backup og meta

အလျင်အမြန်ဆုံး တင်းရင်းကြည်လင်ဖို့ mesotherapy

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလျင်အမြန်ဆုံး တင်းရင်းကြည်လင်ဖို့ mesotherapy

    ကဲ…. မေလေးတို့ရေ။

    နောက်ထပ် အသားအရေကုထုံး အဆန်းလေးတစ်မျိုးအကြောင်း နှင်းသိသလောက် sharing လုပ်ပါဦးမယ်နော်။ နှင်းက မေလေးတို့ကို လှစေချင်သူမဟုတ်လား။

    ကိုရီးယား မင်းသမီးလေးတွေလို မိတ်ကပ်မပါဘဲမျက်နှာလေး ကြည်လင်ဝင်းမွတ်တင်းရင်း နေချင်တဲ့ မေလေးတွေ မရှိကြဘူးလား။

    ဘယ်လောက်ပဲ skincare တွေလုပ်လုပ်၊ ပေါင်းတွေ တင်တင် အသားအရေ က ညစ်ထပ်ထပ် ဖြစ်နေကြတဲ့ မေလေးတွေ ရှိကြလား။

    ပြီးတော့ ပွဲသွားစရာရှိလို့…မင်္ဂလာဆောင်မှာမို့… သင်္ကြန်လည်ပြီး၊ ကမ်းခြေသွားပြီး ပျက်စီးလာတဲ့ အသားအရေကို အချိန်တိုအတွင်း ကောင်းမွန်လာချင်လား။

    အဲလိုမေလေးတွေအတွက် mesotherapy  လို့ခေါ်တဲ့ မျက်နှာ အသားအရေ ကုထုံးလေးရှိနေပါပြီနော်။ ဒီနည်းလေးရဲ့ အခြေခံကို၁၉၅၂ ခုနှစ် ပြင်သစ်နိုင်ငံမှာ Dr.Michel Piston ဆိုသူက စတင်တွေရှိခဲ့တာပါ။ကြာလှပြီနော်..အသိနောက်ကျလေခြင်း။ အခုခေတ်မှာတော့ popular ဖြစ်လာတာနဲ့ အမျှ ဆင့်ကဲပြောင်းလဲ တိုးတက် လာတာတွေလည်းရှိတာပေါ့။ သူက မျက်နှာ အရေပြားကို အာဟာရဖြစ်စေ… အသားအရေကြည်လင်စေမယ့် နှစ်သက်ရာ ဗီတာမင်တွေ နဲ့ သဘာဝ အပင်တွေကရတဲ့ အဆီအနှစ်တွေကို အပ်သေးသေးလေးတွေသုံးပြီး လိုက်ထိုးတာပါပဲ။ ထိုးဖို့ အများဆုံးရွေးချယ်ကြတဲ့ပစ္စည်းတွေကတော့ အသားအရေတင်းရင်းဖို့ collagen နဲ့ elastin မျိုးကွဲတွေ၊ amino acid တွေ၊အသားအရေကြည်လင်တောက်ပဖို့ ဗီတာမင် C နဲ့ တခြား vitamin complex တွေ ၊အသားဖြူ ဝင်းစေဖို့ glycolic acid ၊ hyaluronic acid နဲ့ L-glutathionen စတာတွေပေါ့။ ကိုယ်ဖြစ်ချင်တဲ့ result ကိုလိုက်ပြီးရွေးချယ်လို့ရပါတယ်။ ပြီးတော့ ကိုယ့် အရေပြားနဲ့ လိုအပ်ချက်ကိုလိုက်ပြီး ထိုးပုံထိုးနည်း အမျိုးမျိုး ၊ အပ် အမျိုးအစား အမျိုးမျိုး ကွဲသေးတာ။ သိတဲ့ အတိုင်းမျက်နှာအရေပြားမို့ အပ်ကလေးတွေကလည်း ၀.၂၆ က နေ ၀.၃ မီလီမီတာ လောက်ပဲ လုံးပတ်ရှိတဲ့ အပ်ပါးပါးလေးတွေ…အပ် အရှည်ကတော့ ထိုးတဲ့ technique ကိုလိုက်ပြီး  ၄ ကနေ ၁၃ မီလီမီတာအထိရှိတယ်။ မျက်နှာအရေပြား ( skin ) အောက်မှာ epidermis ခေါ် အပေါ်ယံလွှာနဲ့ dermis ခေါ် အောက်ခံ အလွှာရှိတဲ့ ထဲကမှ intra epidermal technique ခေါ် အပေါ်ယံလွှာထဲ ဆေးထိုးထည့်တာ၊  papular method ခေါ် epidermis နဲ့ dermis အလွှာနှစ်ခုကြားကို ဆေးထိုးတာ၊ nappage method လို့ ခေါ်တဲ့ အတွင်းဆုံး အလွှာရောက်အောင် အပ်ကို ၂-၄ မီလီမီတာ အနက်နဲ့ ၃၀-၆၀ ဒီဂရီစောင်းပြီး ထိုးတာ၊ dragging/ point to point technique မှာဆို အပ်သေးသေးလေးတွေ or dermapen နဲ့ ခြစ်ခြစ်ပြီး အစက်ချသွားတာ/ အပ်သေးသေးလေးတွေနဲ့ပေါက်ပေါက်ပြီး ထိုးတာ အစရှိသည်ဖြင့်ပေါ့လေ။ တချို့နည်းတွေမှာ ဆေးထိုးအပ်အိမ်ကို mesogun ခေါ် သေနတ်ပုံစံ အထိန်းကိရိယာထဲ ထည့်ထိုးဖို့ လိုပေမယ့် တချို့နည်းတွေမှာတော့ ဒီတိုင်းထိုးတာပါပဲ။ ဘယ်နေရာတွေကိုထိုးလဲဆိုတော့ facial  rejuvenation point တွေဖြစ်တဲ့ မျက်လုံးတစ်ဝိုက်တွေ၊ မျက်ခုံး အပေါ် နဖူးကြော နဲ့ hairline တစ်လျှောက်၊ smile line နေရာ နဲ့ နှုတ်ခမ်းနားတစ်ဝိုက်၊ မေးစေ့နဲ့ မေးအောက် နေရာတွေ ကို အဓိကထားထားတာပေါ့။ နာလားဆိုတော့ မထိုးခင် ထုံဆေး cream သုတ်တာတို့ ရေခဲကပ်တာတို့ လုပ်ထားတာမို့ ပုရွတ်ဆိတ် ကိုက်သလောက်တော့ နာပါသတဲ့။

    ‌ဆေးထိုးပြီးပြီးချင်း နေရာတွေကို ရေခဲကပ်တာသော် လည်းကောင်း antiinflammatory cream လိမ်းတာသော်လည်းကောင်း လုပ်လို့ရပါတယ်။ ၂ ရက်လောက်ထိ အဲ့ဒီလို ဆေးလိမ်းတာ၊ ရေခဲကပ်တာ လုပ်ပေးနိုင်ပါတယ်။ side effect အနေနဲ့က မရှိသလောက်ရှားပေမယ့် ဆေးထိုးပြီး ၁၅မိနစ်မှ ၂နာရီအတွင်း နီတာ ပူတာ ကျဉ်တာ ဖြစ်တတ်ပြီး သွေးခြည်ဥတာ အညိုအမည်းစွဲတာ ရောင်ရမ်းတာတွေက ၆နာရီကနေ ၃ ရက်အတွင်း ဖြစ်တတ်ပါတယ်။Dermapen နဲ့ဆိုရင်တော့ ၁-၃ ရက်အတွင်း တစ်မျက်နှာလုံးနီရဲနေပါလိမ့်မယ်။ တချို့တွေမှာ inflammatory response တွေက ၄ပတ်လောက်ထိ ဆက်ဖြစ်နေတတ်တယ်။ ဆေးထိုးထားတဲ့နေရာမှာလည်း အနည်းငယ် နီတာ၊ အဖုလေးထတာ ဖြစ်နိုင်ပါတယ်။ အပူကြပ်ထုပ်လေး ထိုးထိုးပေးနိုင်ပါတယ်။ တချို့နေရာတွေမှာ အဖုအထစ်သေးသေးလေးတွေ အများဆုံး တစ်လ လောက်ထိ စမ်းမိနေနိုင်ပါတယ်။ ကိုယ့်အသားအရေက  sensitive type ဆိုရင်တော့ ကုထုံးလုပ်ပေးမယ့် အရေပြားဆရာဝန် ကိုကြိုပြောပြထားသင့်ပါတယ်။

    ‌ဒီနည်းက ဘာတွေကောင်းလဲ ဆိုတော့ အရေပြားအောက်က (lymphatic system ) သွေးရည်ကြည်လည်ပတ်မှုစနစ်ကို ကောင်းစေတဲ့ အတွက် အသားအရေကို ကြည်လင်ပြီး ပြန်လည်စိုပြေစေတဲ့ အပြင် ချွေးပေါက်ကျယ်တာကိုလည်း သက်သာစေပါသေးတယ်။ အရေပြားအောက်မှာ စုပုံနေတဲ့ အဆီပိုတွေကို ဖြိုဖျက်ပေးတဲ့ အတွက်အသားအရေ ကို နူးညံ့ချောမွေ့ပီး တင်းရင်းစေပါတယ်။ တချို့အရေးအကြောင်းများတဲ့ သူတွေဆို botox လေးပါနည်းနည်းထည့်ထိုးပေးလို့ရသေးတယ်။

    ‌အမဲစက်၊ တင်းတိပ်ဝက်ခြံ နဲ့ melanin ခေါ် အမဲရောင်ခြယ်ပစ္စည်းတွေ အသစ်ထွက်ပေါ်လာခြင်းကိုလည်း ကာကွယ်ပေးတယ်။

    ‌ဒီရလဒ်တွေက ကုထုံးပြီး ၃-ရ ရက် အတွင်းဖြည်းဖြည်းချင်းပေါ်လာမှာပါ။ အစပိုင်းမှာ ချွေးပေါက်တွေကျယ်သွားတာမို့ အဆီပြန်ပြီး ဆားဝက်ခြံထွက်တာမျိုး ရှိတတ်ပေမယ့် scrub အပျော့စားလေးသုံး၊ soothing gel ဒါမှမဟုတ်moisturizer သေချာလိမ်းပေးပြီး ချွေးပေါက်ပြန်ကျဉ်းမယ့် အချိန်ရောက်တဲ့အခါ သူ့ အလိုလို ပျောက်သွားပါလိမ့်မယ်။ တစ်ကြိမ်နဲ့လည်း သိသာပေမယ့် ၁ ပတ်ခြား(သို့) ၂ ပတ်ခြား တစ်ခါ နဲ့ ၅-၁၀ ကြိမ် ဆက်တိုက်လုပ်ပေးနိုင်ရင်တော့ ရလဒ်က နှစ်နဲ့ချီပြီး ခံပါတယ်တဲ့ မေလေးတို့ရေ။ ဒါက ကိုယ့်ရဲ့ အစားအသောက်၊ အနေအထိုင်ပေါ်လည်း မူတည်သေးတာမို့ ကုထုံးခံယူနေတဲ့ အချိန်အတွင်း ရေများများသောက်ဖို့၊ အစားအသောက်ဆင်ခြင်ဖို့၊ နေပူ ရေပူ နဲ့ ဖုန်ထူ အထိမခံဖို့၊ ပုံမှန် sun cream နဲ့ routine skincare တွေသုံးဖို့ တော့ မမေ့ကြပါနဲ့နော်။ လှသည်ထက် လှနိုင်ကြပါစေ မေလေးတို့ရေ။        ။

    ရေးသားသူ – နှင်းရိပ်မှုန်

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement