ကွန်ပျူတာ အကြည့်များသူတွေအတွက် အစားအစာနဲ့ ဗီတာမင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

ခုခေတ်မှာ လူမူကွန်ရက်ကလည်း အရမ်းကို တွင်ကျယ်လာပြီး စီးပွားရေးတော်တော်များများရဲ့ အချက်အလက်တွေကိုလည်း စာရွက်တွေထက် ကွန်ပျူတာ မှတ်ဉာဏ်တွေနဲ့ ပိုပြီး သိမ်းဆည်းထားလေ့ရှိကြပါတယ်။ ဒီအခါမှာတော့ လူအများစုဟာ စာရွက်တွေ ကြည့်ရမယ့်အစား ကွန်ပျူတာတွေ ပိုပြီးတော့ ကြည့်လာရပါပြီ။ ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်တွေဟာရေရှည်မှာ မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့်တော်တော်များများလည်း မျက်မှန်တပ်ရတာတွေ ရှိကြပါတယ်။ ဒီလိုမျိုးဖြစ်တာတွေလျှော့နည်းလာစေဖို့အတွက်ဆေးကုသမှုတွေလည်းပြုလုပ်နိုင်သလို အစားအစာတွေနဲ့ ဗီတာမင်တွေကနေလည်း ရရှိနိုင်ပါတယ်။

မျက်လုံးရဲ့ ကျန်းမာရေးကိုကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ မုန်လာဥနီက အကောင်းဆုံးဆိုတာ သိထားပြီးဖြစ်မှာပါ။ တကယ်တော့ တခြားအစားအစာတွေကလည်း မျက်လုံးကျန်းမာရေးကောင်းမွန်စေဖို့အတွက်ပေးစွမ်းနိုင်ပါသေးတယ်။ ဗီတာမင် စီ၊ ဇင့်၊utein, zeaxanthin နဲ့ omega-3 fatty acidတွေဟာ မျက်လုံး ကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဒီအာဟာရဓါတ်တွေ ပါဝင်ခြင်းဟာ ကွန်ပျူတာ အကြည့်များခြင်းကြောင့်ဖြစ်တတ်တဲ့ မျက်လုံးတိမ်ဖုံးခြင်းတွေကို ကာကွယ်ပေးနိုင်သလိုဝေဝါး မှုန်ခြင်း၊ မျက်လုံးကြွက်သားများလျော့ကျခြင်းတွေကို မဖြစ်စေပါဘူး။

ကွန်ပျူတာက ထွက်တဲ့ အလင်းရောင်၊နေရောင်ခြည်၊ဆေးလိပ်ငွေ့တွေကနေ ကာကွယ်ပေးနိုင်ဖို့ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်က ကူညီပေးနိုင်ပါတယ်။lutein နဲ့ zeaxanthin ပါဝင်တာဟာ မျက်စိအာရုံကိုကောင်းမွန်စေပါတယ်။ ဗီတာမင်အေကလည်း မျက်စိအာရုံကိုကောင်းမွန်စေတဲ့အရာပါပဲနော်။ ဗီတာမင်အေဟာ အမြင်အာရုံလျော့နည်းခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဟင်းနုနွ်ယ်ရွက်နဲ့ ကန်စွန်းဥတွေဆီကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်အေဟာ မျက်လုံးရဲ့ အလင်းရောင်ကိုပြောင်းလဲပေးနိုင်ခြင်း၊ မျက်လုံးကြွက်သားလျော့ရဲခြင်းကြောင့် မျက်စိကွယ်ခြင်းကို မဖြစ်စေခြင်းနဲ့ မျက်လုံးခြောက်သွေ့မနေစေဖို့ ကူညီနိုင်ပါတယ်။

ဗီတာမင်စီကတော့ ဓါတ်တိုးဆန့်ကျင်မှုဖြစ်တာမို့ ကွန်ပျူတာကြောင့် မျက်စိပျက်စီးခြင်းကို (၇၀%)လောက် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီရရှိဖို့ဆိုရင် လိမ္မော်သီးဖျော်ရည်၊ ပဲတီပင်ပေါက်တွေ စားနိုင်ပါတယ်။ ဒါမှမဟုတ်ဆေးသောက်တာမျိုး လုပ်နိုင်ပါတယ်။

ကွန်ပျူတာ အကြည့်များတဲ့အခါမှာ free radicalတွေ ပိုဖြစ်လာနိုင်ပြီး မျက်စိပျက်စီးနိုင်ပါတယ်။ ဗီတာမင်အီးကတော့ ဒီလိုအနေအထားတွေကို ကာကွယ်ပေးပါတယ်။ ကိုက်လန်၊ ဟင်းနုနွ်ယ်ရွက်တွေလဲ စားပေးဖို့ လိုပါတယ်။ ဗီတာမင်အီးဟာ မျက်စိပျက်စီးခြင်းကို ရာခိုင်နှုန်းတဝက်လောက်တောင်လျှော့ချပေးနိုင်တယ်လို့လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

ဇင့်ဓါတ်ဟာလည်း ဗီတာမင်အေလိုပဲ မျက်စိအားကောင်းစေပါတယ်။ အထူးသဖြင့်တော့ ကွန်ပျူတာသမားတွေအတွက်ပေါ့။ မျက်စိဟာ ခန္ဓါကိုယ်ထက် ဇင့်ဓါတ်ကို ပိုပြီးတော့ လိုအပ်ပါတယ်။ ပင်လယ်စာနဲ့ အနီရောင်အသားတွေမှာ ဇင့်ဓါတ်ပိုများပြီး ပဲတွေမှာလည်း ပါဝင်ပါတယ်။

အကယ်လို့များ ကိုယ်က တစ်နေ့ကုန် ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရတယ်ဆိုရင်တော့ မျက်စိကျန်းမာရေးအတွက် အပေါ်မှာဖော်ပြခဲ့တဲ့ အစားအစာတွေကို လက်လွှတ်လိုက်လို့ မရပါဘူးနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ဒုံးတွေကို အန္တရာယ် ကင်းကင်းနဲ့ ဘယ်လိုသုံးကြမလဲ။

သင်က လိင်ဆက်ဆံချင်တယ်၊ သန္ဓေနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ sexually transmitted infections (STIs ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. K Zin Thwe

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ

ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ခေါင်းကိုက်တာက အဖြစ်များတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကွန်ဒုံးနဲ့ပတ်သက်ပြီး သိကောင်းစရာအချက်များ

ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှ ဖြစ်ပွားတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Arkar Hein

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 30, 2019 . 2 mins read

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2019 . 2 mins read
အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၁၂) ချက်

အိပ်မပျော်ခြင်းနဲ့ ပတ်သက်တဲ့ အမှားနဲ့အမှန် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2019 . 2 mins read
ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 6, 2019 . 2 mins read