backup og meta

ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်

    ပျားရည် ဆိုတာ သဘာဝက ရတဲ့ ဆေးဖက်ဝင် ပစ္စည်း တစ်ခု ပါ။ သူ့ရဲ့ အာနိသင်အစွမ်းတွေကြောင့် ဟိုးအရင်တည်းက တိုင်းရင်းဆေးပညာမှာတောင် ဆေးဖော်စပ်ရာမှာ အသုံးများပါတယ်။ အလှအပ ဘက်မှာလည်း ပျားရည်က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာ ပျားရည် mask နဲ့ ဝက်ခြံ ကုသနည်းလေးကို ပြောပြပေးသွားဖို့ ရှိပါတယ်။

    ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ်

    အလှအပ နဲ့ အသားအရေ အတွက်ဆို အနှောင့်အယှက်တစ်ခု ဖြစ်တဲ့ ဝက်ခြံ တွေကို ပျားရည် က ကုသပေးနိုင်တယ် ဆိုတာ သိပြီးပြီလား။ ပြီးတော့ အိမ်မှာပဲ ကိုယ်တိုင် ပေါင်းတင် ကုသလို့ ရတာ ကိုရော သိထားပြီးပြီလား။ ကဲ …. ပျားရည် mask နဲ့ ဝက်ခြံ ကုကြမယ် နော်။

    ဘယ်လိုမျိုးလဲ

    ဝက်ခြံ ဆိုတာ အဆီဂလင်း နဲ့ ချွေးပေါက် ပိတ်ဆို့မှု နဲ့ ဘက်တီးရီးယား ပိုးဝင်ခြင်း တို့ကြောင့် ဖြစ်တာ များတာမို့ ချွေးပေါက် ပွင့်စေပြီး ပိုးဝင်ခြင်းကို ကုသတာက ဝက်ခြံ ကင်းစေမယ့် နည်းလမ်းပါပဲ။ ဒီအချက်က အရေပြားကို သန့်စင်စေပြီး ဘက်တီးရီးယားကို သေစေတဲ့ ပျားရည် ရဲ့ အာနိသင် နဲ့ ကွက်တိ ကျပါတယ်။

    အောက်မှာ ပြောမယ့် နည်းတွေကတော့ အသုံးများတဲ့ အလွယ်ဆုံး ပေါင်းတင်နည်းလေးတွေပါပဲ။ အဲဒီထဲက ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းကို သုံးနိုင်ပါတယ် –

    • ပျားရည် သီးသန့်

    အလွယ်ဆုံး နည်း ပါပဲ။ ဘာမှကို ထည့်စရာ မလိုတာလေ။ ပျားရည် တစ်မျိုးတည်း နဲ့ ဝက်ခြံတွေကို ကုသပေးမှာပါ။

    ပျားရည်ကို မျက်နှာမှာ ဖြန့်လိမ်းလိုက်ပါ။ နောက်တော့ မျက်နှာသစ်လိုက်ပေါ့။ ပျားရည်ကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေ သန့်စင်စေမယ်၊ အရေပြားဆဲလ်သေတွေ ဖယ်ရှားပေးနိုင်တယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် အသားအရေ နုပျိုစေတယ်၊ ချောမွေ့စေတယ်၊ အစိုဓာတ်လည်း ရစေတယ်။

    ပန်းသီး အရွယ်တော် တစ်လုံး ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၄ သို့မဟုတ် ၅ ဇွန်း နဲ့ ကြက်သီးနွေး ရေ ပဲ လိုပါတယ်။ ပန်းသီးကို အစေ့ထုတ်ပြီး ကျန်တဲ့အသား တွေကို ကြိတ်ပါ။ ကြိတ်ပြီးတဲ့ အနှစ်ဖတ်တွေထဲကို ပျားရည် ထည့်ပါ။ သေချာရောနေအောင် မွှေပြီးပြီဆို သုံးလို့ရပါပြီ။

    ပျားရည်ပန်းသီး အနှစ်ကို မျက်နှာ တစ်ခုလုံး သုတ်လိမ်းပြီး ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ် ထားပါ။ အသားအရေက စုပ်ယူပြီး နည်းနည်းလေး တင်းခြောက်သွားပြီဆို ရေနွေးနွေးလေး နဲ့ မျက်နှာသစ်ပါ။

    • ပျားရည်+ သံပရို + နို့ထွက်ပစ္စည်း

    သံပရိုသီးမှာ ပါတဲ့ citric acid က အသားအရေ အတွက် အကောင်းဆုံး သန့်စင်ပေးနိုင်တဲ့ သဘာဝ ပစ္စည်းပါ။ ဒိန်ချဉ်ကလည်း အသားအရေ ကို သန့်စင်စေပြီး ပျော့ပျောင်းနူးညံ့စေတဲ့ နို့ထွက်ပစ္စည်းဖြစ်ပါတယ်။ သံပရို တစ်မျိုးတည်းဆိုရင် အသားကို ခြောက်သွေ့စေနိုင်တာမို့ အားဖြည့်ပေးမယ့် ဒိန်ချဉ်ကို ထည့်သွင်းရတာပါ။

    နွားနို့ နှစ်ဇွန်း၊ ပျားရည် နှစ်ဇွန်း၊ သံပရိုသီးတစ်လုံး(အရည်)၊ ဒိန်ချဉ် တစ်ဇွန်း နဲ့ ရေနွေးနွေးလေး ကို စေးပျစ်တဲ့အထိ ရောမွှေပါ။

    ရလာတဲ့အနှစ်ကို မျက်နှာအပြင် လည်ပင်းကိုပါ လိမ်းပေးပါ။ ခြောက်သွေ့တဲ့အထိ ထားပါ။ ဒုတိယတစ်ထပ် အပေါ်ကနေ ထပ်လိမ်းပြီး ဒီနည်းနဲ့ အနှစ်တွေ မကုန်မချင်း ထပ်ထပ် လိမ်းပေးပါ။ ၁၀ မိနစ်ကြာတဲ့အခါ ကြက်သီးနွေးရေလေးနဲ့ မျက်နှာသစ်ပါ။

    ဒီနည်းကို တစ်ပတ် သုံးကြိမ်ကနေ လေးကြိမ် သုံးနိုင်ပါတယ်။

    ပျားရည်နဲ့ သစ်ကြံပိုးခေါက် နှစ်မျိုးတည်း ပါပဲ။ ပုံသေအချိုးအစား သတ်မှတ်ထားတာ မရှိပေမယ့် ကိုယ့်ရဲ့ ဝက်ခြံအနေအထားကို မူတည်ပြီး သစ်ကြံပိုးခေါက် ပမာဏကို ချင့်ချိန်ထည့်ရပါမယ်။ မျက်နှာတစ်ခုလုံးကို သုံးမယ်ဆိုရင် သစ်ကြံပိုးခေါက်အမှုန့် သုံးဇွန်း သို့မဟုတ် လေးဇွန်းထည့်ရင် ရပါတယ်၊ ပျားရည်ပမာဏကတော့ အနှစ်ရဲ့ အပျစ်အကျဲကို မှန်းပြီး ထည့်ပါ။

    အနှစ်ကို ဝက်ခြံများတဲ့ နေရာတွေမှာပဲ လိမ်းမလား၊ မျက်နှာတစ်ခုလုံး လိမ်းမလား ကိုယ့်သဘောပါပဲ။ အိပ်ရာမဝင်ခင် လိမ်းပြီး တစ်ညလုံး ထားလိုက်တာ ကောင်းပါတယ်။ မနက်မှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံဖြစ်လေ့ရှိတဲ့သူတွေမှာ ရလဒ်သိသာချင်တယ်ဆို ဒီနည်းကို နှစ်ပတ်လောက် လုပ်ဖို့ Organic Facts ဝဘ်ဆိုက်မှာ အကြံပြုထားပါတယ်။

  • ပျားရည်+ ရှားစောင်းလက်ပပ်
  • ရှားစောင်းလက်ပပ်အနှစ် (သဘာဝအစစ်၊ ဂျယ်လ်ဘူးမဟုတ်) တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း ပဲ လိုပါတယ်။ ဒီနှစ်မျိုး ရောနှောထားတဲ့ အရောကို ၁၀ မိနစ်လောက် ဒီတိုင်းထားပြီးမှ မျက်နှာမှာ သုတ်လိမ်းပါ။

    ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက်နဲ့ ဆံကေသာ အတွက် နာမည်ကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းပါ။ သူက အစိုဓာတ်ထိန်းပေးတယ်၊ အသားအရေကို နူးညံ့စေတယ်၊ အသားအရောင် ညီစေတယ်၊ အသားဖြူဝင်းလာစေတယ်။ သူနဲ့ ပျားရည်ရဲ့ ဓာတ်တိုးဆန့်ကျင်အစွမ်းသတ္တိကို ပေါင်းလိုက်တော့ ပြောစရာကို မလိုတော့ပါဘူး။

    တစ်ခု သတိထားရမှာက –

    ဒီပစ္စည်းတွေထဲမှာ ကိုယ်နဲ့ မတည့်တာပါနေရင် မသုံးပါနဲ့။ ဥပမာ ရှားစောင်း နဲ့ ဓာတ်မတည့်သူဆို ရှားစောင်းပါတဲ့ နည်းကလွဲပြီး တခြားနည်းကို သုံးသင့်ပါတယ်။ ပျားရည်နဲ့ မတည့်သူတွေလည်းဒီနည်းကို မသုံးသင့်ပါဘူး။ သဘာဝကရတယ်ဆိုပေမယ့် တည့်မတည့်ကို အရေပြားမှာ အရင်စမ်းပါ။ ဝက်ခြံအတွက် ပျားရည်ကိုပဲ အားမကိုးဘဲ မသက်သာတဲ့အခါ အရေပြားဆရာဝန်နဲ့ ပြသပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement