backup og meta

Rose Water ကပေးတဲ့ ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Rose Water ကပေးတဲ့ ကျန်းမာရေး

    Rose Water လို့ပြောလိုက်ရင် လေဒီလေး တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ။ ဒီ Rose Water လေးက လေဒီလေးတွေ သိထားသလို အသားအရေအတွက်ပဲ အသုံးဝင်တာလား။ အခြားရော ဘာတွေများ အသုံးဝင်သေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    Rose water ဆိုတာ ဘာလဲ……..

    Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလို အရေပြား ကျန်းမာရေး နဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။

    နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား အရှေ့အလယ်ပိုင်း ဒေသတွေမှာ နှင်းဆီပန်းကို ဆေးဝါးဖော်စပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။

    Rose Water ကပေးတဲ့ ကျန်းမာရေး

    အရောင်အသွေးရော ရနံ့ပါပြည့်စုံသလို သဘာဝဖော်စပ်မှုစစ်စစ်ဖြစ်လို့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးလို့ရတဲ့ Rose Water လေးက

    အရေပြား နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

    Rose Water ရဲ့ အာနိသင်တစ်ခုက နာကျင်ရောင်ရမ်းမှုတွေကို လျော့ပါး သက်သာစေနိုင်တာပါ။ ဒီအစွမ်းသတ္တိက ကိုယ်တွင်းကိုယ်ပက ရောင်ရမ်းမှုတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အရေပြားပေါ်မှာ နှင်းခူလိုမျိုး အရေပြားပြဿနာတွေရှိနေမယ်။ အရေပြားတွေ နာကျင်ရောင်ရမ်းနေမယ်ဆိုရင် သက်သာစေဖို့အတွက် Rose Water ကို လိမ်းပေးလို့ရပါတယ်။

    လည်ချောင်းနာ သက်သာစေတယ်

    လည်ချောင်းနာနေသူတွေ အနေနဲ့ Rose Water ကို သောက်သုံးပေးလို့ ရပါတယ်။  ရှေးယခင် ကာလတွေကတည်းက လည်ချောင်းနာတာကို သက်သာစေဖို့ Rose Water ကို အသုံးပြုခဲ့ကြတာပါ။ လည်ချောင်းနာတာသက်သာစေဖို့ Rose Water ကို အသုံးပြုပေးလို့ ရပါတယ်။
    အရေပြား နီမြန်းတာကို သက်သာစေနိုင်တယ်
    Rose water ကို အရေပြား အလှအပအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာပါ။ အသားအရေကို ကြည်လင်ကျန်းမာစေပြီး နီမြန်းတာကို သိသိသာသာ သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ကြောင့် ဝက်ခြံတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
    ပိုးဝင်ကူးစက်တာကို ကာကွယ်ပေးတယ်
    Rose water မှာ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ Rose water မှာ ဆေးဖက်ဝင် အာနိသင်တွေ ရှိနေတာကြောင့်ပါ။ Rose water ကို မျက်စဉ်းခတ်ပေးလို့ ရသလို မျက်စိနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

    နှင်းဆီ ပွင့်ချပ်တွေနဲ့ နှင်းဆီ အဆီအနှစ်တွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာက Rose water လေးရဲ့ အစွမ်းအာနိသင်တစ်ခုပါ။

    အပူလောင်တာနဲ့ ထိခိုက်ရှနာတာတွေကို သက်သာစေနိုင်တယ်
    Rose water ကပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာကျက်မြန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အနာကို ပိုးဝင်တာမျိုး မဖြစ်အောင် သန့်စင်ပေးသလို  ပြတ်ရှဒဏ်ရာနဲ့ အပူလောင်နာတွေကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အမာရွတ် မကျန်စေဘဲ အနာကျက်စေဖို့ဆိုရင် Rose water ကို အသုံးပြုပေးလို့ရပါတယ်။
    စိတ်ခံစားမှုကို ကောင်းစေတယ်
    Rose water ရဲ့နောက်ထပ်အာနိသင်တစ်ခုက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တာပါ။ စိတ်ပူပန်တာ၊ စိတ်ဖိစီးမှုများတာတွေကို သက်သာစေနိုင်ပြီး အာရုံကြောစနစ်တွေကို အနားရစေနိုင်ပါတယ်။ စိတ်ဓာတ်ကျတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ခေါင်းကိုက် သက်သာစေတယ်

    Rose water က ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပြီး ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်လာတဲ့အခါ ရေနွေးထဲကို Rose water  ထည့်​ပြီး ရေနွေးငွေ့ ရှူပေးလို့ရသလို Rose water  ထည့်ထားတဲ့ ရေကို တဘက်မှာ စွတ်ပြီး နဖူးမှာ ကပ်ပေးလို့လည်း ရပါတယ်။

    အရွယ်တင် စေနိုင်ပါတယ်

    Rose water ကို မျက်နှာပေါ်က အရေးအကြောင်းတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ်ပုံမှန် အသားအရေမှာ လိမ်းပေးတာက အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    ကဲ……. အရောင်အသွေးရော အမွှေးရနံ့ပါ ပြည့်စုံတဲ့ Rose water  လေးကို သုံးရင်း ကျန်းမာရေး အာနိသင်တွေရယူလိုက်ပါ……

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement