ဆပ်ပြာအကြမ်းစားတွေ၊ ခပ်ကြမ်းကြမ်း ချေးချွတ်ပွတ်တိုက်တာတွေနဲ့ ဂျီးတွန်းဝတ်အကြမ်း အသုံးပြုခြင်းဟာ အရေပြားကို ထိခိုက်စေနိုင်ပါတယ် (အထူးသဖြင့် ထိရှလွယ်တဲ့ အသားအရေ ပိုင်ရှင်တွေကိုပေါ့)။ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ဆပ်ပြာအပျော့စားတို့ကို သုံးပြီး သင့်အရေပြားကို သန့်စင်နိုင်ပါတယ်။
သင့်လက်ကို အသုံးပြုပြီး မျက်နှာအရေပြားကို အသာအယာဆေးကြောသန့်စင်ပါ။ ပြီးရင် ရေဆေးပစ်ပြီး ခပ်ဖွဖွသုတ်ပါ။ သင်အသုံးပြုတဲ့ ဆပ်ပြာအပျော့စား ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေဟာ အဆီမပါဝင်သင့်ပါဘူး။
အစိုဓာတ် ထိန်းပေးပါ။
သင့်အသားအရေဟာ ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် (အဆီပြန်တာ၊ ခြောက်သွေ့တာ ဒါမှမဟုတ် ထိရှလွယ်တာ) အစိုဓာတ် လုံလောက်ပြည့်ဝစွာရရှိအောင် ထိန်းသိမ်းထားဖို့က အရမ်းအရေးကြီးပါတယ်။ အစိုဓာတ်ဟာ ဝက်ခြံဖြစ်စေနိုင်တဲ့ အသားအရေ အဆီပြန်မှုကို တိုက်ထုတ်ပေးပါတယ်။
နေလောင်ကာ ခရင်မ်တွေလိမ်းခြင်းဟာ သင့်အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်တဲ့နေရာမှာ အင်မတန် အရေးကြီးလှပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ သင့်အသားအရေကို အားနည်းပျက်စီးစေပါတယ်။ နေရောင်ခြည်က ဝက်ခြံတွေကို ပိုဆိုးစေတဲ့အပြင် ဝက်ခြံအမာရွတ်တွေကို သိသာစေပါတယ်။
ဆရာဝန် ဆေးစာမလိုဘဲ ဝယ်သုံးလို့ရတဲ့ ဆေးလေးတွေကို စမ်းသုံးကြည့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။