backup og meta

အချစ်က လှပကျန်းမာစေတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချစ်က လှပကျန်းမာစေတယ်

    အချစ် နဲ့ တွေ့ရင် မြင်သမျှ တွေ့သမျှတင် လှနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မှာလည်း အလှတိုး လာပါတယ်နော်။ အချစ်က သင့်ကို လှပစေတဲ့ ကုထုံး တစ်ခုဆိုရင် ထူးဆန်း နေမလား………………

    အချစ်က သင့်ကို အလှတိုးစေတဲ့ အရာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခြင်းမျိုး ဖြစ်ဖို့တော့ လိုမှာပေါ့။ လူတစ်ယောက်ကို ချစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်က အချစ်ခံရတဲ့ အခါမျိုးမှာဖြစ်ဖြစ် အသားအရေတွေက ပြောင်းလဲလာပြီး အလှတွေလည်း တိုးလာပါတယ်။ စွဲစွဲမြဲမြဲ ချစ်တတ်ခြင်းရဲ့ ကောင်းကျိုးလို့ပဲ ဆိုရမလား။

    အချစ်က လှပကျန်းမာစေတယ်

    လူတစ်ယောက်ကို စွဲစွဲမြဲမြဲ ချစ်တဲ့အခါ အခုလို အလှအပဆိုင်ရာ ပြောင်းလဲမှုလေးတွေ ဖြစ်လာနိုင်ပါသတဲ့။

    ချစ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ အကြောင်းကတော့ ချစ်ခြင်းအားဖြင့် တစ်ဦး နဲ့ တစ်ဦး ဂရုစိုက် ကြင်နာမှုတွေက အချစ်ဟော်မုန်းလို့ခေါ်တဲ့ အောက်စီတိုစင် ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ စိတ်ခံစားမှု ကောင်းနေစေပါတယ်။

    စိတ်ဖိစီးမှု ကင်းပြီး စိတ်ခံစားမှု ကောင်းနေမှတော့ အလိုလိုကို ​ကြည့်ကောင်းနေပြီဆိုတာ အသေအချာပေါ့။

    အရေးအကြောင်းတွေ ဖြစ်မှာ ရုပ်အိုမှာ ကြောက်ရင် ချစ်လိုက်ပါ။ ချစ်တာက ကော်လာဂျင်တွေ ထွက်လာအောင် လုပ်ဆောင်ပေးတာကြောင့် အသားအရေကို အရွယ်တင် နုပျိုစေပါတယ်နော်။

    အချို့သူတွေ အရွယ်တင် ကြတယ်နော် ဆိုတာက ချစ်တတ်သူတွေ မို့လို့ပါ။ ကဲ..အရွယ်တင်နုပျိုချင်တယ် ဟုတ်။ ချစ်ကြည့်လိုက်လေ။

    • အသားလေး glow လာပါလိမ့်မယ်

    လေ့ကျင့်ခန်း လုပ်ရင်၊ အပြေးလေ့ကျင့်ရင် အသားလေး glow တယ်နော်။ ချစ်ခြင်းအားဖြင့်လည်း အသားအရေလေးက ပန်းရောင်သွေးကြွယ်လို့ glow ပါတယ်နော်။

    ဒါက ချစ်တဲ့အခါ စိတ်လှုပ်ရှားမှုကြောင့်ပါ။ စိတ်လှုပ်ရှား ခံစားရမှုတွေက အသားအရေကို လေ့ကျင့်ခန်း လုပ်ထားသလိုကို glow စေတာပါ။ love glow လို့လည်း ခေါ်ကြပါတယ်။ မျက်နှာပေါ်က ဆံချည်မျှင် သွေးကြောလေးတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး မျက်နှာလေးမှာ ပန်းရောင်သွေး ကြွယ်စေတာပါ။

    ချစ်ခြင်းရဲ့ နောက်ထပ် အလှအပ တစ်ခုက အသားအရေကို ဝက်ခြံကင်းပြီး ကြည်လင် လှပစေတာပါတဲ့။ ချစ်တဲ့အခါ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး မျက်နှာပေါ်က ဝက်ခြံတွေကို ကင်းလို့ လှပစေတာပါ။

    ကဲ… ချစ်တာက ဝက်ခြံကင်းစေမယ့် နည်းလမ်းကောင်း တစ်ခုဆိုတော့ ချစ်ခြင်းအားဖြင့် ဝက်ခြံ ကင်းကြစို့လား…………

    ချစ်ခြင်းအားဖြင့် လှပစေမှုမှာ အသားအရေ အပြင် ဆံပင်လည်း ပါပါသေးတယ်။ ဆံပင်တွေ ကျွတ်တာကို သက်သာစေသလို ဆံသားကို နက်မှောင် သန်စွမ်းစေပါတယ်။

    ကျန်းမာ နက်မှောင်တဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခြင်း တစ်ရပ်ကို ဖန်တီးဖို့ ပြောပါရစေ။

    • ပိုပျော်ရွှင်ကြတယ်

    Single တွေထက် Relationship တွေက ပိုပျော်ရွှင်ကြပါတယ်။ နေ့ရက်တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အခက်အခဲတွေကို မမှုတမ်း ရင်ဆိုင်တတ်ကြသူတွေမှာ ပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားကြသူတွေပါ။

    • ကျန်းမာရေး ကောင်းကြတယ်

    ပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားကြသူတွေက ဖျားနာခဲကြသလို ကျန်းမာကြပါတယ်။ စိတ်ပျော်ရွှင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေတာဖြစ်သလို  ကြင်နာယုယ ဂရုစိုက်တတ်တဲ့ လက်တွဲဖော်က အချိန်မှန်မှန်အိပ်၊အချိန်မှန်မှန်စားဖို့နဲ့ ကျန်းမာရေးထိခိုက်စေတာတွေကို မလုပ်ဖို့ တစ်ချိန်လုံး သတိပေးနေတာ ဂရုစိုက်တာတွေ လုပ်ပေးနေတာကြောင့်လည်း ပါတာပေါ့။

    • သွေးတိုးကျစေတယ်

    အမြဲလိုလို ပျော်ရွှင်နေတော့ သွေးတိုးဖို့ နှလုံး ကျန်းမာရေး ထိခိုက်မှုတွေကို ဝေးဝေးနေလို့ ပြောလို့ ရပြီပေါ့။ ပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေးက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားသူတွေက သွေးတိုးရောဂါ ကင်းကြပါတယ်။

    • နာကျင်မှုတွေ ကင်းတယ်

    ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ပြည့်ဝနေတာကြောင့် နာကျင်မှုလား! ဝေးဝေးနေလို့ ပြောနိုင်တဲ့သူတွေက အခြားသူတွေ မဟုတ်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေပါ။

    ကဲ…. အချစ်က လှပကျန်းမာစေတယ် ဆိုတာကို သိပ္ပံနည်းကျ စမ်းသပ်မှုတွေ ရှိတယ်ဆိုတော့ တစ်ယောက်ယောက်ကို ချစ်ကြည့်ကြစို့လား………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement