ဆောင်းရာသီမှာ နည်းစနစ်မှန်မှန် ဆဲလ်သေ ဖယ်ရှားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 8, 2020 . 2 mins read
Share now

ဆောင်းရာသီနဲ့ အပြိုင် ချစ်စရာကောင်းတဲ့ လေဒီလေးဖြစ်စေဖို့ဆိုရင် ဆောင်းရာသီမှာလည်း အခြားရာသီတွေလို ကြည်လင်တဲ့ အသားလေးကို ပိုင်ဆိုင်ထားဖို့ လိုမှာပါ။ ဒီတော့ ဆောင်းရာသီ အသားလေး ကြည်လင်နေအောင် ဘာလုပ်ရမလဲ……….

လွယ်ပါတယ်။ ဆဲလ်သေတွေဖယ်မယ်။ အစိုဓာတ်ထိန်းမယ်ပေါ့။ ဆောင်းရာသီက အသားခြောက်တယ်လေ ဆဲလ်သေဖယ်ရှားရင် အသားပိုခြောက်ပြီး ထိခိုက်မလားဆိုပြီး စိတ်ပူနေပြီလား။

စိတ်မပူပါနဲ့ ဆောင်းရာသီမှာ ကြည်လင် ကျန်းမာတဲ့ အသားလေးပိုင်ဆိုင်နိုင်စေဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ ဆဲလ်သေ ဖယ်ရှား လိုက်ပါ။

ဆောင်းရာသီမှာ နည်းစနစ်မှန်မှန်နဲ့ ဆဲလ်သေ ဘယ်လို ဖယ်ရှားမလဲ………….

အသားအရေကို အထိရောက်ဆုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ဆဲလ်သေဖယ်ရှားဖို့ကလည်း မေ့ထားလို့ မရတဲ့ အသားအရေ ထိန်းသိမ်းမှု အဆင့်တစ်ခုပါ။ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ် ဆဲလ်သေတွေ ဖယ်ရှားတာက ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းကောင်းပါ။ ဒါကြောင့် အသားခြောက်တဲ့ ဆောင်းရာသီမှာ အသားအရေ ကျန်းမာစေဖို့ဆိုရင်

အာဟာရ ဖြည့်ပေးတဲ့ ဆဲလ်သေဖယ်ရှားတာမျိုးကို ရွေးပါ။

ဆဲလ်သေတွေ ဖယ်ရှားဖို့  exfoliator ရွေးတဲ့အခါ သဘာဝဆန်တာမျိုးဖြစ်ဖို့ လိုပါမယ်။ နောက်ထပ် ကြည့်ရမှာတစ်ခုက အစိုဓာတ်ထိန်းတာပါ ပါသလားဆိုတာပါ။ ဒီနှစ်ချက် ပြည့်စုံတာမျိုးက ဆောင်းတွင်းနဲ့ အသင့်တော်ဆုံးပါ။

paraben-free ဖြစ်တာမျိုးဖြစ်မယ် သဘာဝ အဆီလည်း ပါမယ်ဆိုရင် ဆောင်းရာသီမှာ ထိခိုက်လွယ်တဲ့ အသားအရေအတွက်တောင် သင့်တော်တဲ့ exfoliator  လို့ ဆိုရပါမယ်။

တစ်ပတ်ကို တစ်ကြိမ်သာ ဆဲလ်သေ ဖယ်ရှားပါ။

ကျန်တဲ့ အချိန်တွေမှာ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဆဲလ်သေ ဖယ်ရှားတယ်ဆိုရင်တောင် ဆောင်းရာသီမှာတော့ တစ်ပတ်ကို တစ်ကြိမ်ပဲ ဆဲလ်သေ ဖယ်ရှားပါ။ တစ်ကြိမ်ထက်ပိုပြီး ဆဲလ်သေ ဖယ်ရှားတာက ကျန်းမာတဲ့ ဆဲလ်တွေကို ထိခိုက်စေနိုင်လို့ပါ။

ရေချိုးချိန်မှာ ဆဲလ်သေဖယ်ရှားပါ။

ရေနွေးနွေးနဲ့ ရေချိုးတာက သက်တောင့်သက်သာ ဖြစ်စေပြီး အရေပြားပေါ်က မွေးညှင်းပေါက်လေးတွေကို ပွင့်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဆဲလ်သေတွေကို ဖယ်ရှားတာက အကောင်းဆုံး နည်းလမ်းပါ။ ဒါကြောင့် ဆဲလ်သေတွေကို ရေချိုးချိန်မှာ ဖယ်ရှားပါ။

ရေနွေးနဲ့ ရေမချိုးချင်ဘူးဆိုရင် ဆဲလ်သေတွေ မဖယ်ရှားခင်မှာ ရေနွေးငွေ့ ခံပေးပါ။

ဆဲလ်သေ ဖယ်ရှားပြီးတာနဲ့ ချက်ချင်း ရေဓာတ်ဖြည့်ပါ

ဆဲလ်သေတွေ ဖယ်ရှားပြီးပြီဆိုတာနဲ့ အသားအရေကို ချက်ချင်း ရေဓာတ် ဖြည့်ပေးပါ။ ဒီလို လုပ်ပေးတာက အသားခြောက်တာ၊ အသားအရေ ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ရော ရောက်ပါတယ်။

ဆဲလ်သေတွေ ဖယ်ရှားပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုကို ချက်ချင်းလိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး ကြည်လင် လှပစေမှာပါ။

ဆောင်းရာသီမှာ ကြည်လင်တဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်စေဖို့ အခုလိုမျိုး နည်းစနစ် မှန်မှန်နဲ့ ဆဲလ်သေတွေ ဖယ်ရှားလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြားက ဘာလို့ Sensitive ဖြစ်………..

တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်ဆိုတိုင်းsensitive skin type မဟုတ်ပါဘူး။ ဝက်ခြံ မပြတ်တမ်းထွက်တာ ဒါမှမဟုတ် ခြောက်သွေ့တာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက်ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းရာသီ ဆောင်းတွင်း အသားပပ် အသားခြောက် အရေပြား အသားအရေ သဘာဝအဆီ အစိုဓာတ် ရေဓာတ် ကိုဗစ် ကျန်းမာရေး အဝတ်အစား လက်ဆေး ဆပ်ပြာ တံတွေး နှုတ်ခမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read