ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ရေးသားသူ

Update Date ဒီဇင်ဘာ 16, 2020 . 2 mins read
Share now

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရီးစားမရှိတဲ့ လူပျို၊ အပျိုလေးတွေ အမြဲတင်ဖြစ်နေကျတော့ ဒီစာလေးတစ်ကြောင်းကို မှတ်မိကြမယ်ထင်ပါတယ်။ အဓိကကတော့ နှုတ်ခမ်းတွေ ကွဲခြောက်နေတဲ့အကြောင်းရယ်၊ ချစ်သူရီးစားမရှိလို့ လိုချင်တဲ့အကြောင်းရယ်ကို ရောပြီးတင်ကြတာပေါ့ဗျာ။ ရုတ်တရက်ကြည့်ရင်တော့ မှန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ တော်တော်လေးကို မှားနေတဲ့ စာကြောင်းတစ်ကြောင်းပဲဗျ။

ဘာကြောင့် မှားတယ်လို့ ပြောရတာလဲ။

နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုသည် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။

လူရဲ့ တံတွေးထဲမှာ အက်ဆစ်ဓာတ်တွေ၊ ဘက်တီးရီးယားပိုးတွေ ပါဝင်တဲ့အတွက် နှုတ်ခမ်းကို အမြဲတမ်းလျက်နေတဲ့အခါ ပါးစပ်ထဲက တံတွေးတွေက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းရဲ့ စိုထိုင်းမှုကိုပါ ခန်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း နှုတ်ခမ်းခြောက်လို့ လျှာနဲ့ များများလျက်လေ၊ နှုတ်ခမ်းက ပိုခြောက်ပြီး ကွဲလာဖို့ပဲ ကျန်တော့တာပေါ့။

နမ်းတာလည်း အတူတူပါပဲ။ သူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှုံ့နေရတဲ့အခါ ကိုယ့်ပါးစပ်ထဲက တံတွေးရော၊ ကိုယ့်ချစ်သူရဲ့ တံတွေးတွေပါ နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းကို ပိုပြီးတော့တောင် ခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။ ဒီတော့ နမ်းရမယ့်သူမရှိလို့ဆိုပြီး အရမ်းတော့ အထီးမကျန်စေချင်ပါဘူးနော်။

တခြားဘာအကြောင်းကြောင့် နှုတ်ခမ်းတွေ ကွဲခြောက်နိုင်သေးလဲ။

  • ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးမြတဲ့ လေထုတွေ
  • ဗီတာမင် အေ ဓာတ် အားနည်းတာ
  • ကင်ဆာကုထုံး ကုသမှုခံယူနေတာ
  • သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • နှုတ်ခမ်းအလှအပကို သေချာဂရုမစိုက်ဘဲ ပစ်ထားတာတွေကြောင့်လည်း နှုတ်ခမ်း ကွဲပြီးခြောက်နိုင်ပါတယ်။

နှုတ်ခမ်းခြောက်တတ်သူတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ

၁။ ရေများများသောက်ပါ။

ရေပုံမှန်သောက်ပေးတဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းသားကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။ ရေဓာတ်ဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို တစ်နေ့ (၃) လီတာ အနည်းဆုံး သောက်ပေးဖို့တော့ လိုပါမယ်။

၂။ နှုတ်ခမ်းကို ဘာမှမလိမ်းဘဲ မပစ်ထားပါနဲ့။

တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်တွေ၊ နေလောင်ကာခရင်မ်တွေ၊ Body Lotion တွေ လိမ်းပြီး အသားအရေထိန်းသိမ်းသလိုပါပဲ၊ နှုတ်ခမ်းကိုလည်း လိုအပ်တဲ့ အစိုဓာတ်ရရှိအောင် Lip Balm တွေ လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီအမြဲလိမ်းနေရတဲ့ မိန်းကလေးတွေ Lip Balm ကို အောက်ကနေ တစ်ထပ်အရင်လိမ်းပေးပြီးမှ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီကို အပေါ်ကနေ ပြန်ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်သလို နှုတ်ခမ်းနီအရောင်ကိုလည်း ပိုပြီးထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။

၃။ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေ များများစားပေးပါ။

ဗီတာမင်စီ ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး စတဲ့ အသီးအနှံတွေကို ဆောင်းတွင်းကာလမှာ များများစားပေးပါ။ ဗီတာမင်စီဓာတ်သည် အသားအရေကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ ဖျားနာခြင်းကင်းပြီး ရောဂါပိုးမွှားတွေကို ကောင်းစွာ တိုက်ထုတ်ပေးနိုင်မှာပါ။

၄။ ရေအေးဖြင့်သာ ရေချိုးပေးပါ။

ဆောင်းရာသီမှာ ရာသီဥတုအေးတော့ လူတော်တော်များများက ရေချိုးရမှာ ပျင်းသလို၊ ရေချိုးတဲ့အခါမှာလည်း ရေပူနဲ့ ရေချိုးကြတာ များပါတယ်။ ရေပူနဲ့ရေချိုးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိတယ်ဆိုပေမယ့် အသားခြောက်တတ်သူတွေ၊ နှုတ်ခမ်းအမြဲခြောက်ပြီး အက်ကွဲနေသူတွေအတွက်တော့ ရေပူနဲ့ ချိုးတာကို တတ်နိုင်သလောက်ရှောင်ပြီး ရေအေးနဲ့သာ ချိုးပေးသင့်ပါတယ်။ အကယ်လို့ ရေအေးမဟုတ်ဘဲ ရေကျက်နွေးနဲ့ ချိုးမယ်ဆိုလည်း ရပါတယ်။ ရေချိုးချိန်ကို နာရီဝက်ထက် မပိုစေဖို့သာ သေချာဂရုစိုက်ပေးပါ။

ရီးစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရီးစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရတာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ ကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတအရာတစ်ခုရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် သဘာဝဆေးနည်းတစ်လက်

ဝက်ခြံဖြစ်လွယ်သူတွေအတွက် အသားအရေကို အထိရောက်ဆုံး ထိန်းပေးနိုင်မယ့် သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံက ပျောက်ပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ စိတ်ရှည်ရပါမယ်။ ဝက်ခြံဆိုတာက တစ်ပတ်လောက်နဲ့ သက်သာသွားတာမျိုး မဟုတ်ပါဘူး။ နာတာရှည်ရောဂါ တစ်မျိုးလိုပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read