backup og meta

ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ

    ထိခိုက်ဒဏ်ရာမရဘူးသူရယ်လို့ မရှိလောက်ပါဘူး။ ထိခိုက်ဒဏ်ရာရရင် ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း တော်တော်များများက သိသင့်သလောက် သိပြီးသားဖြစ်မှာပါ။ ထိခိုက်ဒဏ်ရာရရင် ကိုယ်လုပ်နေကျလုပ်ရပ်တွေက မှန်ကန်ရဲ့လားဆိုတာနဲ့ ဒဏ်ရာထိန်းသိမ်းနည်းကို ဘယ်လောက်ထိသိထားလဲဆိုတာကို နည်းနည်းလောက်စစ်ဆေးကြည့်ရအောင်လား။

    (၁) ထိခိုက်ဒဏ်ရာရရင် အရင်ဆုံးလုပ်သင့်တာက

    (က) ဒဏ်ရာကို အရင်ဆုံး ဆေးကြောမယ်

    (ခ) ဒဏ်ရာကို ကိုင်မယ့်လက်ကိုဆေးကြောမယ်

    (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်

    အဖြေ – (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်။ အနာတရဖြစ်အောင်ထိခိုက်မိတဲ့ အရာက ညစ်ပေနေသလားဆိုတာကို အရင်ဆုံးစစ်ဆေးရပါမယ်။

    (၂) အနာတိုင်းကို အရက်ပြန်နဲ့ဆေးဖို့လိုတယ်။

    မှန်/ မှား

    အဖြေ – မှားပါတယ်။ အနာတိုင်းကို အရက်ပြန်နဲ့ ဆေးကြောဖို့မလိုပါဘူး။ တစ်ရှုးတွေထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အနာကိုရေသန့်သန့်လေးသုံးပြီးသေချာဆေးကြောပေးရင်ရပါတယ်။

    (၃) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို မသန့်စင်ခင် သွေးတိတ်အောင်အရင်လုပ်သင့်ပါတယ်။

    မှန်/ မှား

    အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခါ အနာကိုအဝတ်စသန့်သန့်လေးနဲ့ခပ်ဖွဖွလေး ဖိထားပြီး သွေးတိတ်အောင်အရင်လုပ်ရပါမယ်။

    (၄) အနာကိုဆေးကြောတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး

    (က) အနာတစ်ဝိုက်ကိုပဲဆေးကြောသင့်တယ်

    (ခ) အနာမျက်နှာပြင်ပေါ်ကိုပါဆေးကြောသင့်တယ်

    (ဂ) အနာ တစ်ဝိုက်ကိုရော အနာမျက်နှာပြင်ကိုပါဆေးကြောပေးသင့်ပါတယ်

    အဖြေ – (က) အနာတစ်ဝိုက်ကိုပဲ ဆေးကြောပေးရပါမယ်။ အနာပေါ်ကိုဆေးတဲ့အခါ အရေပြားကျိန်းစပ်တာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။

    (၅) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာထဲမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊အညစ်အကြေးတွေရှိနေရင် ဖယ်ရှားရပါမယ်။

    မှန်/ မှား

    အဖြေ – မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒဏ်ရာထဲမှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေရှိနေရင် ဇာဂနာလေးကို အရက်ပြန်စွတ်ပြီး တစ်ခုချင်းဖယ်ပေးရပါမယ်။ မလိုလားအပ်ဘဲ ပိုးဝင်တာမျိုးမဖြစ်စေဖို့ပါ။

    (၆) အသေးစားထိခိုက်ဒဏ်ရာတွေကနေလည်း ပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။

    မှန်/ မှား

    အဖြေ – မှန်ပါတယ်။ အသေးစားဒဏ်ရာလေးတွေဆိုပေမယ့်လည်း သေချာဂရုမစိုက်ရင် ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။

    (၇) ကုတ်ခြစ် ဒဏ်ရာတွေကို hydrogen peroxide၊ အိုင်အိုဒင်းတို့နဲ့ဆေးကြောတာမျိုးလုပ်ရင် အနာကျက်နှေးစေတယ်။

    မှန်/ မှား

    အဖြေ – မှန်ပါတယ်။ ကုတ်ခြစ်မိတဲ့ဒဏ်ရာတွေကို ရေစိုဝတ်သန့်သန့်လေးနဲ့ သုတ်ပေးရင်ကိုလုံလောက်ပါပြီ။ hydrogen peroxide၊ အိုင်အိုဒင်း တို့နဲ့ဆေးကြောပေးစရာမလိုပါဘူး။ အနာကျက်နှေးစေနိုင်သလို အရေပြားတစ်ရှုးတွေထိခိုက်စေနိုင်တာကြောင့်ပါ။

    (၈) အနာဖြစ်တဲ့အခါ ပလာစတာကပ်ပေးရမယ်ဆိုတာကိုတော့ လူတိုင်းသိမှာပါ။ ဒါပေမယ့် ပလာစတာကို ဘယ်လိုလဲလှယ်ပေးရမလဲ။

    (က) နေ့တိုင်းလဲလှယ်ပေးရမယ်

    (ခ) နှစ်ရက် တစ်ကြိမ်လဲလှယ်ပေးရမယ်

    (ဂ) တစ်ပတ်တစ်ကြိမ်လဲလှယ်ပေးရပါမယ်

    အဖြေ – (က) နေ့တိုင်းလဲလှယ်ပေးရမယ်။ ပလာစတာက ညစ်ပေနေခဲ့ရင်ဖြစ်ဖြစ်၊ ရေစိုသွားရင်ပဲဖြစ်ဖြစ် ချက်ချင်းလဲလှယ်ပေးရပါမယ်။

    (၉) အနာကို နေ့စဉ်စစ်ဆေးဖို့လိုတယ်။

    မှန်/မှား

    အဖြေ – မှန်ပါတယ်။ အနာကိုနေ့စဉ်ကြည့်ရှု့စစ်ဆေးပေးပြီး ပုံမှန်ဆေးထည့်ပေးဖို့လိုပါတယ်။

    (၁၀) ဒဏ်ရာအရမ်းနက်ရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါတယ်။

    မှန်/မှား

    အဖြေ – မှန်ပါတယ်။ ဒဏ်ရာကအရမ်းနက်တဲ့အခါမျိုး၊ ညစ်ပေတဲ့အရာတွေနဲ့ ထိမိတဲ့အခါမျိုးမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement