Covid 19 ကို စိုးရွံ့ထိတ်လန့်နေရချိန်မှာ မဖြစ်မနေ ခရီးသွားရတော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

Covid 19 ကို စိုးရွံ့ထိတ်လန့်နေရချိန်မှာ မဖြစ်မနေ ခရီးသွားရတော့မယ်ဆိုရင် သင်ရော သင်ချစ်တဲ့သူတွေပါ ကူးစက်ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကြီးမှ ညွှန်ကြားထားတဲ့ အခြေခံ လိုက်နာရန်အချက်များကို ကိုးကားပြီး ‌ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၁) ခရီးမသွားခင် ကိုယ်သွားမယ့်နေရာနဲ့ ပတ်သက်တဲ့ update သတင်းအချက်အလက်တွေကို စဉ်ဆက်မပျက်လေ့လာနေပါ။ ရောဂါ ဖြစ်ပွားနှုန်း၊ ကူးစက်ပြန့်ပွားနှုန်း၊ ကုသပျောက်ကင်းမှုနှုန်း၊ သေနှုန်း စသဖြင့်။

(၂) ဖျားနေရင်ပဲဖြစ်ဖြစ်၊ ချောင်းဆိုးနေရင်ပဲဖြစ်ဖြစ် ခရီးမသွားပါနဲ့။ ခရီးသွားဖူးတဲ့ ရာဇဝင်ရှိရင်လည်း ကျန်းမာရေးဝန်ဆောင်မှု ရယူဖို့ လက်မနှေးသင့်ပါဘူး။

(၃) Social distancing – လူကြားထဲသွားရင် နှာချေ ချောင်းဆိုးနေသူ၊ ဖျားနေသူတွေနဲ့ အနည်းဆုံး ၁မီတာ အကွာခန့်မှာ နေပါ။

(၄) Alcohol-based လက်ဆေးဆပ်ပြာရည် ဆောင်သွားပါ။ လက်မှာ သိသိသာသာ ညစ်ပေနေတာမရှိရင် Alcohol-based လက်ဆေးဆပ်ပြာရည်က ပိုအ‌ဆင်ပြေနိုင်ပြီး သိသိသာသာညစ်ပေနေရင်တော့ ရေနဲ့ ဆပ်ပြာကိုသာ အသုံးပြုဆေးကြောပါ။

(၅) နှာချေ ချောင်းဆိုးတိုင်းမှာ နှာခေါင်းနှင့် ပါးစပ်ကို လက်တံတောင်ဆစ်ကွေး၍သော်လည်းကောင်း tissue အသုံးပြု၍လည်းကောင်း cover လုပ်ရပါမယ်။ အသုံးပြုပြီးတဲ့ tissue ကို စနစ်တကျ ချက်ချင်းစွန့်ပစ်ပြီး လက်ပြန်ဆေးဖို့ မမေ့ပါနဲ့။

(၆) Mask.. ဘာရောဂါလက္ခဏာမှ ရှိမနေရင် မဖြစ်မနေ ဝတ်စရာမလိုပါ။ အချို့သော နိုင်ငံတွေမှာတော့ ယဉ်ကျေးမှုမတူညီတဲ့ အတွက် mask မဖြစ်မနေဝတ်ရနိုင်ပါတယ်။ Mask ၀တ်မည်ဆိုပါက နှာခေါင်းရော ပါးစပ်ကိုပါ လုံအောင်၀တ်ဖို့ လိုအပ်ပြီး mask ပြန်ချွတ်ပြီးတဲ့အခါမှာလည်း လက်ပြန်ဆေးဖို့    အရေးကြီးပါတယ်။

(၇) တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရပါ။ အသားစိမ်း ငါးစိမ်းရောင်းသော ဈေးများ မသွားရပါ။

(၈) အစိမ်း သို့မဟုတ် မကျက်တကျက်ချက်ထားတဲ့ အစားအသောက်တွေကို မစားပါနဲ့။ လမ်းဘေးမှ လက်သုပ်စာများ မစားပါနဲ့။ သန့်ရှင်းစွာ ပြုလုပ်ထားတဲ့ အစားအစာတွေကိုပဲ စားသုံးပါ။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 အလွန် နောက်ဆက်တွဲ စိတ်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ခြင်း

COVID-19၊ New Normal၊ ကာကွယ်ဆေး၊ ကုသဆေး၊ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှု၊ ပူပင်သောက၊ သံသယစိတ်၊ စိတ်ဝေဒနာ၊ အဆုံးစီရင်မှု၊ အိမ်တွင်းအကြမ်းဖက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

စိတ်ချရတဲ့ Mask တစ်ခုရဲ့ လက္ခဏာ ၆ ရပ်

COVID-19၊ Mask၊ Social Distancing၊ ချုပ်ရိုး၊ Physical Distancing၊ ရောဂါပိုးကူးနိုင်ချေ၊ N95၊ Surgical Mask၊ အထည်စ၊ ဘရာစီယာအခွံ၊ တစ်ခါသုံးလက်သုတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

COVID-19 နဲ့ ဗီတာမင် D ရဲ့ အခန်းကဏ္ဍ

COVID-19၊ ဗီတာမင် D၊ ကျောက်ကပ်၊ အရိုးအားနည်းခြင်း၊ ကိုယ်ခံအားစနစ်မူမမှန်ခြင်း၊ ကင်ဆာရောဂါ၊ သွေးတိုး၊ အဖျားတက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ဗိုက်အောင့်ခြင်း၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ

COVID-19၊ ကိုရိုနာဗိုင်းရပ်စ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်း၊ သွေးကြော၊ ဝမ်းပျက်၊ ဝမ်းလျှော၊ အော့အန်၊ ဗိုက်အောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

နှာခေါင်းစည်း တပ်တာ ဘာကြောင့် နှာခေါင်းဖော်ထားတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020
စာသင်ကျောင်းတွေ စိတ်ချလက်ချ ပြန်ဖွင့်ဖို့ဆိုရင်

စာသင်ကျောင်းတွေ စိတ်ချလက်ချ ပြန်ဖွင့်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020
အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 22, 2020