ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယောကျာ်းလေးတော်တော်များများ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားတွေ ထွက်လာတာကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲလေ့ကျင့်ခန်း လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဆော့ဆော့ ကြွက်သားတွေ အမြန်ထွက်လာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥ

ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော်။ ကြက်ဥစားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။

အစေ့အဆံ

အစေ့အဆံလေးတွေကလည်း ကြွက်သားတွေမြန်မြန်ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁)အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ ပရိုတင်း၊ အဆီဓါတ်နဲ့ အမျှင်ဓါတ်တွေဟာ ကြွက်သားတွေ သန်မာတောင့်တင်းလာဖို့ အထောက်အကူပြုပါတယ်။

ပရိုတင်း Shake

ပရိုတင်းပါဝင်တဲ့ Shakeတွေဟာ ကြွက်သားတွေ သန်မာလာစေဖို့ အထောက်အကူပြုပါတယ်။ Shake ထဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ ကြွက်သားတွေ ထွက်လာဖို့အတွက် ခန္ဓါကိုယ်က လိုအပ်တဲ့ အာဟာရတွေပါပဲ။ တက္ကသိုလ်တွေရဲ့ သုတေသနပြုလုပ်ချက်တွေအရတော့ ပရိုတင်း shake မှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ခန္ဓါကိုယ်ထဲမှာ စွမ်းအင်တွေကို သိုလှောင်ထားနိုင်ပြီး ကြွက်သားတွေ သန်မာစေဖို့အတွက်သွေးစီးဆင်းလည်ပတ်မှုကို ပုံမှန်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်တော့ အနည်းဆုံး တခွက်လောက်သောက်ပေးနော်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးမှာ ပရိုတင်း၊ EPA နဲ့ DHA လိုမျိုး အိုမီဂါ ၃တွေလည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေတဲ့အပြင် ကြွက်သားတွေကောင်းမွန်စွာ ဖွံ့ဖြိုးလာဖို့လည်း အထောက်အကူပြုပါတယ်။ဆော်လမွန်ငါး မစားဖြစ်ဘူးဆိုရင်လည်း အိုမီဂါ ၃ ပါဝင်တဲ့ အစားအစာတွေတော့ စားဖို့ လိုပါတယ်။

အမဲသား

အမဲသားကတော့ ကြွက်သားတွေ လျင်လျင်မြန်မြန်ထွက်လာဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲက နံပါတ်တစ် အစားအစာပါ။ အမဲသားမှာ အမိုင်နိုင်အက်ဆစ်နဲ့ ဗီတာမင် ဘီလိုမျိုး လိုအပ်တဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့်ပါ။နောက်ထပ်တစ်ခုကတော့ အမဲသားမှာပြည့်ဝဆီတွေ ပါဝင်ပြီး ဒီပြည့်ဝဆီတွေကtestosterone ပမာဏကို မြှင့်တင်ပေးတာမို့ နှလုံးအားကောင်းစေဖို့အတွက် ကြွက်သားတွေ တည်ဆောက်ရာမှာလည်း အတော်လေးကို အထောက်အကူပြုပါတယ်။
gym မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် workout လုပ်တဲ့ ကိုကိုတွေ၊မောင်လေးတွေအနေနဲ့ ကြွက်သားတွေ လျင်လျင်မြန်မြန် ထွက်လာချင်တယ်ဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့ အစားအစာတွေကို မမေ့မလျော့ စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ မေ 8, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။