အသီးအရွက်စားသုံးမှုဟာ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချို၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေနှုန်း ကျဆင်းစေတယ်လို့ ဆိုပါတယ်။ မျှော်မှန်းဘဝသက်တမ်းကို ပိုမိုမြင့်မားစေပါတယ်။
အသီးအရွက်စားခြင်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။ လူ ၃သောင်းကျော်ကို လေ့လာခဲ့တဲ့ သုတေသနမှာ အသီးအရွက်စားသူတွေရဲ့ BMI ဟာ အသားစားသူတွေထက်နည်းတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ LDL ကိုလက်စထရောပါဝင်နှုန်းဟာ အသီးအရွက်စားသူတွေမှာ ၃၀ ရာခိုင်နှုန် ပိုမိုလျော့နည်းတယ်လို့ သိရပါတယ်။ အဲဒီအဆီဓာတ်ဟာ နှလုံးသွေးကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။
အသားစားသူတွေနဲ့ယှဉ်ရင် အသီးအရွက်စားသူတွေမှာ ကင်ဆာမျိုးစုံဖြစ်နိုင်ခြေနည်းတယ်လို့ ယေဘုယျအားဖြင့် ဆိုပါတယ်။ ဒါပေမယ့် အဲဒီသုတေသနမှာပဲ အသီးအရွက်စားသူတွေမှာ အူမကြီးကင်ဆာဖြစ်ပွားနှုန်း မြင့်မားတယ်လို့ ဆိုပါတယ်။
အသီးအရွက် (သို့မဟုတ်) အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေမှာ အသားတွေထက်စာရင် အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ပိုမို ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်နိုင်ခြေလျော့နည်းသွားစေပါတယ်။
ဒါ့အပြင် အသီးအရွက်စားခြင်းဟာ လူတစ်ဦးချင်းအပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကျိုးပြုနိုင်ပါသေးတယ်။ အသီးအရွက်ကနေ ထုတ်လုပ်ထားတဲ့ စားစရာတွေဟာ ဂေဟဗေဒစနစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။
ဘာဆိုးကျိုးတွေရှိလဲ
အသီးအရွက်ကနေ ပြုလုပ်ထားတဲ့ အသင့်စားစရာများနဲ့ သရေစာတွေမှာတော့ ကယ်လ်လိုရီဓာတ်များနိုင်ပါတယ်။ လတ်ဆတ်ခြင်းမရှိတဲ့ အသီးအရွက်များဟာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။