လက်ဖက်သုပ်လေးစားကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 16, 2020
Share now

မိုးအေးအေးမှာ လက်ဖက်သုပ်လေး စားရင်း ရေနွေးကြမ်းလေးသောက်ရရင်ဖြင့် တော်တော်လေး အရသာရှိမှာပဲနော်။ မြန်မာလူမျိုး အများစုက လက်ဖက်သုပ်စားရတာကို နှစ်သက်ကြပါတယ်။ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာပဲဖြစ်ဖြစ် မိသားစုတွေ စုစုဝေးဝေးနဲ့ စကားဝိုင်း ထိုင်ပြောရင်းဖြစ်ဖြစ် တီဗွီကြည့်ရင်းဖြစ်ဖြစ် လက်ဖက်သုပ်စားကြသလို သူငယ်ချင်းတွေ ဆုံမိတဲ့အခါ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ စုမိကြရင် လက်ဖက်လေးစားရင်း စကားပြောကြတာများပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း က ဆေးဖက်ဝင်တယ်၊ရေနွေးကြမ်းကဘယ်လိုဆေးဖက်ဝင်တယ်လို့ပြောကြပေမယ့် ကိုယ်တွေနှစ်နှစ်သက်သက်နဲ့စားနေတဲ့ လက်ဖက်သုပ်က ဆေးဖက်ဝင်တယ်ဆိုတာကို သတိထားမိကြရဲ့လား။ လက်ဖက်ကို တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာလည်းရှေးအစဉ်အဆက်ကတည်းကဆေးဖက်ဝင်တဲ့ စားစရာအဖြစ်လက်ခံထားကြပါတယ်။မြန်မာလူမျိုးတွေကလည်းရှေးအစဉ်အဆက်ကတည်းက လက်ဖက်ကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့ကြတာပါ။ အလှူအတန်းတွေမှာ တည်ခင်းဧည့်ခံကြသလို အမှုအခင်းတွေပြေငြိမ်းတဲ့အခါမျိုးမှာလည်း လက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးရှိပါတယ်။

လက်ဖက်ကို မြေပဲ၊နှမ်း၊ကြက်သွန်ကြော်၊ ပုစွန်ခြောက်လေးနဲ့ပဲ ရိုးရိုးရှင်းရှင်းသုပ်ပြီး ကြက်သွန်ဖြူလေးငရုတ်သီးစိမ်းလေးနဲ့ တွဲစားတာကလည်း စားကောင်းပါတယ်။ နောက်တစ်မျိုးကတော့ လက်ဖက်ကို အကြော်စုံ နဲ့ သုပ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ တွေကို ပါးပါးလေးလှီးထည့်ပြီးသုပ်စားတာမျိုးလည်းရှိပါတယ်။ လက်ဖက်ကိုအချို့နယ်ဘက်တွေမှာဆိုရင် သင်္ဘောရွက် နုနုလေးတွေ၊ပြောင်းဖူးပြုတ်၊ ပန်းဂေါ်ဖီဆလတ်ရွက်တို့ကို ထည့်ပြီး သုပ်စားတာမျိုးတောင်ရှိပါတယ်။ လက်ဖက်က စားလို့ ကောင်းတာတင်မဟုတ်ဘဲ ဆေးဖက်လည်း ဝင်ပါသေးတယ်။

လက်ဖက်ရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံလေးတွေက

ခန္ဓါကိုယ် ကျန်းမာဖို့အတွက် လက်ဖက် -လက်ဖက်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်မှာ Oxidative stressကြောင့် ထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်မှာပါဝင်နေတဲ့catechins က ဆဲလ်တွေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးတဲ့နေရာမှာ ဗီတာမင် C နဲ့ ဗီတာမင် Eတွေထက်ပိုသာပါတယ်။ လက်ဖက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက အချို့ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါသေးတယ်။

နှလုံးကျန်းမာရေးအတွက် လက်ဖက် – နောက်တစ်ချက်က လက်ဖက်စားသုံးပေးတာက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ လက်ဖက်စိမ်းမှာဖြစ်ဖြစ်နေပူပြပြီးလုပ်ထားတဲ့ လက်ဖက်မှာပဲဖြစ်ဖြစ် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်တာကြောင့်သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပါတယ်။ လက်ဖက်ကိုနေ့စဉ်စားသုံးတာပဲဖြစ်ဖြစ် လက်ဖက်စိမ်း ရေနွေးကြမ်းကိုနေ့စဉ်သောက်သုံးတာပဲဖြစ်ဖြစ် လုပ်ပေးမယ်ဆိုရင်သွေးတိုးကျစေမှာသေချာပါတယ်။

ကိုယ်အလေးချိန်ကျစေဖို့အတွက် လက်ဖက် – လက်ဖက်မှာ ကဖင်းဓါတ်ကပါဝင်နေမယ်ဆိုတာတော့ပြောစရာတောင်မလိုပါဘူး။ လက်ဖက်မှာပါတဲ့ ကဖင်းဓါတ်က ဦးနှောက်နဲ့အာရုံကြောတွေကို လှုံ့ဆော်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို ယာယီသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းက ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်ပေးနိုင်သလို လက်ဖက်ရွက်ကို စားသုံးပေးမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျဆင်းစေမှာ အသေအချာပါ။နေ့စဉ် လက်ဖက်ကိုစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ကအဆီတွေကိုလျော့ကျစေမှာဖြစ်ပါတယ်။

လက်ဖက်သုပ်စားသင့်တဲ့အကြောင်းအရင်းတွေ

လက်ဖက်သုပ်ကအိပ်ချင်ပြေစေသလို ညဘက်အိပ်ခါနီးမှစားရင် အိပ်မပျော်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လက်ဖက်ထဲကို သံပရာသီးညှစ်ပြီးစားပေးလို့ရပါတယ်။ လက်ဖက်ရည်သောက်တာထက်စာရင်တော့ လက်ဖက်သုပ်စားတာက ခန္ဓါကိုယ်ကို ပိုပြီးအကျိုးပြုပါတယ်။ လက်ဖက်ရည်သောက်တာက အဆီပိုများသလို ကယ်လ်လိုရီလည်းပိုများပါတယ်။

နောက်တစ်ချက်က လက်ဖက်မှာ စိတ်ပူပန်မှုတွေ နဲ့ ADHD (လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ)ကိုသက်သာစေနိုင်တဲ့ အမိုင်နိုအက်ဆစ်လို့သိကြတဲ့ L-theanineဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါတွေတင်မကပါဘူး လက်ဖက်မှာရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်နေပါသေးတယ်။

ဘယ်သူတွေလက်ဖက်မစားသင့်ဘူးလဲ

လက်ဖက်က ကျန်းမာရေးကို အကျိုးပြုတဲ့အချက်တွေအများကြီးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ အများကြီးတော့မစားသင့်ဘူးပေါ့။ ဘယ်သူတွေက ပိုမစားသင့်ဘူးလဲဆိုရင် ကိုယ်ဝန်ဆောင်တွေ၊နို့တိုက်မိခင်တွေကျောက်ကပ်ဝေဒနာသည်တွေ၊အသည်းဝေဒနာသည်တွေကတော့ မစားသုံးသင့်ပါဘူး။နောက်တစ်ချက်က သံဓါတ်အားနည်းသူတွေပါ။

ကဖင်းဓါတ်ပါတဲ့အစားအစာတွေကိုကိုအလွန်အကျွံစားမယ်ဆိုရင် သာမန်ကျန်းမာတဲ့သူတွေမှာတောင် အိပ်မပျော်တာ၊ ခေါင်းထဲမှာ ငြီးစီစီဖြစ်တာ၊ မအီမသာဖြစ်တာအော့အန်တာဝမ်းသွားတာခေါင်းကိုက်တာမျိုးတွေခံစားရနိုင်ပါတယ်။ လက်ဖက်မှာလည်း ကဖင်းဓါတ်ပါတာကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဖို့ပါ။ တစ်နေ့တာလုံး လက်ဖက်သုပ်လည်းစား၊ လက်ဖက်ရည်လည်းသောက်၊ကော်ဖီလည်းသောက်တာမျိုးဆိုရင်တော့ ကဖင်းဓါတ်ကို အလွန်အကျွံစားသုံးတယ်မည်တာပေါ့နော်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့စကားအတိုင်းဆေးဖက်ဝင်တဲ့လက်ဖက်ကို အတိုင်းအချင့်လေးနဲ့စားသုံးပြီးကောင်းမွန်တဲ့ အကျိုးရလဒ်ကို ခံစားလိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် အလွန်အကျွံစား စိတ်ဖိစီးမှု စိတ်ညစ်တိုင်းစား buffet ဘူဖေး ရင်ပြည့်ရင်ကယ် ပျို့အန် ကယ်လိုရီတက် အဆီစု ဆာလောင် ဗိုက်ပြည့် စားချင်စိတ် အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပဲသီးလေး နဲ့ ကျန်းမာရေး

မုန့်ဟင်းခါး အကျိုးကျေးဇူးတွေ ကျန်းမာရေး ပရိုတင်း ဗီတာမင် B Complex ပင်ပန်းနွမ်းနယ် ခန္ဓာကိုယ် အမျှင်ဓာတ် ဇီဝကမ္မဖြစ်စဉ် ကယ်လ်ဆီယမ် အာရုံကြော

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

စိန်ခေါ်မှုအသစ်ဖြစ်လာတဲ့ ကိုဗစ်ကာလ အဝလွန်ခြင်းပြဿနာ Quarantine 15

COVID-19၊ အချို အငံကဲတဲ့အစားအစာ၊ Diet၊ အိပ်ရေးဝဝ အိပ်တာ၊ စိတ်ဖိစီးမှု၊ ပူသင်သောက၊ ကိုယ်လက်လေ့ကျင့်ခန်း၊ Work from Home၊ အရက်၊ အယ်လ်ကိုဟော၊ အဖျော်ယမကာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Mulberries ကပေးတဲ့ ကျန်းမာရေး

Mulberries ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ကျောက်ကပ် လေးကို ညှာတာပါ

ကျောက်ကပ် လေးကို ညှာတာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020