(၇) အနာကို အချိန်မီ antibiotic အသုံးပြုနိုင်မယ်
ထိခိုက်ရှနာဖြစ်တဲ့အခါမြန်နိုင်သမျှမြန်မြန်antibiotics လူးပေးနိုင်မှ အနာထဲကို ဘက်တီးရီးယားတွေမဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ အရးပေါ်ဆေးသေတ္တာထဲမှာantibiotics လူးဆေးလေးထားထားမယ်ဆိုရင် အနာဖြစ်တဲ့အခါ ချက်ချင်းလူးနိုင်မှာဖြစ်ပါတယ်။
(၈) သွေးတိတ်အောင်လုပ်နိုင်မယ်
တစ်ခါတလေမှာထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအရမ်းထွက်တာမျိုးကြုံဖူးမှာပါ။ ပူလွန်းတဲ့အခါမျိုးမှာလည်းသွေးအရမ်းထွက်တတ်ပါတယ်။သွေးအရမ်းထွက်နေတဲ့အခါ ပိတ်သား ပတ်တီးလေးကို အနာပေါ်မှာဖိထားပေးပြီးgauze bandage ကိုအပေါ်ကနေစည်းပေးလိုက်ရင်သွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။သွေးဆုံးရှုံးတာများရင် အရမ်းအန္တရာယ်များပါတယ်။ ဒီလိုမျိုးဆေးသေတ္တာလေးဆောင်ထားမယ်ဆိုရင် အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၉) အရေပြားဓါတ်မတည့်တာနဲ့ ပိုးကောင်ကိုက်တာကိုသက်သာစေနိုင်ခြင်း
ဆေးသေတ္တာထဲမှာ ဘာမီတွန်လိုမျိုးသောက်ဆေးထားထားမယ်ဆိုရင် အစားမှားတဲ့အခါ ၊ဓါတ်မတည့်တဲ့အငွေ့ ဒါမှမဟုတ် အရာတစ်ခုခုနဲ့ထိတွေ့မိတာကြောင့် အရေပြားဓါတ်မတည့်တာမျိုးဖြစ်တာကို သက်သာစေနိုင်မှာပါ။ ပိုးကောင်တွေဘာတွေကိုက်ခံရလို့ အရေပြားမှာ အဖုအပိမ့်ထွက်တာတွေကိုလည်း သက်သာအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အရေပြားမှာ အမာရွတ်မဖြစ်အောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၁၀) အိမ်နီးချင်းတွေ မိတ်ဆွေတွေကိုလည်း ကူညီနိုင်မှာပါ
ကိုယ့်နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်ခုလောက်ထားထားမယ်ဆိုရင် အိမ်သားတွေအတွက်တင်မကဘဲ အိမ်နီးချင်းတွေနဲ့ ကိုယ့်အိမ်လာလည်တဲ့မိတ်ဆွေတွေ မတော်တဆထိခိုက်ဒဏ်ရာရသွားတဲ့အခါ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာထဲမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေအစုံအလင်ရှိဖို့တော့လိုပါတယ်။
အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားဖို့လိုမလဲ
- လက်သန့်ဆေးရည်
- လက်အိတ်
- အနာလူးဆေး (antibiotics) တစ်မျိုးမျိုး
- အဖျားသက်သာအောင်သောက်ဆေး
- အကိုက်အခဲပျောက်ဆေး
- ချောင်းဆိုးပျောက်ဆေး
- အပူလောင်ဒဏ်ရာလူးဆေး
- ဂွမ်း
- တစ်ရှုး
- အရက်ပြန်
- ပတ်တီး အမျိုးမျိုး
- ပလာစတာအမျိုးမျိုး
- ဇာဂနာ
- ကတ်ကြေး
- အဖျားတိုင်းတံ
- ရေခဲအိတ်
- ရေနွေးအိတ်
- ဒဏ်ကြေလိမ်းဆေး
- ရှုဆေး
- ဓါတ်မတည့်မှုသက်သာစေနိုင်တဲ့ဆေး (ဘာမီတွန်လိုမျိုး)
- လေဆေး
- အစာကြေဆေး
- စက္ကူတိတ်
- တွယ်ချိတ်
- ငုံဆေးပြား
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။