backup og meta

မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ........

    မိုးရာသီမှာ အသားအရေက စိုပြေမနေဘဲ ကြမ်းတမ်း ခြောက်သွေ့နေပြီလား……. ဒါဆိုရင် ဆန်းစစ်ရမယ့် အချက်က သိပ်မများဘူး။ နှစ်ခုပဲ ရှိတယ်။ ဒါက စားနေတဲ့ အစားအသောက်တွေကြောင့်လား၊ နေ့စဉ် လုပ်မိနေတဲ့ အလေ့အထကြောင့်လား ဆိုတာပါ။ ကဲ ဒီတော့ မိုးတွင်းမှာ အသားအရေလေး Glow  ပြီး လှနေစေဖို့ ဘာတွေ စားရမလဲဆိုတာ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    မိုးရာသီမှာ အသားအရေလေး Glow စေဖို့ ဘာတွေစားမလဲ……..

    မိုးရာသီမှာ အသားအရေလေး Glow  ပြီး လှစေဖို့ဆိုရင် ဒါလေးတွေကို စားပေးသင့်ပါတယ်။

    ရာသီစာ အသီးအနှံလေးတွေ

    မိုးရာသီမှာ သီးတဲ့ သရက်သီး၊ သစ်တော်သီး၊ မက်မွန်သီး၊ သပြေသီးလိုမျိုး အသီးတွေမှာ အသားအရေကို ကျန်းမာနေစေဖို့ အထောက်အပံ့ပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီအာနိသင်က အသားအရေကို နေ့စဉ်လှုပ်ရှားသွားလာမှုအတွင်း ထိတွေ့မိနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေ။ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေကြောင့် အသားအရေ မွဲခြောက်တာ၊ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်ပေးမှာပါ။

    ဒါကြောင့် မိုးတွင်းမှာ အသားအရေလေး Glow ဖို့ဆိုရင် ရာသီစာ အသီးအနှံလေးတွေကို စားပေးပါ။

    အဆီများတဲ့ လမ်းဘေးစာတွေကို ရှောင်ပါ

    မိုးအေးအေးဆို အစားစားချင်စိတ်က အခြားအချိန်တွေထက် ပိုမို ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် စားချင်စိတ် ဖြစ်လာတယ်ဆိုပြီး လမ်းဘေးစာတွေကို မစားဖို့ ပြောပါရစေ။ မိုးတွင်းမှာ လမ်းဘေးစာတွေ စားသုံးတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို ဆိုင်မှာ ထိုင်စားတာက အရေပြားကို ပိုးဝင်ကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။
    အဆီများတဲ့ အစားအစာတွေက အစာအိမ်ကိုရော အသားအရေကိုပါ ထိခိုက်စေနိုင်တာကြောင့် မိုးကာလမှာ အသားအရေ ကျန်းမာစေဖို့ဆိုရင် အဆီများတဲ့ ဆီကြော်စာတွေ လမ်းဘေးစာတွေကို မစားဖို့ ပြောပါရစေ။

    ရေများများသောက်ပါ

    အရေပြားဆဲလ်တွေမှာ အဓိက ပါဝင်ဖွဲ့စည်းထားတာက ရေဓာတ်ပါ။ ရေသောက်နည်းမယ်ဆိုရင် အသားအရေက ခြောက်သွေ့ ကွဲအက်ပြီး ထိခိုက်လွယ်ပါတယ်။ မိုးအေးတာကြောင့် ရေသောက်နည်းတာက အသားအရေရဲ့ ကြည်လင်လှပနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ အသားအရေလေး ကြည်လင်လှပနေစေဖို့ဆိုရင် နေ့စဉ် ရေ ၈ ခွက်ထက်မနည်းသောက်ပေးဖို့ လိုပါမယ်။

    ရေက အရသာမရှိလို့ မသောက်ချင်ဘူးဆိုရင် သဘာဝ သစ်သီးဖျော်ရည်၊ green tea နဲ့ ဟင်းချိုရည်တို့ကို သောက်သုံးပေးလို့ ရပါတယ်။

    အစေ့အဆန်တွေ

    အစေ့အဆန်တွေက အာဟာရကြွယ်ဝတဲ့ အဆာပြေ စားစရာတွေပါ။ ကျန်းမာရေးကို အထောက်အကူပြုသလို ဗီတာမင် E ပါဝင်နေတာကြောင့်  အသားအရေကို နုပျိုစေပြီး ကြည်လင်လှပစေပါတယ်။

    အချိုကဲတာတွေ ရှောင်ပါ

    သကြားအစားများတာက အသားအရေကို အရေးအကြောင်း ဖြစ်စေတာအပြင် အသားအရေ ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ကြည်လင်ပြီး လှပနေစေဖို့ဆိုရင် အချိုများတဲ့ ရေခဲမုန့်၊ ကွတ်ကီး၊ အချိုရည် စတာတွေကို မစားပါနဲ့။

    မိုးရာသီမှာ အသားအရေလေး Glowစေဖို့ ဒါလေးတွေ စားပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement