ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
Share now

ရေချိုးပြီးတိုင်း မျက်လုံးရဲ တတ်တဲ့သူများ ရှိပါသလား။ ဒါဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက ရေချိုးပြီးရင် မျက်လုံးရဲတတ်ကြပါတယ်။ တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ မျက်လုံးကြီးသိပ်ရဲနေတာကြောင့် လေများဖြတ်ချင်နေတာလား (အထူးသဖြင့် လူကြီးတွေမှာ)ဆိုပြီး တွေးတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ သူများတွေ ပြောသလို အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ကြည့်ကြရအောင်။

မျက်လုံးဘာကြောင့်ရဲရတာလဲ။

မျက်လုံးရဲရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။

ဒါတွေထဲမှာ မပါတာကတော့ ရေချိုးပြီးရင်လည်း မျက်လုံးရဲတတ်တယ်ဆိုတာပါပဲ။

ရေချိုးပြီးရင် ဘာကြောင့် မျက်လုံးရဲရတာလဲ။

  • ရေမသန့်တာ

တစ်ခါတလေမှာ သင်ချိုးတဲ့ ရေထဲမှာ အမှုန်တွေ၊ အမှိုက်သေးသေးလေးတွေ ပါနေတတ်ပါတယ်။ ဒါလေးတွေ မျက်လုံးထဲကို ဝင်လာတဲ့အခါ မျက်သားကို ကလိကလိ ဖြစ်စေပါတယ်။ ဒါ့ပြင် မျက်လုံးယားလို့ဆိုပြီး ထပ်ပွတ်လိုက်တဲ့အခါ မျက်လုံးက ပိုရဲသွားပါတယ်။

  • ဓာတ်မတည့်စေတဲ့ သတ္တုဓာတ်ပါနေလို့

ရေထဲမှာ ကိုယ်နဲ့ မတည့်တဲ့ ဓာတ်ပစ္စည်းတွေ ပါနေပြန်ရင်လည်း မျက်စိနီတတ်ပါတယ်။ ရေကူးကန်မှာ ရေသွားကူးရင်း ကလိုရင်းနဲ့ မတည့်တဲ့အခါမျိုးမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။

ကလိုရင်းကြောင့် မဟုတ်ဘဲ အတူကူးတဲ့သူရဲ့ ချွေးတွေ၊ ဆီးတွေကြောင့််လည်း မျက်လုံးရဲတတ်ပါတယ်။ ရေကူးကန် မသန့်တာပေါ့။ ဒါကို ကာကွယ်ဖို့ ရေကူးမျက်မှန်တပ်နိုင်ပါတယ်။ အထိုက်အလျောက်တော့ သက်သာမှာပါ။

  • ဆပ်ပြာတွေကြောင့်

မျက်နှာပေါ် စီးကျလာတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာတွေနဲ့ မတည့်တဲ့အခါ မျက်လုံးနီတတ်ပါတယ်။

  • မျက်လုံးကို ပွတ်သပ်တာ

တချို့က ရေချိုးရင်း မျက်နှာသစ်တဲ့အခါ လိုတာထက် ပိုပြီး ပွတ်သပ်မိတတ်ပါတယ်။ ဒါကြောင့်လည်း မျက်လုံးနီနိုင်ပါတယ်။

  • ရေနဲ့ လောင်းချတာ

ရိုးရိုးသာမန်ရေနဲ့ မျက်လုံးနဲ့ ထိတွေ့ပါ များရင်လည်း နီလာတတ်ပါတယ်။

  • ရေနွေးနဲ့ ချိုးတာ

အထူးသဖြင့် ဆောင်းတွင်းမှာ ပြင်ပအပူချိန်က အေးလို့ သွေးကြောတွေ ကျုံ့နေချိန်မှာ ရေနွေးနဲ့ ရေချိုးချလိုက်တဲ့အခါ မျက်သားက သွေးကြောတွေ ကျယ်လာပြီး နီတတ်ပါတယ်။

ဘယ်လိုကုသကြမလဲ။

အရင်ဆုံး အိမ်မှာလုပ်လို့ရတဲ့ နည်းတွေ ပြောပြပါ့မယ်။

  • ရေနွေးဝတ်လေး ကပ်ပါ။

သဘက်ကို ရေနွေးစိမ်ပြီး မျက်လုံးပေါ် ၁၀မိနစ်လောက် အုပ်ထားပါ။ ခံနိုင်လောက်တဲ့ အပူချိန်ပဲ ဖြစ်ပါစေ။ ရေနွေးဝတ်က မျက်လုံးကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီတွေ ထွက်စေတာကြောင့် စိုစွတ်ပြီး နီတာသက်သာပါလိမ့်မယ်။

  • ရေခဲဝတ်ကပ်ပါ။

ရေနွေးကပ်တာ မကြိုက်ရင် ဒါမှမဟုတ် မသက်သာရင် ရေခဲဝတ်ပြောင်းကပ်ပါ။ ခပ်သန့်သန့်အဝတ်စကို ရေခဲရေထဲစိမ်ပြီး ခြောက်အောင်ညှစ်ပါ။ ခံနိုင်လောက်အောင် အအေးဓာတ်ရပြီဆိုရင် မျက်လုံးပေါ် အသာအယာ ကပ်ထားပါ။ အထူးသဖြင့် ဓာတ်မတည့်လို့ မျက်လုံးနီတာဆိုရင် နီရဲတာအပြင် ရောင်ရမ်းတာကိုပါ သက်သာစေပါတယ်။

  • မျက်လုံးကို ဆေးချပါ။

တစ်ခါတလေ အထဲမှာ တစ်ခုခုဝင်နေလို့ ကလိကလိဖြစ်ပြီး မျက်လုံးရဲနေတယ်ဆိုရင်တော့ ရေကြက်သီးနွေးလေးနဲ့ မျက်လုံးကို ဆေးပေးနိုင်ပါတယ်။ ရေခွက်ထဲကို ရေကြက်သီးနွေးထည့်ပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပေးပါ။

  • မျက်ကပ်မှန်လဲပါ။

ရေကြောင့်မဟုတ်ဘဲ မျက်ကပ်မှန် မသန့်ရှင်းတာကြောင့်လည်း မျက်စိရဲနိုင်တာမို့လို့ မျက်ကပ်မှန်ကိုလည်း လဲကြည့်ပေးပါ။

ဘယ်လိုအချိန်မှာ ဆေးရုံသွားသင့်လဲ။

ရေချိုးပြီးလို့ မျက်လုံးရဲတာက အန္တရာယ်ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီတိုင်းထားလိုက်ရင်တောင် နာရီပိုင်းလောက်ဆို သက်သာသွားပါတယ်။ ဒါမှမဟုတ် အပေါ်က နည်းလမ်းတွေနဲ့ အလွယ်တကူသက်သာသွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ

  • တစ်ရက် နှစ်ရက်နဲ့ မသက်သာဘူး။
  • မျက်လုံးတွေ အောင့်လာမယ်။
  • မျက်ရည်ပူတွေ ကျလာမယ်။
  • မျက်လုံးထဲမှာ တစ်ခုခုဝင်နေပြီး ပြန်ထွက်မသွားဘူး။ ကလိကလိ ဖြစ်နေတယ်။
  • ပြည်လိုမျိုးတွေပါ ထွက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ အကြံပေးချင်ပါတယ်။

ရေချိုးပြီး မျက်လုံးရဲတာ သက်သက်ကတော့ ဘာမှမဖြစ်လို့ စိတ်မပူဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ပန်းနာရင်ကြပ် လက္ခဏာတွေက ပြင်းထန်ပုံအလိုက် ကွာခြားပါတယ်။ အရေးပေါ်လက္ခဏာတွေကို သိထားသင့်ပြီး ရှူဆေးနဲ့ မသက်သာရင် ဆေးရုံသွားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ဖောက်တဲ့သူတွေမှာ နဂိုရင်ကြပ်အခံရှိပါတယ်။ နှာခေါင်းအသားပိုရှိပါတယ်။ အက်စပရင်သောက်လိုက်ရင် ပိုဆိုးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Eye cream ကို အထိရောက်ဆုံးဖြစ်အောင် ဘယ်လိုလိမ်းကြမလဲ။

Eye cream ကို မျက်လုံးအရေးကြောင်းတွေ သက်သာဖို့၊ မျက်ကွင်းမညိုဖို့ လိမ်းပေးနိုင်ပါတယ်။ မနက် ဒါမှမဟုတ် ညဘက်တွေမှာ လိမ်းပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဓာတ်မတည့် ပန်းနာရင်ကြပ်

ဓာတ်မတည့် ပန်းနာရင်ကြပ်ဆိုတာ ပန်းနာရင်ကြပ်အမျိုးအစားတွေထဲက တစ်ခုပါ။ ကိုယ်နဲ့ မတည့်တာကို သတိထားရှောင်ကြဉ်တာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

မှိုပိုးကြောင့်ဖြစ်တဲ့ ဝက်ခြံရှိသူတွေ သိထားဖို့လိုမယ့် အချက်လေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 14, 2020 . 1 min read
ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 3 mins read
လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

လိင်ဆက်ဆံပြီးချိန်မှာ ရှက်ရှက်နာကျင်နေရတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read