COVID-19 ကြောင့် အရမ်းကြောက်နေရပြီဆိုရင် ဒီစာကိုဖတ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်တဲ့အချိန်ကတည်းက ကျွန်တော်အမြဲပြောနေကျစကားရှိပါတယ်။ သတိထားပါ ဒါပေမယ့် အကြောက်မလွန်ပါနဲ့ဆိုတာပါ။ အခု အကြောက်လွန်တာတွေအရမ်းများလာလို့ ဒီအချက်အလက်တွေကို သိစေချင်တာပါ။
အများသိတဲ့ကိန်းဂဏန်းတွေက အရင်စရအောင်။ COVID-19 ဟာ သုံးလကျော်အတွင်းမှာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံကို ရောက်ရှိတယ်။ လူပေါင်း ၁၈၀၀၀၀ ကျော်ကို ကူးစက်ခံခဲ့ရပြီး ကူးစက်သူတွေထဲက ၇၀၀၀ ကျော်သေဆုံးတယ်။ အထူးသဖြင့် အီတလီနိုင်ငံမှာ ထိန်းမရသလောက်ဖြစ်နေတယ်။ နိုင်ငံတော်တော်များများ အဝင်အထွက်ပိတ်ဆို့ကုန်ပြီး လူစုလူဝေးတွေ ပိတ်ပင်တာ ပွဲတွေပိတ်ပင်တာတွေလုပ်တယ်။
မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့နေရာတွေက လာတဲ့သူတွေကို ပိတ်ဆို့စစ်ဆေးမှုတွေလုပ်တယ်။ ပွဲလမ်းသဘင်တွေပိတ်ပင်ပြီး သင်္ကြန်ကို လူစုပြီး မဆင်နွှဲတော့ဖို့ကြေညာချက်ထုတ်ပြန်ထားတယ်။ ၁၆ရက်နေ့ကစတင်ပြီး ရုပ်ရှင်ရုံတွေပိတ်တယ်၊ ကျောင်းတွေပိတ်တယ်။ ဒီလိုမျိုးတွေ ရုတ်ရုတ်သဲသဲဖြစ်နေတော့ တကယ်ကမ္ဘာပျက်တော့မလားလို့တောင် ထင်မိကြမှာပဲ။ အဲဒါကြောင့်လည်း စိုးရိမ်တကြီးနဲ့ ဝယ်စုနေကြပြန်တယ်။ အခုလူအများစုသိတဲ့ အချက်အလက်တွေကို ပြောပြီးပြီဆိုတော့ လူသိပ်မသိတဲ့ အချက်တွေပြောကြရအောင်။

၁။ စဖြစ်တဲ့ တရုတ်မှာ ပြန်တည်ငြိမ်လာပြီ။

COVID-19 ရဲ့ မြစ်ဖျားခံရာဟာ တရုတ်နိုင်ငံ ဝူဟန််မြို့ပါ။ စဖြစ်တုန်းက တရုတ်တစ်နိုင်ငံလုံး ထိန်းမနိုင်သိမ်းမရတဲ့ ပုံစံမျိုးဖြစ်ခဲ့ပြီး ကောလာဟလတွေလည်းမျိုးစုံထွက်ခဲ့ပါတယ်။ ဒါပေမယ့် သုံးလကျော်အကြာမှာ တရုတ်နို်င်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုက ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ အခုဆိုရင် တရုတ်နိုင်ငံမှာ နေ့စဉ်ထပ်တိုးလူနာအနေနဲ့ ဆယ်ဂဏန်းဝန်းကျင်ပဲ ရှိတော့သလို သေဆုံးမှုကလည်း ဆယ်ဂဏန်းပဲရှိပါတော့တယ်။ ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြန်လည်ကောင်းမွန်သွားပါပြီ။

၂။ ကူးစက်ခံရသူ အများစုပြန်ကောင်းတယ်။

ကိုဗစ် ကူးစက်ခံရသူတွေရဲ့ အများစုဟာ ပြန်လည်ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြန်ကောင်းပါတယ်။ သေဆုံးမှုနှုန်းနဲ့ကြည့်မယ်ဆိုရင် ရောဂါဖြစ်ပွားသူတွေရဲ့ ၄ ရာခိုင်နှုန်းသာ သေဆုံးပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့လည်း သေဆုံးမှုနှုန်းဟာ ဒီလောက်ပါပဲ။

၃။ ကိုဗစ်ကနေ ရှင်သန်ဖို့အတွက် ၉၉ ရာခိုင်နှုန်းကျော် အခွင့်အရေးရှိတယ်။

တကယ်လို့ သင်က ကျန်းမာသန်စွမ်းတဲ့ အသက် ၂၀ ကနေ ၅၀ ကြားလူတစ်ယောက်ဆိုရင် ကိုဗစ်ကူးစက်ခံရပြီးလည်း အသက်ရှင်သန်နိုင်ဖို့အခွင့်အရေးက ၉၉.၃ ရာခိုင်နှုန်းရှိပါတယ်။ သဘောကတော့ အသက်ငယ် ကျန်းမာတဲ့သူတွေမှာ သေဆုံးဖို့ဆိုတာ အင်မတန်ပမာဏနည်းပါးပါတယ်။ အဲဒီ အသက်အရွယ်အပိုင်းအခြားဟာ အများစုသော လူဦးရေလည်းဖြစ်ပါတယ်။
ကိုဗစ်ဟာ အသက် ၈၀ နဲ့အထက်တွေမှာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး အဲဒီအသက်အပိုင်းအခြားမှာတောင် လူတစ်ရာမှာ ၁၈ ယောက်နှုန်း သေဆုံးမှုသာရှိပါတယ်။ တစ်ခါ အသက် ရှစ်ဆယ်အထက် သေဆုံးမှုတွေမှာလည်း ၇၀ ရာခိုင်နှုန်းနီးပါးက နဂို ရောဂါအကြောင်းအရင်းအခံတစ်မျိုးမျိုးရှိနေပါတယ်။ ဥပမာ ကင်ဆာလိုမျိုးရောဂါမျိုးပါ။ ဆိုတော့ ကိုယ်က ကျန်းမာသန်စွမ်းပြီး အသက် ၅၀ အောက်ဆိုရင် ကိုဗစ်ကနေသေဖို့ဆိုတာ မဲပေါက်တာထက်တောင်ခက်ပါသေးတယ်။

၄။ တကယ့်အစစ်အမှန် သေဆုံးမှုနှုန်းက ဒီထက်လျော့နိုင်တယ်။

လက်ရှိသေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၄ ရာခိုင်နှုန်းပါ။ ဒါကလည်း အသက် ၈၀ ကျော်အထက် သေဆုံးမှုတွေက အများစုပါဝင်နေတာပါ။ ကိုဗစ်ကူးစက်ခံရသူအများစုဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာမပြပါဘူး။ သူ့အလိုလိုလည်း ပြန်ကောင်းသွားတတ်ပါတယ်။ ဒီတော့ ရောဂါကူးစက်ခံရမှန်းမသိဘဲ အိမ်မှာနေရင်း ပြန်ကောင်းသွားတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတော့ ကူးစက်ခံရသူအရေအတွက်နဲ့ သေဆုံးမှုအချိုးအစား ပြန်တွက်ရင် သေဆုံးမှုနှုန်းက ဒီထက်အများကြီး လျော့နည်းနိုင်ပါတယ်။

၅။ ကာကွယ်ရေး နည်းလမ်းတွေက အလုပ်ဖြစ်တယ်။

လက်ရှိမှာ အီတလီနိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်ဆောင်နေတာတွေက အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် လက်ဆေးတာ၊ မျက်နှာကို မထိမကိုင်တာနဲ့ လူများစု စုဝေးတာတွေကို ရပ်တန့်တဲ့နည်းလမ်းတွေက ကာကွယ်ရေးအတွက် အလုပ်ဖြစ်ပါတယ်။ ထိန်းသိမ်းနိုင်တဲ့အခြေအနေမှာရှိပါတယ်။

၆။ အကြောက်လွန်ခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေနိုင်တယ်။

ကိုဗစ်ရဲ့ သက်ရောက်မှုဟာ ဗိုင်းရစ်ကိုယ်တိုင်ရဲ့ တိုက်ခိုက်မှုနဲ့ ကူးစက် သေဆုံးမှုတွေကြောင့်မဟုတ်ဘဲ လူမှုရေး စီးပွားရေး ရိုက်ခတ်မှုတွေ (socio-economic impacts) ကြောင့် အဓိကဖြစ်ပါလိမ့်မယ်။ အခုပဲ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းမှုတွေ စတင်ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတချို့ ပိတ်ရတာတွေ စတင်ဖြစ်ပေါ်နေပါပြီ။
ဒီလိုအချိန်မှာ အရှိတရားတွေထက် အကြောက်လွန််နေခြင်းက ပိုဆိုးတဲ့ နောက်ဆက်တွဲ လူမှုစီးပွားရေး ရိုက်ခတ်တာတွေဖြစ်ပါလိမ့်မယ်။ လေ့လာချက်တွေအရဆိုရင်တော့ ကိုဗစ်ကြောင့် သေဆုံးမှုတွေထက် စီးပွားပျက်ကြတာ ပိုဖြစ်နိုင်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချိန်မှာ အကြောက်မလွန်ခြင်းက ထိခိုက်ခံစားရမှုတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

နှာခေါင်းစည်း mask တပ်နည်း နှာခေါင်း ပါးစပ် အသက်ရှူလမ်းကြောင်း ကာကွယ်မှု Covid-19 virus ကိုဗစ် ကိုရိုနာ အဆုတ်ရောင် ရောဂါကူးစက်မှု ကာကွယ်ရေး ကပ်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

စိတ်ညစ် ရုပ်ရှင် ဟာသ ပျော်ရွှင်ခြင်း ကပ်ဘေးကာလ Covid-19 မိသားစု သံယောဇဉ် ချစ်ခြင်းမေတ္တာ အားလပ်ချိန် အာဟာရ စိတ်ကျန်းမာရေး စိုးရိမ်ပူပန် သတင်း အိပ်ချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

စာသင်ကျောင်းတွေ စိတ်ချလက်ချ ပြန်ဖွင့်ဖို့ဆိုရင်

COVID-19၊ စာသင်ကျောင်းတွေ၊ စာသင်ခန်း၊ အားကစားပြိုင်ပွဲ၊ အပျော်ခရီး၊ ကျန်းမာရေးပြဿနာ၊ Social distancing၊ လေ့လာရေးခရီးစဉ်၊ မျက်နှာဖုံး၊ Blue Light၊ ကူးစက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် အရိုး အရိုးနဲ့ကြွက်သား အာဟာရဓာတ် ကယ်လ်ဆီယမ် ပရိုတင်း အစားအစာတွေ ဒိန်ချဉ် နွားနို့ အရိုးနဲ့သွားတွေ အဆီထုတ်ထားတဲ့နို့ ဆယ်လ်မွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020