နနွင်း ကဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး အရေပြားဆဲလ်တွေကို လုပ်ဆောင်မှုကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ အရေပြားပေါ်မှာဖြစ်တဲ့ အကြောပြတ်ရာတွေ သက်သာစေဖို့ဆိုရင် နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ရောပြီး သံပုရာရည် နည်းနည်း ညှစ်ပေးပါ။ ပြီးရင် အကြောပြတ်တဲ့နေရာကို တစ်နေ့ နှစ်ကြိမ်လိမ်းပေးရုံပါ။
နနွင်းက အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ခြောက်သွေ့နေတယ်ဆိုရင် နနွင်းကို အရေပြားပေါ်မှာ လိမ်းပေးရုံပါ။ ဒီလိုလိမ်းပေးတာက အပေါ်ယံအရေပြားလွှာက ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ကျန်းမာစေနိုင်မှာပါ။ အရေပြား ထိခိုက်ပျက်စီးမှုကိုလည်း လျှော့ချပေးနိုင်မှာပါ။
ဝက်ခြံတွေ သက်သာသွားပေမယ့် ဝက်ခြံအမာရွတ်တွေ ကျန်နေခဲ့လို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ နနွင်းစစ်စစ်လေး သုံးလို့ မျက်နှာ ပေါင်းတင်ကြည့်ပါလို့ ပြောပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။