backup og meta

သင့်အသားအရေအတွက် အကောင်းဆုံးဗီတာမင်များ


Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေအတွက် အကောင်းဆုံးဗီတာမင်များ

    သင့်ရဲ့အသားအရေကို ဂရုစိုက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ လုပ်ဆောင်မှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သင့်အရေပြားဟာ သင့်ကိုယ်ခန္ဓာရဲ့ အကြီးမားအကျယ်ပြန့်ဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်နေလို့ပါပဲ။

    အသားအရေကို မပျက်စိးအောင် ထိန်းသိမ်းဖို့ဆိုရင် အများစုအနေနဲ့ ပြောနေကြကတော့ ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်း မရှိအောင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ဖို့၊ အပြင်ထွက်တဲ့အခါ အကာအကွယ်တွေ သေချာဝတ်ဆင်သွားဖို့ ဖြစ်ပါတယ်။

    ဒါပေမယ့် နေရာင်ခြည်ဟာ ဆိုးကျိုးပဲပေးတာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၀-၁၅ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ ဗီတာမင် D ကို ရရှိစေပါတယ်။ ဗီတာမင် D အပါအဝင် ဗီတာမင် C၊ ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အသားအရေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့ ဗီတာမင်တွေပဲ ဖြစ်ပါတယ်။

    ယခုဆက်လက်ပြီး သင့်အသားအရေကို အထောက်အကူပြုတဲ့ အကောင်းဆုံး ဗီတာမင်တွေအကြောင်း ဖော်ပြသွားမှာဖြစ်ပါတယ်။

    ဗီတာမင် D

    နေရောင်ခြည်ကနေတဆင့် ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ ဗီတာမင် D ကို အသည်းနဲ့ ကျောက်ကပ်ကနေ ရယူပြီး ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်ပေးပါတယ်။ အဲဒီအထဲမှာ အရေပြားလည်း ပါဝင်ပါတယ်။ ဗီတာမင် D ဟာ အသားအရေရဲ့ တင်းရင်းမှုကို ထိန်းသိမ်းပေးပါတယ်။ Psoriasis ခေါ် အရေပြားရောဂါကို ကုသရာမှာတောင် အထောက်အကူပြုပါတယ်။

    Calcitriol ဟာ ဗီတာမင် D ကို တုပထုတ်လုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ Psoriasis ရောဂါကို ကုသနေသူတွေမှာ Calcitriol ခရင်မ်ကိုလိမ်းပေးခြင်းဟာ ထိရောက်မှုရှိကြောင်း သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ Calcitriol ဟာ Psoriasis ဖြစ်ပွားနေသူတွေမှာ အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း စတာတွေကို သက်သာစေတယ်လို့ သိရပါတယ်။

    ဗီတာမင် D ကို တစ်နေ့တာ လိုအပ်ချက်ကတော့ တစ်ရက်ကို 600 IU ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အသက် ၇၀ ကျော်အရွယ်တွေမှာ ပိုမိုလိုအပ်ပါတယ်။

    ဗီတာမင် D ကို ရရှိနိုင်တဲ့ နည်းလမ်းတွေကတော့ နေရောင်ခြည်ကို တစ်ရက်မှာ ၁၀ မိနစ်ခန့် ထိတွေ့ပေးခြင်း၊ ဗီတာမင် D ပါဝင်တဲ့ အစားအစာများစားသုံးခြင်း (ဥပမာ လိမ္မော်ရည်၊ ဒိန်ချဉ်၊ ဆယ်လ်မွန်ငါး၊ တူနာငါး) စတာတွေပဲ ဖြစ်ပါတယ်။

    ဗီတာမင် C

    ဗီတာမင် C ကို အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ အများဆုံး တွေ့ရပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကော်လာဂျင်ထုတ်လုပ်ပြီး အရေပြားကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် နုပျိုလှပစေဖို့ဆိုပြီး ထုတ်လုပ်ကြတဲ့ အလှအပရေးရာပစ္စည်းတွေမှာ ဗီတာမင် C ဟာ အဓိက ပါဝင်ရခြင်း ဖြစ်ပါတယ်။

    ဗီတာမင် C ကို သောက်သုံးခြင်းဟာ အရေပြားကနေ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရာမှာ အားဖြည့်ကူညီပေးပါတယ်။ အရေပြားဆဲလ်တွေ ပျက်စီးခြင်းကို သက်သာစေပြီး အနာကျက်လည်း မြန်စေပါတယ်။ သဘာဝအလျောက် ကော်လဂျင်ဖွဲ့စည်းရာမှာ ပါဝင်တဲ့အတွက်ကြောင့် အိုမင်းရင့်ရော်ခြင်းကိုပါ အတိုင်းအတာတခုအထိ ကာကွယ်နိုင်ပါတယ်။ အရေပြား အတွန့်အခေါက် အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကိုလည်း သက်သာစေပါတယ်။

    ဗီတာမင် C ရဲ့ တစ်နေ့တာလိုအပ်ချက်ကတော့ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာများကတော့ လိမ္မော်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီ၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ် စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် C ဆေးပြားလည်း သောက်သုံးနိုင်ပါတယ်။

    ဗီတာမင် E

    ဗီတာမင် C ဟာလည်း ဗီတာမင် E လိုပဲ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး နေရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ခရင်မ်ကို အရေပြားပေါ်လိမ်းလိုက်ရင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးပါတယ်။ အရေပြားပေါ်မှာ အမည်းစက်များ၊ အရေးအကြောင်းများ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ဗီတာမင် E ကို တစ်နေ့တာလိုအပ်ချက်ကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။ ဗီတာမင် E ကို အစေ့အဆန်များနဲ့ အခွံမာသီးများ (ဥပမာ နေကြာစေ့၊ သစ်ချသီး) စတာတွေ ဖြစ်ပါတယ်။ ဗီတာမင် E အားဖြည့်ဆေး သုံးစွဲနိုင်သလို လိမ်းဆေးအနေနဲ့လည်း ရရှိပါတယ်။

    ဗီတာမင် K

    ဗီတာမင် K ဟာ သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်ပြီး အနာများ၊ ထိခိုက်ရှနာများ၊ သွေးခြေဥဒဏ်ရာများ သက်သာပျောက်ကင်းအောင် ကူညီပေးပါတယ်။ ဗီတာမင် K ဟာ အရေပြားပေါ်မှာ အကြောပြတ်ရာများ၊ အမာရွတ်များ၊ အမည်းစက်များ စတာတွေ လျော့နည်းစေပါတယ်။

    ဗီတာမင် K ကို တစ်နေ့တာလိုအပ်ချက်ကတော့ တစ်နေ့ကို ၉၀ ကနေ ၁၂၀ မိုက်ခရိုဂရမ်ဖြစ်ပါတယ်။ ဗီတာမင် K ရရှိနိုင်တဲ့ အစားအစာတွေကတော့ ကိုက်လန်၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ပဲစိမ်း စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement