မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အခွံညိုညိုအရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူအမြွှာလေးရှိတဲ့ မင်းကွတ်သီးကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာရှိတာကြောင့်တော်တော်များများက အအီပြေစေတဲ့ အသီးအဖြစ် စားကြပါတယ်။နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ်ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။

ကယ်လိုရီနည်းခြင်း

မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးပါတယ်။ မင်းကွတ်သီး (၁၀၀)ဂရမ်မှာမှ (၆၃) ကယ်လိုရီပဲ ပါဝင်တာပါ။ ခန္ဓါကိုယ် အလေးချိန်လျော့ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ မင်းကွတ်သီးလေး စားသုံးပေးနိုင်ပါတယ်။

ဗီတာမင်စီ ပါဝင်ခြင်း

မင်းကွတ်သီးမှာ ဗီတာမင်စီပါဝင်ခြင်းဟာ အအေးမိဖျားနာခြင်းလိုမျိုးပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင် စီပါဝင်တဲ့ အသီးအနှံတွေ စားသုံးခြင်းဟာရောဂါတွေကို တားဆီးပေးနိုင်ပြီး ခန္ဓါကိုယ်ထဲမှာ ဆဲလ်အသစ်တွေပေါ်ပေါက်လာစေဖို့အတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင်အဖြစ်လည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင်သွေးနီဥဆဲလ်တွေကောင်းမွန်စေပြီးသွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးနာကျင်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်းလိုမျိုးသွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက်သွေးလည်ပတ်မှုလည်းကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသေးတယ်။

ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း

မင်းကွတ်သီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာက နှလုံးနဲ့ဆက်စပ်တဲ့ရောဂါအပြင် ကင်ဆာရောဂါဖြစ်ပွားမှုကိုပါလျှော့ကျစေပါတယ်။ ဒီလိုမျိုး ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ free radicalsတွေ ခန္ဓါကိုယ်ထဲကနေလျှော့နည်းသွားအောင် အကျိုးပြုပါတယ်။

ဓမ္မတာမှန်ခြင်း

မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက် အထူးသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မတာ ပုံမှန်ဖြစ်ဖို့ ကူညီပေးနိုင်တာကြောင့်ပါ။ မင်းကွတ်သီးဟာ ရာသီမလာခင်မှာဖြစ်တတ်တဲ့ ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ဆီးချို

ဆီးချိုရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ နှလုံးရောဂါပြီးနောက် အဖြစ်အများဆုံးရောဂါပါ။ မင်းကွတ်သီးဟာသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို အရမ်းတက်တာမျိုး မရှိနိုင်ပါဘူး။

အသားအရေပြဿနာတွေ ရှင်းပေးခြင်း

မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများကြီး ပါဝင်ပါတယ်။ ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ပါတယ်။

ဆဲလ်သေတွေ ဖယ်ရှားခြင်း

မျက်နှာမှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင်ချောမွေ့ပြောင်လက်တဲ့ မျက်နှာလေး ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မင်းကွတ်သီးမှာXanthoneဒြပ်ပေါင်းတစ်မျိုး ပါရှိပြီး ဆဲလ်သေတွေ ဖယ်ရှားခြင်းနဲ့ ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ ကူညီပေးနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အကျိုးကျေးဇူးလေးတွေ သိရပြီဆိုတော့ ရာသီစာ အသီးအနှံတစ်မျိုးအဖြစ် စားပေးဖို့ မမေ့ပါနဲ့နော်။ အသီးအနှံ၊ အသားငါး မျှမျှတတ စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နေမှာပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မေ 22, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။