ကျန်းမာရေးနဲ့ဇင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခန္ဓာကိုယ်ကျန်းမာနေစေဖို့က အာဟာရပြည့်ဝမျှတဖို့လိုပါမယ်။ ဒီလိုမျိုး အာဟာရပြည့်ဝမျှတတယ်ဆိုတဲ့နေရာမှာလည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို မျှတအောင် စားသုံးမိဖို့လိုပါမယ်လိုမယ်။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းပြီး အနာတွေကိုမြန်မြန်ကျက်စေဖို့အတွက် နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ဇင့်ဓာတ်ပါဝင်အောင် စားသုံးပေးပါ။

ခန္ဓာကိုယ်မှာ  ဇင့်ရဲ့  အခန်းကဏ္ဍ

ဇင့်က ကျန်းမာတဲ့ကိုယ်ခံအားစနစ်ကိုရရှိစေပြီး အဖျားတွေ၊ ရောဂါပိုးတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ ဘေဘီလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာပျော်ရွှင်နေဖို့ ဇင့်ဓာတ်က မဖြစ်မနေလိုအပ်နေတာပါ။ ခေါင်းအစခြေအဆုံး ကျန်းမာစေဖို့ နေ့စဉ် သတိထားစားသုံးပေးသင့်တဲ့ အစားအစာတစ်ရပ်ပေါ့။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အများစုက ဇင့်နဲ့ မကင်းပါဘူး။ အကြောင်းကတော့ ဇင့်သတ္တုဓာတ်က ကိုယ်တွင်းမှာ ရှိနေတဲ့ အင်ဇိုင်း အမျိုး ၁၀၀ လောက်ထွက်ရှိလာစေဖို့ အကောင်းဆုံးလှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကျောင်းနေအရွယ်ကလေးများစုက ဇင့်ဓာတ်ချို့တဲ့နေတာကို ရင်ဆိုင်နေရပါတယ်။ ဒီတစ်ခေါက်တော့ ဇင့်ဓာတ်က ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အကျိုးပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား။

ဇင့် ကပေးတဲ့ ကျန်းမာရေး

ဇင့် သတ္တုဓာတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပြီး အနာကျက်စေတာအပြင် အခုလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ် တစ်ခုဆိုရင်လည်း မမှားပါဘူး။

ကိုယ်ခံအားကောင်းစေတဲ့ ဇင့် 

ဇင့်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးပြီး ကိုယ်တွင်းကို ပြင်ပကရောဂါပိုးတွေ ဝင်မလာအောင် အကောင်းဆုံး ဟန့်တားပေးနိုင်ပါတယ်။  ကင်ဆာဆဲလ်တွေကိုလည်း အကောင်းဆုံးတိုက်ထုတ်ပေးပြီး ကိုယ်ခံအားကို အကောင်းမွန်ဆုံးအနေအထားမှာရှိနေစေမှာပါ။ ခဏခဏဖျားနေပြီဆိုရင်တော့ ကိုယ်တွင်းမှာ ဇင့်ဓာတ်နည်းနေပြီလို့ အချက်ပြနေတာပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေ နည်းစေတဲ့ ဇင့်

ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက ကိုယ်တွင်းမှာ ဇင့်ဓာတ်လုံလောက်မှုအားနည်းနေပြီဆိုတာကို ဖော်ပြနေတာပါ။ တကယ်လို့ ဝမ်းပျက်နေမ်ယဆိုရင်လည်း မြန်မြန်သက်သာစေဖို့အတွက် ဇင့်ဆေးပြားသောက်ပေးလို့ရပါတယ်။ ဇင့်က လတ်တလောဝမ်းပျက်ဝမ်းလျှောဖြစ်နေတာကို သက်သာစေနိုင်သလို နောက်ထပ်ဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်နဲ့စူးစိုက်နိုင်စွမ်းကောင်းစေတဲ့ ဇင့်

ဘေဘီလေးတွေရဲက သင်ယူနိုင်စွမ်းမြင့်မားစေဖို့ အကောင်းဆုံး အားဖြည့်ပေးသလို အရွယ်ရောက်ပြီးသူတွေအတွက်လည်း အာရုံစူးစိုက်မှုကောင်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြော အကောင်းဆုံး ဖွံ့ဖြိုးကျန်းမာစေဖို့ နေ့စဉ်စားသုံးမှုတွေထဲမှာ ဇင့်ပါဝင်အောင် စားသုံးပေးပါ။

အအေးမိဖျားနာ သက်သာစေတဲ့ ဇင့်

ဇင့် ကအဖျားတာတိုစေနိုင်သလို ဖျားနာမှုကင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖျားတော့မယ့် လက္ခဏာတွေပြနေပြီဆိုရင်တော့ ၂၄ နာရီအတွင်း ဇင့် ဆေးပြားကို သောက်ပေးပါ။

အနာကျက်စေတဲ့ ဇင့် 

အရေပြားကို ကျန်းမာစေနိုင်သလို အနာကျက်လည်းမြန်စေနိုင်ပါတယ်။ ခံတွင်းအနာတွေကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ဘေဘီလေးတွေမှာဖြစ်တတ်တဲ့ သေးခံလောင်တာတွေအတွက်လည်း ဇင့်ပါတဲ့ လိမ်းဆေးကို သုံးပေးလို့ရပါတယ်။ အနာတွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပြီး အချိန်တိုအတွင်းမှာ အနာကျက်စေနိုင်မှာပါ။ ဝက်ခြံကိုလည်း သက်သာစေနိုင်ပါတယ်။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်ပေးတဲ့ ဇင့်

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ယိုယွင်းလာပါတယ်။ အသက်ရလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ဝင်ရောက်လာနိုင်ခြေက် ပုံမျန်ထက်ပိုများလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကနေ ကာကွယ်ဖို့ဆိုရင် ဇင့်ဓာတ်ပြည့်ဝနေအောင် စားသုံးပေးပါ။ ဒါမှ ကိုယ်ခံအားကောင်းပြီး ခန္ဓာကိုယ်ကျန်းမာလို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေ ကျဆင်းစေမှာပါ။

အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာကို ကာကွယ်ပေးတဲ့ ဇင့် 

ဇင့်က အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးလာတဲ့အထိ မျက်လုံးကောင်းကောင်းနဲ့ ကြည့်ချင်တာတွေကို ကြည့်နိုင်ဖို့ဆိုရင် အခုကစလို့ ဇင့် ကို ပုံမှန်မှီဝဲပေးပါ။

ဒါတွေတင်လားဆိုတော့ ဇင့် သတ္တုဓာတ်က

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကအနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေက ဘာတွေများလဲ။

ရေးသားသူ Dr. Thiha Phyo Myint

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငှက်ပျောဖူး ကြိုက်ကြလား…………..

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 3 mins read
သုက်မထွက်အောင် ထိန်းတာ

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read