backup og meta

စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ

    အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ပြဿနာတွေ များသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတစ်ခေါက်တော့ စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    အကြောင်းကတော့ အသားအရေ ထိခိုက်စေနိုင်တဲ့ အရာတွေ အများကြီးထဲမှာမှ လေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာ အသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။

    အချိုဆို ဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွိုက်ထိရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    အရေပြားက စတီးရွိုက် ထိထားတာလား။

    အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းတော့ မတူနိုင်ဘူးပေါ့။

    စတီးရွိုက်​ကြောင့် အသားအရေ ထိခိုက်တဲ့အခါ သက်သာစေဖို့

    စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာက စောစောသိလေ ပိုကောင်းလေပါ။ ဒါမှလည်း အသားအရေ ထိခိုက်မှု နည်းတော့မှာပေါ့။

    ဒါကြောင့် အပေါ်မှာ ပြောတဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင်

    စတီးရွိုက်ပါတဲ့ အလှကုန် သုံးနေတာကို ချက်ချင်း ရပ်ပါ။

    စတီးရွိုက် ပါတဲ့ဆေးကို ရပ်လိုက်တဲ့အခါ မျက်နှာပေါ်က အဖုအပိမ့်တွေက ကန်ထွက်လာသလို အများကြီး ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အသားအရေကို ထပ်မပျက်စီးစေဖို့တော့ ရပ်သင့်ပါပြီ။ ရပ်လိုက်တဲ့အခါ ပြန်ကန်တာကို ကြုံရမှာပါ။ ဒါကြောင့် ဒီတိုင်းရပ်လိုက်ရုံတင် မဟုတ်ဘဲ အရေပြား ဒါမှမဟုတ် အလှအပဆိုင်ရာ ဆရာဝန်နဲ့ပါ ပြသသင့်ပါတယ်။

    ဆရာဝန်နဲ့ အမြန်ပြပါ။

    ကိုယ့်ဘာသာကိုယ် ဘာမှထပ်မလုပ်၊ ထပ်မလိမ်းပါနဲ့တော့။ တတ်ကျွမ်းတဲ့ အရေပြားဆရာဝန် ဒါမှမဟုတ် အလှအပဆရာဝန်နဲ့သာ ပြပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ရမ်းပြီး လုပ်လို့ ထပ်ပျက်စီးသွားရင် ကုရတာ ပိုခက်သွားမှာပါ။

    ရေခဲ ကပ်ပေးပါ

    ရေခဲ ကပ်ပေးတာ၊ ရေအေးဝတ်ကပ်ပေးတာက စတီးရွိုက်ကြောင့် အရေပြား ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။ သတိထားရမှာက အေးလွန်းတယ်ဆိုရင်လည်း အသားအရေခြောက်ပြီး ပိုယားလာနိုင်ပါတယ်။ ဒါကြောင့် အဝတ်သန့်သန့်လေး ခံပြီး ကပ်ပေးပါ။ ကိုယ်ခံနိုင်တဲ့ အအေးလောက်နဲ့ပဲကပ်ပါ။

    Antihistamine ဆေးဝါးများ

    စတီးရွိုက်ကြောင့် အသားအ​ရေ ထိခိုက်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ဆိုရင်Antihistamine ဆေးဝါးတွေကို အသုံးပြုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကတော့ ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။

    ပိုးသတ်ဆေး

    ပိုးသတ်ဆေးတွေကတော့ စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးပြီး ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ အဓိကကတော့ ရောင်ရမ်းတာ၊ ပြည်တည်နာ၊ ပေါက်ပြဲတာတွေကနေ ပိုးဝင်တာကို သက်သာစေတာပါ။

    စတီးရွိုက်ဆေးဝါးတွေ

    လိုအပ်တဲ့အခါ အရေပြားဆရာဝန်တွေကစတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တာကို သက်သာစေဖို့ စတီးရွိုက် သောက်ဆေးကို ကာလတို တစ်ခုအထိ ပေးတတ်ပါတယ်။ ဒီလို သောက်သုံးမှုက လက္ခဏာတွေကို ပိုမဆိုးစေဘဲ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့်ပါ။ စတီးရွိုက်ရပ်လိုက်တာကြောင့် ပြန်ကန်တာကိုလည်း ထိန်းချုပ်ဖို့အတွက် ဖြစ်ပါတယ်။

    စတီးရွိုက်က အင်မတန်အသုံးဝင်တဲ့ ဆေးဝါးပါ။ အရေပြားရောဂါတွေ အပါအဝင် တခြားသော ကျန်းမာရေးပြဿနာတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ မသုံးတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးများစေတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးသင့်ပါဘူး။ အလှကုန်တွေဆိုရင်လည်း စိတ်ချရတဲ့အမျိုးအစားတွေကိုပဲ သုံးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 11/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement