backup og meta

ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    ပဲနီလေး လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။

    ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ………

    ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက

    ပဲနီလေးစားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ…….

    ပဲနီလေး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

    နှလုံးကျန်းမာစေနိုင်တယ်

    ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်၊ဖောလစ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ပဲနီလေးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့်သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တယ်

    ပဲနီလေးမှာ ဖောလိတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို ကျန်းမာစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း စားသုံးမယ်ဆိုရင် ဖောလစ်အက်ဆစ်ကို ကြွယ်ဝစွာ ရရှိစေမှာပါ။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မေမေရောဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် ပဲနီလေးစားသုံးပေးလို့ရပါတယ်။

    ကင်ဆာ ကာကွယ်ပေးနိုင်တယ်

    ပဲနီလေးမှာ ဆီလီနီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကင်ဆာကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာကျိတ်တွေကို ကြီးထွားမလာစေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်အောင် လှုံ့ဆော်ပေးပါတယ်။ အသည်းအင်ဇိုင်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကင်ဆာမဖြစ်အောင် အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ်

    ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်တာကို အဓိကဖြစ်စေတဲ့ အချက် တစ်ချက်က သံဓာတ်အားနည်းတာပါ။ လူနေမှုပုံစံ ပြောင်းလဲလာတာကြောင့် အခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သံဓာတ် အားနည်းလာမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပဲနီလေးက ပရိုတင်းဓာတ်ကို ပေးနိုင်သလို သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သံဓာတ် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အစာခြေစနစ်ကျန်းမာစေနိုင်တယ်

    အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရဓာတ်တွေ အကောင်းဆုံး စုပ်ယူနိုင်အောင် ပံ့ပိုးပေးပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး ကိုယ်အလေးချိန်များလို့ ဝိတ်ချချင်သူတွေအတွက်လည်း အထူး သင့်တော်ပါတယ်။

    ပဲနီလေး စားသုံးပေးမယ်ဆိုရင်

    ပဲနီလေး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။
    • နှလုံးကျန်းမာစေနိုင်တယ်
    • ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တယ်
    • ကင်ဆာ ကာကွယ်ပေးနိုင်တယ်
    • ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ်
    • အစာခြေစနစ်ကျန်းမာစေနိုင်တယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement