မြွေတွေဟာ ကုန်းပေါ်၊ တောင်ပေါ်၊ ရေထဲ၊ မြက်တွေကြား အပြင် သစ်ပင်တွေအပေါ်ထိပါ နေရာစုံမှာ နေတတ်တဲ့ သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အဆိပ်ပြင်းတဲ့ မြွေတွေ ရှိသလို အဆိပ်မရှိတဲ့မြွေ အမျိုးအစားတွေလည်းရှိပါတယ်။ မြွေကိုက် ခံရတဲ့ ပြသနာဟာ အဖြစ်များပြီး မြန်မာနိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ လည်း မြွေကိုက်ခံရတဲ့ လူနာတွေကို အမြဲမပြတ်တွေ့ရှိနေရပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် အဆိပ်မရှိတဲ့ မြွေအကိုက်ခံရရင်တောင်မှပဲ တချို့သူတွေမှာ ဓာတ်မတည့်တဲ့ပြသနာတွေ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် မြွေကိုက်ခံရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို သွားပြီး အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။