ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အာဟာရတွေက နေ့စဉ်လှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရောဂါကင်းပြီး ကျန်းမာနေစေဖို့လည်း နေ့စဉ်စားသုံးမှုထဲမှာ အာဟာရပြည့်ဝမျှတအောင်စားသုံးတတ်ဖို့လိုပါမယ်။ ဒီတော့ ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်စားသုံးပြီး ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်မလာအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ လေဒီလေးတစ်ယောက်ကျန်းမာဖို့ဆိုရင်တော့
သံဓာတ်
• ကယ်လ်ဆီယမ်
• ဖောလစ်အက်ဆစ်
omega-3 fatty acid
ဗီတာမင် D
• ဗီတာမင် B12
• ဗီတာမင် C
• Choline
ပရိုတင်း
• ရေဓာတ်တို့ပြည့်ဝဖို့လိုပါမယ်။

ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားကြမလဲ……..

ကျန်းမာတဲ့လေဒီလေးတစ်ယောက်ဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် အစားအစာတွေကို ပုံမှန်လေးစားသုံးပေးသင့်ပါတယ်။

ပဲအမျိုးမျိုး

အမျှင်ဓာတ်၊ ပရိုတင်း နဲ့ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အသားတွေမှာပါဝင်နေတဲ့ ပြည့်ဝဆီပါဝင်ခြင်း မရှိဘဲ ကြွက်သားတွေအတွက်အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကြောင့် အစာခြေစနစ်ကျန်းမာစေနိုင်သလို ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတ ယ်။ ဖောလစ်အက်ဆစ်ပါဝင်နေမှုကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာနေစေဖို့ အကောင်းဆုံး အထောက်အကူပြု ပေးနိုင်မှာပါ။

ပန်းဂေါ်ဖီစိမ်း

နေ့တိုင်းစားသုံးပေးသင့်တဲ့ ကျန်းမာရေးအတွက်အထူးကောင်းတဲ့ စားစရာတစ်ခုပါ။ လေဒီလေးတွေမှာ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အက်စထရိုဂျင်ဟော်မုန်းကို လျှော့ချပေးနိုင်တာကြောင့် ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ဖို့အတွက် စားပေးသင့်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေသလို အရိုးတွေကို ကြံ့ခိုင်စေနိုင်တဲ့ ကယ်လ်ဆီယမ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ အရိုးပါးတာနဲ့အရိုးပွတာကိုပါ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

ခရင်မ်ဘယ်ရီသီး

အရသာရှိတဲ့အပြင် ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ဖလေဗာနွိုက်တို့ပါဝင်နေတာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး မှတ်ဉာဏ်ကောင်းမွန်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာအပြင် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လည်း မေမေေ ရာ ဘေဘီလေးပါ ကျန်းမာစေဖို့ စားပေးသင့်ပါတယ်။ ဗီတာမင် C ပါဝင်မှုကြောင့် စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

သစ်ကြားသီး

နာကျင်ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိသလို ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် ရင်သားကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကနေ ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ နှလုံးရောဂါမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

တရုတ်ဇီးသီး

လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ အချိုဓာတ်ပါဝင်နေမှုက သွေးတွင်းအချို ဓာတ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှုတွေထဲမှာ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲပိစပ် ပဲပိစပ်ဆီ ပဲနို့ ပဲပြား ပရိုတင်း ပဲပိစပ်ထုတ်ကုန် ရောဂါအခံ ကျန်းမာရေးပြဿနာ အကျိုးကျေးဇူး ဘေးထွက်ဆိုးကျိုး အကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စား ကိုယ်အလေးချိန် သံဓာတ် Omega 3 ကယ်လ်လိုရီ ဗီတာမင် B12 ကျန်းမာရေး ဒိန်ခဲ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ရာသီအကြို ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

လေဒီလေးတွေ ရာသီမလာခင် ဝမ်းချုပ် ဟော်မုန်း ပြောင်းလဲမှု estrogen progesterone သားဥကြွေတာ အစာခြေစနစ် ရာသီသွေး အမျှင်ဓာတ် ဝမ်းမှန်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

တညင်းသီးက အာဟာရဖြစ်လို့လား။

တညင်းသီး အတို့အမြှုပ် ပဲဆီ အာဟာရ ဆားရည်စိမ် အဆိပ်အတောက် ခံတွင်းနံ့ဆိုး ခန္ဓာကိုယ် အမိုင်နိုအက်ဆစ် ဆီးတွေ ကျောက်ကပ် အသည်း ဆီးသွားရခက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read