သူ့ကိုလည်း Benzoyl peroxide ဒါမှမဟုတ် Salicylic acid ပါတာတွေ သုံးပေးလို့ ရပါတယ်။ ဝက်ခြံဖုလေးတွေကို မညှစ်မိအောင် ထိန်းပါ။ ဝက်ခြံတွေကို ညှစ်တာက ပိုဆိုးစေတတ်ပါတယ်။ ၆ပတ်ကနေ ၈ပတ်ကြာတဲ့အထိ မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြပါ။
Nodules နဲ့ Cysts ဝက်ခြံ အတွက် ကုထုံး
ဒီ ဝက်ခြံတွေကတော့ အိမ်တွင်း ကုထုံးထက် တတ်သိနားလည်တဲ့ အရေပြား ဆရာဝန်တွေ နဲ့ ပြသ ကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။
ခုပြောခဲ့တဲ့ နည်းလမ်းတွေကတော့ အလွယ်ကူဆုံးလုပ်နိုင်တဲ့ နည်းလမ်းတွေပါ။ ဒါတွေက အကြမ်းဖျင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေက မတူညီတာကြောင့် မသက်သာရင် အရေပြားဆရာဝန်နဲ့ ပြသပါ။ ဝက်ခြံကုသတဲ့အခါမှာ စိတ်ရှည်ပါလို့လည်း အကြံပြုချင်ပါတယ်။
ကဲ…ကိုယ့် ဝက်ခြံ အမျိုးအစားကို အရင်ဆုံး သိအောင် လုပ်လို့ ကိုက်ညီတဲ့ ကုထုံးလေးနဲ့ ဝက်ခြံ သက်သာအောင် ဂရုစိုက် လိုက်ပါနော် Helloဆရာဝန် ပရိသတ်ကြီးရေ……………….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။