backup og meta

ပျိုမေတို့ ဒူးခေါင်းမည်းနေတဲ့ပြဿနာကို ဒီလိုကုစားကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျိုမေတို့ ဒူးခေါင်းမည်းနေတဲ့ပြဿနာကို ဒီလိုကုစားကြမယ်

    ကောင်မလေးတချို့ ကြည့်လိုက်ရင် အသားလေးက ဖြူဖွေးပြီးတော့ ချစ်စရာလေး၊ ပေါင်တို၊ ပေါင်ပြတ်ဘောင်းဘီတွေ စကပ်အတိုတွေ ဝတ်လိုက်တော့မှ ဒူးခေါင်းက ကွက်ပြီးမည်းနေရင် သိပ်ကြည့်ရဆိုးတာနော်။ ယောက်ျားလေးတွေအတွက်တော့ တံတောင်ဆစ်တွေ၊ ဒူးခေါင်းတွေ မည်းတာက သိပ်ဂရုစိုက်စရာမလိုတဲ့ ကိစ္စလို့ထင်ထားပေမယ့် အလှကြိုက်တဲ့မိန်းကလေးတွေအတွက်ကတော့ ကိုယ့်ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး မလုံမလဲဖြစ်ရလောက်တဲ့အထိ အရှက်ရစေနိုင်ပါတယ်။

    များသောအားဖြင့် ဒူးခေါင်းမည်းတယ်ဆိုတာ ကျန်းမာရေးပြဿနာတစ်ခုခုရှိလို့ မဟုတ်ဘဲ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတာ၊ ကိုယ့်ရဲ့ ငယ်စဉ်ကတည်းက နေထိုင်မှုပုံစံ မှားယွင်းတာကြောင့် ဒူးခေါင်းအရေပြားမှာ ဆဲလ်အသေတွေ စုပုံလာပြီး ကြာလာတော့ အမည်းကွက်လို ဖြစ်သွားတာပါ။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့

    • ဒူးခေါင်းကို အမြဲကွေးပြီး ပဆစ်တုပ်ထိုင်တတ်တဲ့ အကျင့်ရှိတာ

    • ပေါင်၊ ခြေသလုံးတွေပေါ်တဲ့ ဘောင်းဘီတို၊ စကပ်တွေ အမြဲဝတ်ပြီး အရေပြားကို နေလောင်ကာခရင်မ် Sunscreen မလိမ်းပေးတာ

    • အစိုဓာတ်ထိန်းခရင်မ် (Moisturizer) မလိမ်းတဲ့အတွက် ခြောက်ကပ်ကပ်ဖြစ်ပြီး ကြမ်းလာတာ

    • ဒူးခေါင်းဖိထိုင်နေလျက်နဲ့ မြေကြီးနဲ့ ပွတ်ဆွဲနေတတ်တာ

    • မိန်းကလေးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့လာတာ

    • အရေပြားနှင်းခူရောဂါ

    ဆိုရီရေးစစ် (Psoriasis) အရေပြားရောဂါကြောင့်ပဲ ဖြစ်ပါတယ်။

    ဒူးခေါင်းမည်းနေတဲ့သူအများစုက နှစ်ပေါင်းများစွာ ဆဲလ်အသေတွေ စုပုံလာတဲ့အတွက် နဂိုအသားအရောင်ပျောက်ပြီး မည်းညစ်လာတာဖြစ်ပါတယ်။ ဒီတော့ ဒူးခေါင်းမည်းတာပျောက်ဖို့ Skincare ပြန်လုပ်ရင်တောင်မှ နဂိုအတိုင်းပြန်ဖြစ်လာဖို့ဆိုရင် အချိန်ပေးဖို့လည်း လိုသလို တော်တော်လေးလည်း စိတ်ရှည်သည်းခံပေးဖို့ လိုပါတယ်။

    ဒါကြောင့် ဒူးခေါင်းလေးမည်းနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအနေနဲ့ ခုပြောပြပေးမယ့် အချက်လေးတွေကို သေချာဂရုစိုက်ပြီး လုပ်ကြည့်ဖို့ ဝေမျှပေးလိုက်မယ်နော်။

    ၁။ ရေများများသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး ရေ၃လီတာထက် မနည်းသောက်ဖို့ အရေးကြီးပါတယ်။

    ၂။ အချဉ်ဓာတ် ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဥပမာ – လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ သံပယိုသီး၊ ဘယ်ရီသီးတွေကို များများစားပေးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေထဲက သခွားသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီတွေနဲ့ အစိမ်းရင့်ရော် ဟင်းရွက်တွေကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။

    ၃။ ရေချိုးပြီးတဲ့အခါ ဒူးခေါင်းကို အစိုဓာတ်ထိန်းခရင်မ် အရင်လိမ်းပေးပါ။ ကိုယ့်ရဲ့ အရေပြားက အစိုဓာတ်ပြည့်ဝနေမှသာ အသားအရေက စိုစိုပြေပြေနဲ့ ကြည့်ကောင်းမှာပါ။ များသောအားဖြင့် ဒူးခေါင်းမည်းတဲ့နေရာမှာ အသားက ခြောက်ပြီး ကြမ်းနေတတ်တာ သတိထားမိမှာပါ။ ဒါကြောင့် ရေချိုးပြီးတာနဲ့ ခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် မြန်မြန်လိမ်းဖို့ လိုမယ်နော်။ အစိုဓာတ်ထိန်းခရင်မ်အစား ရှားစောင်းလက်ပပ်၊ ပျားရည်၊ လိမ္မော်၊ သံပရာအဆီအနှစ် ပါဝင်တဲ့ Body Lotion မျိုးကို ဒူးခေါင်းမှာ စက်ဝိုင်းပုံစံလိမ်းပြီး နှိပ်နယ်ပေးလို့လည်း ရပါတယ်။

    ၄။ အားလပ်ရက်တွေမှာ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ဒူးခေါင်းကို Scrub နဲ့တိုက်ပေးပါ။ Scrub တိုက်ခြင်းဟာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေကို အလွှာလိုက် ကွာ်ကျစေပြီး အရေပြားဆဲလ်အသစ်တွေ ပြန်ဖြစ်လာစေဖို့လည်း ကူညီပေးနိုင်လို့ ဒူးခေါင်းမည်းနေတဲ့ပျိုမေတိုင်းအတွက် အကောင်းဆုံးပါပဲ။ သကြားဖြူ၊ သကြားညို၊ ပျားရည်၊ သေချာကြိတ်ထားတဲ့ ကော်ဖီစေ့၊ နှင်းဆီပန်းပွင့်၊ သံလွင်ဆီ အစရှိတဲ့ မီးဖိုချောင်သုံးနဲ့ အိမ်သုံးပစ္စည်းတွေကို ကိုယ်အဆင်ပြေတာရောပြီး အိမ်သုံး Scrub လုပ်လို့ရသလို အပြင်ကနေ ဝယ်ပြီးလုပ်လည်း အဆင်ပြေပါတယ်။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ Chemical Peeling ဂျယ်လ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်လောက်သာ အများဆုံး ကြေးချွတ်သင့်ပါတယ်။ Scrub တိုက်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့။

    ၅။ အပြင်သွားလို့ ဘောင်းဘီတို၊ စကပ်တွေ ဝတ်တော့မယ်ဆိုရင် နေနဲ့ထိမယ့်အရေပြားမှန်သမျှ Sunscreen လိမ်းပြီးမှ အပြင်ထွက်ပါ။ အဓိက မျက်နှာကို လိမ်းပေးရမှာဖြစ်ပြီး လည်ပင်း၊ လက်၊ ခြေထောက်နဲ့ ဝမ်းဗိုက်၊ ကျောပြင်တွေကိုပါ လိမ်းဖို့ လိုပါတယ်။ ကိုယ့်အသားအရောင်ပေါ်မူတည်ပြီး SPF 30 မှ 50 ထိပါဝင်တဲ့ နေလောင်ကာခရင်မ်တွေ ရွေးချယ်နိုင်ပါတယ်။

    ဒါဆို အလှကြိုက်လွန်းတဲ့ ပျိုမေလေးတွေ အတိုအပြတ်လေးတွေ ဝတ်ပြီး အပြတ်လန်းနိုင်ဖို့ ဒီဆောင်းပါးလေးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement