backup og meta

ကလေးကို အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသမလဲ

    ကလေးတွေကို ခြင်၊ ကြမ်းပိုး၊ပျား၊ ပုရွက်ဆိတ်၊စတဲ့ အင်းဆက်တွေကိုက်ခံရတတ်ပါတယ်။ ဘာမှမသိသေးတဲ့အရွယ်ဆိုတော့ အကောင်ကိုက်မှာလည်းမသိဘဲ ပိုးကောင်လိုက်ဖမ်းရင်းဆော့တောင်ဆော့နေတတ်ကြပါသေးတယ်။ ပိုးမွှားကိုက်ခံရရင် နာကျင်ရတယ်ဆိုပေမယ့်လည်း အန္တရာယ်ဖြစ်တာတော့နည်းပါတယ်။ နာကျင်မှုကတဖြည်းဖြည်းလျော့သွားမှာဖြစ်ပြီးနောက်နေ့ကျပျောက်သွားမှာပါ။

    ဒါပေမယ့်ကလေးရဲ့ ပါးစပ် သို့မဟုတ် လည်ပင်းကို အကိုက်ခံ၊ အတုပ်ခံရရင် ဒါမှမဟုတ် အကောင်ကိုက်ခံရလို့ ပြင်းထန်တဲ့အရေပြားဓါတ်မတည့်မှုဖြစ်လာခဲ့ရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။

    အင်းဆက်ကိုက်ခံရခြင်း

    ပိုးမွှားကိုက်ခံရတာအများစုက အဆိပ်ရှိတာမျိုးမဟုတ်ပေမယ့် ဘာကောင်ပဲကိုက်ကိုက် ဓါတ်မတည့်တုံ့ပြန်မှုကရှိတတ်တာပါပဲ။ ဒီတုံ့ပြန်မှုရဲ့ပြင်းထန်မှုအတိုင်းအတာကလည်းကွာခြားနိုင်ပါတယ်။ နဂိုတည်းက anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ဓါတ်မတည့်မှုဝေဒနာရှိတဲ့ကလေးတွေဖြစေ်နနိုင်တာကြောင့် ပိုသတိထားရပါတယ်။anaphylaxis ဆိုတာ ချက်ချင်းကုသမှုခံယူမှဖြစ်မယ့်ရောဂါအခြေအနေတစ်ခုဖြစ်လို့ပါ။

    ပိုးမွှားကိုက်ခံရတဲ့လက္ခဏာများ

    အင်းဆက်ပိုးမွှားကိုက်ခံရတဲ့လက္ခဏာတွေကတော့ ဒီအပေါ်ကလေးရဲ့ခန္ဓါကိုယ်ကတုံ့ပြန်မှုဘယ်လိုရှိသလဲဆိုတာကို တော်တော်လေးမူတည်ပါတယ်။တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ –

    • အကိုက်ခံရတဲ့နေရာမှာ ယားယံပြီးနာကျင်တဲ့အနာလေးဖြစ်ပြီးအရေပြားမှာသိသာမှုအနည်းငယ်ရှိလာခြင်း၊
    • တချို့ကလေးတွေမှာ အကောင်ကိုက်ခံရတဲ့ နီရဲရောင်ရမ်းမှုက ပိုသိသာပြီး အနာပိုကြီးတတ်ပါတယ်။
    • ကလေးငယ်(နှင့်လူကြီး) တချို့မှာanaphylaxisလို့ခေါ်တဲ့ပြင်းထန်တဲ့ဓါတ်မတည့်မှုရောဂါဖြစ်လာတတ်ပါတယ်။anaphylaxis ရဲ့လက္ခဏာတွေကတော့ အဖုအပိန့်ထွက်ခြင်း၊ယားယံခြင်း၊ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှုသံတရွှီရွှီမြည်ခြင်း၊အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မွန်းကြပ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။

    အိမ်မှာ ဘယ်လိုပြုစုကုသပေးမလဲ

    ကလေးကို အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ သိပ်မများရင်၊ ဓါတ်မတည့်မှုမပြင်းထန်ရင် အိမ်မှာပဲပြုစုကုသပေးလို့ရနိုင်ပါတယ်။ အရင်ဆုံး –

    • အကိုက်ခံရတဲ့အရေပြားတဝိုက်ကိုဆေးကြောသန့်စင်ပေးပါ။
    • ယားယံမှု သက်သာစေဖို့Calamine လိမ်းဆေးလူးပေးပါ။
    • နာကျင်မှုနဲ့ရောင်ရမ်းမှုသက်သာစေဖို့ရေခဲအိတ်ကပ်ပေးပါ။
    • အနာနေရာကို မပွတ်ပါနဲ့၊ မနှိပ်ပါနဲ့။
    • လက် သို့မဟုတ်ခြေထောက်ကိုအကိုက်ခံရတာဆိုရင် ကလေးကို သိပ်တဲ့အခါ အောက်ပိုင်းမြှင့်ပေးပါ။
    • ကလေးက ယားလို့ ဆက်ပြီးကုတ်နေတုန်းပဲဆိုရင် စတ်းရွိုက်လိမ်းဆေးတွေလိမ်းနိုင်ပါတယ်။ ဒါပေမယ့်ဒီဆေးတွေဟာ ဆရာဝန်ဆေးညွှန်းနဲ့သာဝယ်ယူနိုင်တာဖြစ်ပါတယ်။
    • ကလေးက ပျားတုပ်ခံရတာဆိုရင် ဆူးကိုသေချာထုတ်ပါ။ အလွယ်ညှစ်မထုတ်သင့်သလို ဆိတ်ဆွတာတွေမလုပ်သင့်ပါဘူး။ အဆိပ်တွေကပိုပျံ့စေနိုင်ပါတယ်။

    ကလေးက

    • နှုတ်ခမ်း၊ လျှာ၊ ပါးစပ် သို့မဟုတ် လည်ပင်းတို့မှာရောင်ရမ်းလာရင်
    • အသက်ရှူရခက်ခဲလာရင်၊
    • နာရီအတော်ကြာတဲ့အထိ ဝေဒနာမလျော့ဘဲ ကလေးကအရမ်းနာကျင်နေရတုန်းပဲဆိုရင်
    • ၂၄ နာရီအတွင်းရောင်ရမ်းမှုနဲ့ယားယံမှုက ပိုဆိုးလာရင်
    • ရောဂါပိုးဝင်လာရင်ဆေးကုသမှုချက်ချင်းခံယူပါ။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement