ပိန်းဥ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဘာတွေထူးသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပိန်းဥဟင်းချိုလေးမှာ လတ်လတ်ချိုချို အရွက်စိမ်းလေးတွေ ခတ်ပြီး ပူပူလေး သောက်လိုက်ရရင်ဖြင့် ထမင်းအတော်မြိန်တော့မှာပဲ။ ဟော့ပေါ့သောက်လည်း ပိန်းဥလေးပါမှနော်။ ပိန်းဥရေခဲမုန့်ဆိုလည်း လူကြိုက်သိပ်များပါတယ်။ ထူတာ၊ ပိန်းတာတွေဆို  ပိန်းဥ လို့ ဗန်းစကားသုံးတတ်ကြပေမယ့် တကယ့်ပိန်းဥကတော့ အရသာကောင်းမှကောင်းပဲ။

အာဟာရတန်ဖိုးလည်း များလွန်းလို့ စားရတာတန်လိုက်တာမှနော်။ ကဲ ဘာကြောင့် စားရတန်သလဲ ပြောပြပါဦးမယ်။

ပိန်းဥ က –

အစာချေဖျက်နိုင်အားပိုကောင်းစေတယ်

ပိန်းဥမှာ အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားပါတယ်။ အမျှင်ဓါတ်က အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေတဲ့အတွက် အစာချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် လေပွခြင်း၊ လေလည်လွန်းခြင်း၊ ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကိုတောင် မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကင်ဆာကာကွယ်နိုင်တယ်

ကင်ဆာနဲ့ပတ်သက်ရင်လည်း ပိန်းဥ က ခန္ဓါကိုယ်တွင်းဓါတ်တိုးဆန့်ကျင်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်A၊ C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့free radicalsတွေကို ဖယ်ရှားရှင်းလင်းပေးမှာပါ။ ပိန်းဥမှာပါရှိတဲ့Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။

ဆီးချိုသွေးချိုကာကွယ်နိုင်တယ်

အမျှင်ဓါတ်က ခန္ဓါကိုယ်တွင်း အင်ဆူလင်နဲ့ဂလူးကို့စ်ဓါတ်တွေထွက်ရှိမှုကိုထိန်းညှိပေးတာကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ သင့်မှာ ဆီးချိုရှိပြီးသားဖြစ်နေရင်လည်း အန္တရာယ်ရှိတဲ့အဆင့်အထိ သကြားဓါတ်မြင့်တက်ခြင်း ကျဆင်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာတယ်

ပိန်းဥမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ကသွေးကြောတွေနဲ့နှလုံးသွေးကြောတွေကို ဖိစီးမှုပြေလျော့စေပြီးသွေးဖိအားကိုလျော့ကျစေတဲ့အခါ အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးတာကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကိုလည်း ပိုကောင်းစေပါတယ်။

မျက်စိအားကောင်းစေတယ်

အပေါ်မှာပြောခဲ့သလိုပဲ ပိန်းဥမှာbeta-carotene နဲ့ cryptoxanthin အပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမျိုးစုံပါဝင်ပါတယ်။ အဲဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အမြင်အာရုံဆဲလ်တွေကို free radicalsတွေရဲ့တိုက်ခိုက်မှုရန်ကကာကွယ်ပေးပြီး အမြင်အာရုံကောင်းမွန်စေပါတယ်။

အသားအရေလှစေတယ်

ဗီတာမင် E နဲ့ ဗီတာမင် Aကြောင့် အသားအရေကိုထိန်းသိမ်းနိုင်စွမ်းပိုကောင်းစေလို့ ပိန်းဥကိုစားသုံးသင့်ပါတယ်။ ဒီဗီတာမင်တွေက အရေပြားအတွက်ရော ဆဲလ်တွေရဲ့ကျန်းမာရေးကိုပါကောင်းကျိုးပြုပါတယ်။ ရလဒ်ကတော့ အနာကျက်မြန်စေတယ်၊ အမည်းစက်တွေလျော့ပါးစေတယ်၊ အရေးအကြောင်းတွေပြေပျောက်စေတယ်၊ အသားအရေဝင်းလက်လှပစေနိုင်တယ်။ ခြုံပြောရရင် အသားလှစေမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

ပိန်းဥရဲ့အဓိကအကျဆုံး အစွမ်းသတ္တိက ကိုယ်ခံအားစနစ်ကိုအားကောင်းစေတာပါပဲ။ ဗီတာမင် C ပါဝင်မှုမြင့်မားတဲ့အတွက်သွေးဖြူဥဆဲလ်တွေကို ပိုဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပြီးရောဂါဖြစ်စေမယ့်ပြင်ပကပိုးမွှားတွေကို ခုခံနိုင်စေပါတယ်။ ဒါ့အပြင် ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါလို အခြေအနေတွေဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးပါတယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

ပိန်းဥမှာပါတဲ့ သတ္တုဓါတ်တွေက အကျိုးပြုတယ်ဆိုပေမယ့် အဲဒီထဲက သံဓါတ်နဲ့ကော့ပါးကသွေးအားနည်းခြင်းကို ကာကွယ်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေဖို့ အဓိက အကျိုးပြုပါတယ်။ ဒီဓါတ်နှစ်မျိုးစလုံးကသွေးနီဥဆဲလ်တွေထုတ်လုပ်မှုအတွက် အရေးပါတာကြောင့်သွေးအားကောင်းစေပါတယ်။

ပိန်းဥ စားရင် သတိထားဖို့ကတော့ –

ပိန်းဥရဲ့တစ်ခုတည်းသောပြဿနာက ကယ်လိုရီပါဝင်မှုများနေတာပဲဖြစ်ပါတယ်။ ပိန်းဥ ၁၀၀ ဂရမ်မှာ ၁၁၂ ကယ်လိုရီ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်တော့ ထည့်စဉ်းစားရမယ့်အချက်ပါ။ သူက အာလူးထက်တောင် ကယ်လိုရီပိုများနေတာကြောင့် မချင့်ချိန်ဘဲ စားသုံးမှုလွန်ကဲရင် ဝိတ်တက်စေနိုင်ပါတယ်။ ထိုက်သင့်သလောက်ပမာဏကို မကြာမကြာစားပေးရင်တော့ ရသင့်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဘေးဥပါဒ်ကင်းကင်းနဲ့ ရရှိနိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ် ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံ ချင်လိုက်တာဆိုသူတွေရှိလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

အစားအစာတွေက အာဟာရ ပြည့်ဝရုံတင် မဟုတ်ဘဲ ဓာတ်မတည့်မှုကို ခံစားရလေ့ရှိသူတွေမှာလည်း ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့ ထောက်ပံ့ပေးပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read