ဒါတွေကြိုတွေးပြီးရင်တော့ ဆေးခန်းရွေးပြှီး treatment စလို့ရပါပြီ။ လုပ်ထုံးလုပ်နည်းတွေကတော့ အကြမ်းအားဖြင့်တူကြပါတယ်။ စစချင်း ကိုယ်လေဆာပစ်ချင်တဲ့နေရာကို ဆရာဝန်နဲ့ ပြပြီး ဆွေးနွေးပေါ့နော်။ သူက သင့်တော်တဲ့ အလင်းလှိုင်း ပမာဏ ကို ရွေးပေးလိမ့်မယ်။ ပြီးရင်တော့ သန့်ရှင်းရေး နဲ့ shaving လုပ်ပေးပြီး cool gel / soothing gel တစ်မျိုးမျိုးလိမ်းပေးမှာပါ။ ဒီလို လိမ်းပေးခြင်းအားဖြင့် အလင်းလှိုင်းထိုးဖောက်မှု ပိုမိုအားကောင်းစေလို့ ကုသမှု ပိုမိုထိရောက်ပါသတဲ့။ ပစ်ခါနီး မျက်စိကို ရောင်ခြည်မထိအောင် cover တပ်ပေး ပြီးရင်တော့ ကြိုတင် ရွေးချယ်ထားတဲ့ လေဆာ အမျိုးအစားကို ခံနိုင်ရည် ရှိမရှိ သိရအောင် အစမ်း ပစ်ကြည့်မှာပါ။ နာလားဆိုတော့ waxing လောက်မနာပါဘူး။ ခံစားမှုက ဘာနဲ့တူသလဲဆိုရင် သားရေပင်နဲ့ ဖွဖွလေးပစ်သလို မျိုး အရေပြားပေါ်မှာ ရွရွလေး ခံစားရမှာမို့ နာမှာကြောက်တဲ့ မေလေးတွေ အတွက် အကိုက်ပါပဲနော်။ ပြီးရင်တော့ လေဆာကို ပ ၂ကြော့လောက်အနည်းဆုံးပစ်တတ်ပါတယ်။ ကြာချိန်ကတော့ နေရာနဲ့ အမွေးပေါက်ရောက်မှု ပမာဏ ပေါ်မူတည်ပါတယ်။ နှုတ်ခမ်းနားတို့၊ ချိုင်းတို့ ဆို မိနစ်ပိုင်းသာကြာပေမယ့် ခြေ၊လက် နဲ့ နောက်ကြောလို နေရာကျယ်ရင် နာရီနဲ့ ချီပြီးကြာပါတယ်။ အမွေးအားလုံးပြန်မပေါက်အောင်ကတော့ လေဆာ တစ်ခါထဲ ပစ်ပေးရုံနဲ့ မရပါဘူး။ အမွေးနက်နက်ကြမ်းကြမ်းပေါက်တတ်တဲ့ ခြေသလုံးလိုမျိုးဆို ၄/၅ ကြိမ်ပစ်ရုံနဲ့ ရတတ်ပေမဲ့ မျက်နှာပြင်လို အမွေးနုတွေရှိတဲ့ နေရာဆိုရင်တော့ ၁၀ကြိမ်နဲ့ အထက်မှပဲ ပြီးပြည့်စုံတဲ့ ရလဒ်ကိုရမှာပါ၊ ဒါပေမဲ့ တစ်ခါပစ်ပြီးရင်တော့ မွေးညင်းအရောင် သိသာသာသာ ဖျော့တော့သွားတာကိုတွေ့ရမှာပါ။ တစ်ခါထဲနဲ့ ပျောက်အောင်ဆိုပြီး ပြင်းအားများများနဲ့ အကြာကြီး ပစ်တာမျိုးကို နှင်းအားမပေးပါဘူး။ side effect ဆိုးနိုင်လို့ပါ။တစ်ခါနဲ့ တစ်ခါလည်း ဆက်တိုက်ပစ်လို့ မရပါဘူး။ အနည်းဆုံး ၄ ပတ်ကနေ ၆ ပတ် စောင့်ပြီးမှ နောက်တစ်ခါ ထပ်ပစ်ရပါတယ်။
ပစ်ပြီးပြီဆိုရင်တော့ cool gel တွေ antiinflammatory cream ( ရောင်ရမ်းမှု သက်သာစေသော လိမ်းဆေး) တွေ လိမ်းပေးတယ်ဆိုပေမယ့် ဆေးခန်းမှာ ခဏစောင့်ကြည့်သင့်ပါတယ်။( ရှားတယ်ဆိုပေမဲ့) ပြင်းထန်တဲ့ အရေပြားရောင်ရမ်းမှုတွေ ဖြစ်မလာဘူးဆိုမှပဲ အိမ်ပြန်ပါလို့ နှင်းက အကြံပေးချင်တယ်။ ၂ ပတ်လောက်နေရင်တော့ လေဆာပစ်ထားတဲ့နေရာမှာ နေလောင်ထားသလို ခပ်ညိုညို ဖြစ်နေပါလိမ့်မယ်။ ပစ်ပြီး ၄၈ နာရီ အတွင်း မိတ်ကပ်မလိမ်းရ၊ နေမထိစေရပါဘူး။ တကယ်က ပစ်ပြီး ၆ ပတ်လောက် အထိ နေမထိတာကောင်းပါတယ်။ အပြင်သွားမယ်ဆိုလည်း အနည်းဆုံး SPF 20 ရှိတဲ့ sun cream လိမ်းပေးရပါမယ်။ ကျန်တဲ့ အချိန်တွေဆိုလည်း soothing gel အမြဲ လိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။ ပစ်ပြီးတစ်ပတ်လောက်နေရင်တော့ တချို့ အမွေးလေးတွေ ကြွေကျသွားတာတွေ့ရပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။