backup og meta

ဝက်ခြံကင်းဖို့ လေ့ကျင့်ခန်းလုပ်စို့


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကင်းဖို့ လေ့ကျင့်ခန်းလုပ်စို့

    ဝက်ခြံတွေကြောင့် အလှပျက်ပြီး စိတ်ညစ်နေရပြီလား။ ဝက်ခြံကြောင့် ကိုယ့်ကိုယ့်ကို ယုံကြည်မှု အားနည်းနေပြီလား။ ဒါဆိုရင်တော့ ဒီဝက်ခြံတွေကို မောင်းထုတ်ဖို့ လေ့ကျင့်ခန်းလုပ်ရအောင်လား……

    ဝက်ခြံတွေ ဘာကြောင့်ဖြစ်……………

    ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုမကရှိပါတယ်။

    ဝက်ခြံ သက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါ

    ဝက်ခြံသက်သာစေဖို့ လေ့ကျင့်ခန်း လုပ်ပေးပါလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ လေ့ကျင့်ခန်းလုပ်တဲ့အခါ

    သွေးစီးဆင်းမှုကောင်းတဲ့အခါ အရေပြားဆဲလ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ စီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို စီးဆင်းရောက်ရှိမှု ကောင်းမွန်တာက အရေပြားအတွက် အကျိုးရှိတဲ့ ကော်လာဂျင်တွေ ထွက်ရှိမှုကို ကောင်းစေပြီး  အရေပြားဆဲလ်တွေကို ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်မှု နည်းစေပါတယ်။

    ဝက်ခြံအပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အရေးအကြောင်းတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်တာက ကိုယ်ခံအားကိုကောင်းစေပြီး ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို ခုခံတိုက်ထုတ်နိုင်တာကြောင့် အရေပြားမှာ ထိခိုက်တဲ့ အနာတွေကို မြန်မြန် ကျက်စေနိုင်သလို အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းက ကိုယ်တွင်းမှာ မြင့်တက်လာတဲ့အခါ စိတ်ဖိစီးမှု မြင့်တက်လာတာ၊ အိပ်ရေးပျက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါ cortisol ဟော်မုန်းက အဆီဂလင်းတွေကို အဆီတွေ ပိုထုတ်ဖို့ အချက်ပြလိုက်ပါတယ်။ ဒီအချိန်မှာ အဆီတွေက လိုတာထက် ပိုမိုထွက်ရှိလာပြီး ဝက်ခြံဖြစ်စေဖို့ အားပေးပါ တော့တယ်။

    လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေကို သက်သာစေနိုင်ပြီး စိတ်ဖိစီးတဲ့အခါ ထွက်လာမယ့် အဆီပိုတွေကြောင့် ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

    ညတိုင်းမှာ အိပ်ရေးမဝတဲ့အခါ အသားအရေတွေ ညစ်လာတာ၊ ခြောက်သွေ့ပျက်စီးတာနဲ့ ဝက်ခြံဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ညဘက် အိပ်ပျော်စေဖို့ဆိုရင် နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်ပေးရုံပါ။

    လေ့ကျင့်ခန်းလုပ်ပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို စည်းချက်ညီစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးလို့ ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။ အသားလေးကြည်လို့ ဝက်ခြံကင်းစေမှာ အသေအချာပါ။

    လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်းဟော်မုန်းဖြစ်တဲ့ Endorphins ဟော်မုန်းကို ထွက်စေနိုင်ပါတယ်။ ပျော်ရွှင်လေလေ စိတ်ဖိစီးမှု နည်းလေလေ၊ စိတ်ဖိစီးမှု နည်းလေလေ ဝက်ခြံ ကင်းလာလေလေပါ။

    လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်းဟော်မုန်းကို ထွက်စေပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို ကျဆင်းစေပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်တွင်း ကဟော်မုန်းတွေကို အကောင်းဆုံး အနေအထားတစ်ရပ်မှာ ထိန်းညှိပေးထားနိုင်တာကြောင့် ဝက်ခြံကင်းပြီး အသားအရ ကြည်လင်စေမှာပါ။

    • အသားအရေကို ထိန်းသိမ်းမိစေတယ်

    လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးတအားထွက်မယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ချွေးထွက်တာနဲ့အတူ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေ၊ အညစ်အကြေးတွေကို အရေပြား ပေါ်ရောက်ရှိလာစေသလို ဆဲလ်သေတွေနဲ့ ဖုန်မှုန့်တွေကိုပါ အရေပြား အပေါ်ယံလွှာဆီကို ရောက်ရှိလာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ မျက်နှာကို သေချာ သန့်စင်မယ် ၊ရေချိုး သန့်စင်မှုတွေ လုပ်လိုက်မယ်ဆိုရင် ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

    ကဲ…ဘယ်လိုလဲ ဝက်ခြံ ကင်းပြီး ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးကို အခုပဲ အကောင်အထည် ဖော်တော့မယ်ဟုတ်……………

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement