backup og meta

အချိုစားခြင်းကိုလျှော့ချရန်နည်းလမ်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိုစားခြင်းကိုလျှော့ချရန်နည်းလမ်း

    လူအများစုသည် အချိုကြိုက်တတ်ကြသည်။ ချိုသောအရာမှန်သမျှစွဲစွဲလမ်းလမ်းရှိကြသည်။ ချိုသောအစားအစာများသည် အရသာရှိ၍စွဲဆောင်မှုရှိသည်မှန်သော်လည်း သွားပိုးစားခြင်းကဲ့သို့ သာမန်ကျန်းမာရေးပြဿနာများမှသည် အဝလွန်ခြင်း ၊ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတို့အထိနာတာရှည်ရောဂါများကိုပါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အချိုစားသုံးခြင်းကိုလျှော့ချရန်လိုအပ်လာပေသည်။

    -အကျင့်တစ်ခုကိုဖျောက်ဖျက်ရသည်မှာသိပ်တော့မလွယ်ကူလှပါ။ အချိန် ၊ အားစိုက်ထုတ်မှု ၊ စိတ်ရှည်သည်းခံမှု နှင့် အခြားသူများ၏ကူညီမှုလည်းလိုအပ်သည်။ သို့သော်လည်းကံကောင်းသည်မှာအကူအညီဖြစ်မည့်နည်းလမ်းများရှိနေခြင်းဖြစ်သည်။

    ဖြည်းဖြည်းလျှော့ချမှုနှင့်စတင်ပါ

    -အသုံးပြုသင့်သည့်နည်းလမ်းမှာ ဖြည်းဖြည်းနှင့်မှန်မှန်နည်းလမ်းဖြစ်သည်။ အချိုကိုရုတ်တရက်ဖြတ်ပစ်ရန်မလိုပါ။ နေ့စဉ်အသုံးပြုသောသကြားဓါတ်ကိုလျှော့ချသွားရန်ဖြစ်သည်။

    အချိုအစားအခြားအရာများကိုရွေးချယ်ပါ

    -အချိုကြိုက်သောသင်၏သွားများအတွက် သကြားလုံးနှင့် ကွတ်ကီးများစားမည့်အစားချိုသောအသီးအနှံများ ၊ ဘယ်ရီသီးများ၊ စွံပလွန်သီး ၊ စပျစ်သီးခြောက် စသည်တို့ကိုစားပါ။ ထိုအစားအစာများတွင်လည်းအချိုဓါတ်ပါသည်မှန်သော်လည်းကျန်းမာရေးအတွက်ကောင်းမွန်သည့် ဗီတာမင် ၊ အမျှင်ဓါတ် နှင့် အာဟာရဓါတ်များပါ တစ်ခါတည်းရရှိနိုင်သည်။ ထို့ပြင် အချိုစားချင်စိတ်ဖြစ်ပေါ်လာပါကသကြားမပါသောအစားအစာ

    များ (သို့မဟုတ်)အခြားအချိုဓါတ်ပါအစားအစာများကိုရှာဖွေပါ။

    အစားအသောက်စားသည့်အမူအကျင့်တစ်ခုကျင့်သုံးပါ

    -နံနက်စာ ၊ နေ့လည်စာနှင့် ညစာကိုသူ့အချိန်နှင့် သူစားပါ။ ထမင်းအနပ်များကိုသေချာစွာစားပါက ဗိုက်ဝပြီး အချိုစားချင်စိတ် မဖြစ်နိုင်ပါ။ ထို့ပြင် သားရေစာ စားခြင်းကိုလည်းရှောင်ပါ။ သို့သော် အချိုစားချင်စိတ်ကိုမထိန်းနိုင်ပါကကျန်းမာရေးနှင့် ညီညွတ်သောအဆီဓါတ်နှင့် အချိုဓါတ်ပါသောအစားအစာများ (ဥပမာ – ထောပတ် ၊ အစေ့အဆန်၊ထောပတ်သီး)တို့ကိုပါရော၍ စားသုံးပေးပါ။ ထိုသို့ပြုလုပ်ပါကဗိုက်ပြည့်ပြီး အချိန်မကြာခဏ

    စာခြင်းကိုကန့်သတ်နိုင်လိမ့်မည်။

    အစားအစာများတွင်ပါဝင်သောပစ္စည်းများကိုဖတ်ရှုပါ

    -အစားအစာတစ်ခုကို မဝယ်ယူမီ ပါဝင်သောပစ္စည်းများကို ဖတ်ရှု၍ သကြားဓါတ်ပါ၊ မပါစစ်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သကြားကိုမတော်တဆစားမိခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။

    အချဉ်ဖောက်ထားသောအစားအစာများကိုစားပါ

    -အချိုနှင့်တွဲဖက်၍စားသုံးပါကအချဉ်ဖောက် ထားသောအစားအစာများတွင်ပါရှိသည့် လူကိုအကျိုးပြူသော အဏုဇီဝပိုးလေးများသည်အချိုစားချင်စိတ်ကို လျှော့ချပြီးအချိုဓါတ်၏မကောင်းသော အကျိုးဆက်များကိုလည်းလျှော့နည်းစေသည်။

    ခရိုမီယမ်ဓါတ် ( Chromium ) ဓါတ်ပါအောင်စားပါ

    -ခရိုမီယမ်ဓါတ်သည် သွေးတွင်းသကြားပမာဏကိုတည်ငြိမ်စေခြင်း ၊ သကြားဓါတ်သုံးစွဲမှုကိုတိုးတက်စေခြင်းနှင့် အချိုဓါတ်စားသုံးလိုစိတ်ကို လျှော့ချပေးခြင်းစသည့်

    အာနိသင်တို့ရှိသည်။ သကြားဓါတ်ကိုသုံးစွဲစွန့်ထုတ်ရာတွင်လည်းကူညီပေးပါသည်။

    -ကြားဓါတ်အလွန်အမင်းစားသုံးခြင်းက လူ့ကျန်းမာရေးကိုထိခိုက်စေသည်မှာအမှန်ဖြစ်သည့်အတွက် ထိုအကျင့်ကိုဖျောက်ဖျက်မှသာကျန်းမာမည်ဖြစ်သည်။ အမူအကျင့်တစ်ခုကိုစွန့်လွှတ်ရန် မလွယ်ကူသည်မှန်သော်လည်းဆုလဒ်အနေဖြင့် စိတ်ကျေနပ်ဖွယ်အကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement