ်တတ်တဲ့ သွေးအားနည်းတာ အပါအဝင် တခြားလက္ခဏာတွေကိုပါ သက်သာစေတယ်လို့သိရပါတယ်။

    အာရုံကြောကောင်းစေတယ်

    ဖရဲသီးလိုပဲ ကင်းပုံသီးမှာလည်းB2လိုမျိုး ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေပါဝင်ပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို ပိုကောင်းမွန်စေနိုင်တဲ့ သတ္တုဓါတ်တွေ၊ အာဟာရဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တယ်။ အတက်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေတယ်

    Thiamine က ကာဗိုဟိုက်ဒရိတ်တွေကို ဂလူးကို့စ်အဖြစ်ပြောင်းလဲပေးတယ်၊ ခန္ဓါကိုယ်ရဲ့ခွန်အားကိုဖြည့်တင်းပေးပြီး ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ Thiamine က သွေးကလာပ်စည်းတွေထဲကို ဝင်ရောက်ပြီး ခွန်အားပိုဖြစ်ပေါ်စေတာပါ။ ဒီဓါတ်ကြောင့်ပဲသွေးနီဥဆဲလ်တွေကိုလည်း ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇဆိုင်ရာရောဂါများကိုလည်း ကုသပေးနိုင်ပါတယ်။

    အစာခြေစနစ်ကို ကောင်းမွန်စေတယ်

    ကင်းပုံသီးက အစာခြေစနစ်ကို အမျှင်ဓါတ်နဲ့အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်း၊ အနာဖြစ်ခြင်းတို့လို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။

    ကျောက်ကပ် ကျောက်မတည်အောင်ကာကွယ်ပေးတယ်

    ကျောက်တည်တယ်ဆိုတာ ကယ်လ်စီယမ်နဲ့တခြားသတ္တုဓါတ်တွေက ဆီးလမ်းကြောင်းအတွင်း အနည်ထိုင်စုပြီး အခဲပုံစံဖြစ်သွားတာပါ။ ထိုက်သင့်တဲ့ပမာဏထက်ကျော်ပြီး အငန်စားတာများရင်ကျောက်ကပ်ကျောက်တည်နိုင်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး ဟင်းနုနွယ်လိုတခြားဟင်းသီးဟင်းရွက်တွေနဲ့တွဲစားရင်ကျောက်ကပ်ကျောက်ကိုကြေစေနိုင်ပါတယ်။

    ဓါတ်မတည့်မှုတွေ မဖြစ်စေဘူး

    ကင်းပုံကsaponin၊ alkaloids၊ steroids၊ flavonoids နဲ့ glycosides တို့ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ဓါတ်မတည့်မှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကင်ဆာကာကွယ်တယ်

    ကင်းပုံသီးရဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝမှုကြောင့် ကင်ဆာကိုကာကွယ်နိုင်ပါတယ်။ ဒီဓါတ်တွေက အကျိတ်ဆဲလ်တွေကြီးထွားမှုကို နှိမ်နင်းနိုင်ပြီး ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကို တားဆီးနိုင်ပါတယ်။

    နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

    ကင်းပုံသီးမှာ ပိုတက်စီယမ်လည်းကြွယ်ဝပါတယ်။ ပိုတက်စီယမ်ကသွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်၊ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဒါပေမယ့်ဆေးဖက်ဝင်တယ်ဆိုတိုင်း စွတ်မစားကြဖို့တော့လိုပါမယ်နော်။ ထိုက်သင့်သလောက်ကို မကြာမကြာထည့်စားလို့ရပေမယ့် ပမာဏအများကြီးကို ဆက်တိုက်စားရင် ဝမ်းပျက်၊ဗိုက်နာရနိုင်ပါတယ်။ ဘယ်အစားအစာမဆို တန်ရင်ဆေး၊ လွန်ရင်ဘေးဖြစ်တယ်လို့ သတိရကြဖို့ အကြံပြုလိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement