backup og meta

မျက်စိရောဂါပြဿနာများဖြစ်ပွားနိုင်ခြေကို ဘာတွေကမြင့်တက်စေသလဲ


Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိရောဂါပြဿနာများဖြစ်ပွားနိုင်ခြေကို ဘာတွေကမြင့်တက်စေသလဲ

    မျက်စိဟာ ကိုယ်ခန္ဓာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ လူအများစုဟာ သူတို့ဘဝတလျှောက်မှာ မျက်စိပြဿနာကို တစ်ကြိမ်လောက်တော့ ကြုံတွေ့နိုင်ပါတယ်။ တချို့ပြဿနာတွေဟာ အသေးအဖွဲမျှသာဖြစ်ပြီး အလွယ်တကူ ကုသနိုင်ပါတယ်။ တချို့ပြဿနာတွေကတော့ ဆိုးရွားပြီး အထူးကုဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ မျက်စိကျန်းမာရေးကို အလေးထားခြင်းဟာ အားလုံးအတွက် အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။

    မျက်စိပြဿနာတွေကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်း မျိုးစုံရှိပါတယ်။ မရှောင်လွှဲနိုင်တဲ့အရာကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရေတိမ်၊ အတွင်းတိမ်၊ မျက်စိမှန်ဘီလူး ကျုံ့နိုင်ဆန့်နိုင်မှု လျော့သွားလို့ အနီးမှုန်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါတွေအပြင် တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။

    အဝလွန်ခြင်းနှင့် သွေးတိုးခြင်း။ မျက်စိအတွင်း သွေးလည်ပတ်မှုကို ထိခိုက်စေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆီးချိုတက်လာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

    ဆီးချို။ သွေးတွင်းသကြားဓါတ် ပုံမှန်ထက် မြင့်တက်နေရင် ဖြစ်တတ်ပါတယ်။ မှန်ဘီလူးကို ရောင်စေပြီး အမြင်အာရုံကို ထိခိုက်စေပါတယ်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မျက်စိကွယ်ရခြင်းရဲ့ အကြောင်းအရင်း တစ်ခုကတော့ ဆီးချိုကြောင့် အမြင်လွှာ ပျက်စီးခြင်းပဲ ဖြစ်ပါတယ်။ ဆီးချိုဟာ အဲဒီပြသနာနဲ့ အခိုင်အမာ ဆက်နွယ်နေပါတယ်။

    မိသားစုရာဇဝင်၊ မျိုးရိုးလိုက်ခြင်း။ ရေတိမ်၊ အကြောင်းအရင်း တိတိပပမရှိဘဲ အမြင်အာရုံ ချို့ယွင်းခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာနှင့် မျိုးရိုးဗီဇရောဂါများ၊ အလင်းယိုင်မုပြသနာ စတာတွေ မိသားစုရာဇဝင်ရှိရင် မိမိမှာလည်း မျက်စိပြသနာ အလွယ်တကူ ကြုံနိုင်ပါတယ်။ အတွင်းတိမ်၊ မျက်စိမှန်ဘီလူး ကျုံ့နိုင်ဆန့်နိုင်မှု လျော့သွားပြီး အနီးမှုန်ခြင်း စတာတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ အထူးသဖြင့် ရေတိမ်ဟာ မျိုးရိုးဗီဇနဲ့ အခိုင်အမာ ဆက်နွယ်နေပါတယ်။

    ကိုယ်ဝန်ပတ် ၃၀မပြည့်မီ မွေးခြင်း (လမစေ့မီမွေးခြင်း)၊ ၁၅၀၀ ဂရမ်ထက်နည်းခြင်း

    လမစေ့၍ အမြင်လွှာရောဂါဖြစ်သည့် ရာဇဝင်ရှိခြင်း

    ဆေးဝါးများကုသခြင်း။ မျက်စိနဲ့ ဆက်စပ်တဲ့ ဆေးဝါးများ သုံးစွဲဖူးတဲ့ရာဇဝင် ဖြစ်ပါတယ်။ ကော်တီကိုစတီးရွိုက်ကို ရှုဆေး၊ သောက်ဆေးအနေနဲ့ ကြာရှည်စွာ သုံးခြင်း၊ စတီးရွိုက်ပါတဲ့ မျက်စဉ်းကို ကြာရှည်စွာသုံးခြင်း စတာတွေဟာ ရေတိမ်၊ အတွင်းတိမ်ကို ဖြစ်ပေါ်စေပါတယ်။

    ဖွံ့ဖြိုးမှုဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ ပြသနာများ

    ယခင်က မျက်စိထိခိုက်ဖူးခြင်း၊ မျက်စိခွဲစိတ်မှု ခံယူဖူးခြင်း။ အတွင်းတိမ်ဟာ အသက် ၄၀အောက် မျက်စိထိခိုက်ဖူးသူ၊ မျက်စိခွဲစိတ်မှု ပြုလုပ်ဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။ အတွင်းတိမ်ရှိပြီး ခွဲရတယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာဟာ ကြီးမားတတ်ပါတယ်။

    အရက် အရက်အလွန်သောက်သူ၊ အရက်စွဲသူတွေမှာ မျက်စိရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

    ကိုယ်ဝန်ဆောင်စဉ် ထိတွေ့မှုမှ ကူးစက်ခြင်း။ မိခင်မှာ Toxoplasmosis၊ ဂျာမန်ဝက်သက်၊ Cytomegalo ဗိုင်းရပ်စ်၊ ရေယုန်နဲ့ တခြား ကူးစက်ရောဂါတွေရှိရင် မွေးလာတဲ့ကလေးမှာ မျက်စိရောဂါရဖို့ အခွင့်အလမ်း များပါတယ်။

    နေရောင်ခြည်နှင့် ကာလကြာရှည်ထိတွေ့ခြင်း။ ခရမ်းလွန်ရောင်ခြည်ေကြာင့် ဖရီးရယ်ဒီကယ်များ ဖြစ်ပေါ်ကာ မျက်စိမှန်ဘီလူးနဲ့ အမြင်လွှာကို ထိခိုက်တတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement