backup og meta

ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ

    ဝက်ခြံအကြောင်း ဆွေးနွေးရအောင် လေဒီလေးတို့ရေ ဝက်ခြံဆိုတာကို ထွေထွေထူးထူး ပြောစရာ မလိုအောင် သိထားပြီး ဖြစ်မှာပါ။

    အသားအရေလေးက ကြည်နေတာပဲ။ အသားအရေတော်တော်လေးကောင်းတယ်နော်၊ ဝက်ခြံလေးတွေရှိနေလို့သာ ဆိုတာမျိုးက ဝက်ခြံရှိသူတိုင်းလိုလိုကြားရလေ့ရှိတဲ့ စကားတစ်ခွန်းဖြစ်မယ်ထင်ပါတယ်နော်။ ဝက်ခြံဆိုတာက လေဒီလေးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်တတ်ကြတဲ့ အရေပြားပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။

    အပျိုဖော်ဝင်ချိန် လူပျိုဖော်ဝင်ချိန်မို့ပေါက်တာက အချိန်တန်ရင် ပျောက်သွားမှာပါဆိုပေမယ့် အချိန်တော်တော်ကြာတဲ့အထိ မပျောက်တဲ့အခါမှာတော့ အလှအပမှာ တော်တော်လေး ထိခိုက်စေသလို တစ်ခါတလေများဆို ကိုယ့်ကိုကိုယ် ယုံကြည်မှုတောင်ဆုံးရှုံးမိတယ်နော်။ ဒီလိုအလှပျက်စေ၊ ယုံကြည်မှုကို ထိခိုက်စေတဲ့ ဝက်ခြံတွေကို အမြစ်ပြတ်ချေမှုန်းချင်နေပြီလား။ ဒါဆိုရင်တော့ ဒီစစ်ဆင်ရေးမှာ အနိုင်ရစေဖို့ ရန်သူရဲ့အခြေအနေကို အရင်လေ့လာရအောင်လား……….

    ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ………

    ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

    Whiteheads ဝက်ခြံ – အရေပြားအောက်ဘက်မှာရှိနေတတ်ပြီး အရမ်းမကြီးတဲ့ ဝက်ခြံအမျိုးအစားပါ။ ညှစ်လိုက်တဲ့အခါ အဖြူရောင်အနှစ်လေးတွေထွက်တတ်ပါတယ်။ နှာခေါင်း ဘေးတစ်ဝိုက်နဲ့ မေးစေ့မှာ အဖြစ်များပါတယ်။

    Blackheads (ဆားဝက်ခြံ) – အရေပြားပေါ်မှာ ခပ်မည်းမည်းအရောင်နဲ့မြင်သာပါတယ်။ နှာခေါင်းနဲ့ T- Zone မှာအဓိကပေါက်တတ်ကြပါတယ်။

    Papules ဝက်ခြံ – သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။ အရေပြားပေါ်မှာ မြင်သာပါတယ်။

    Pustules ဝက်ခြံ – အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ အဖုကြီးတွေပါ။ အခြေမှာ နီရဲနေပြီး ထိပ်ဘက်မှာ ပြည်လိုမျိုးစုစုလေးရှိနေတတ်ပါတယ်။

    Nodules ဝက်ခြံ – ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။ ကြီးမားပြီး အစိုင်အခဲကြီးသလို အရေပြားထဲမှာ စူးစူးနစ်နစ်တွယ်ဆက်နေကြပါတယ်။ ထိလိုက်ရင်ကို နာနေတတ်ပါတယ်။

    Cysts ဝက်ခြံ – အရေပြားပေါ်မှာ မြင်သာတဲ့ ဝက်ခြံမျိုးပါ။ နာကျင်နီရဲနေတတ်ပြီး ဝက်ခြံတစ်ခုလုံးက ပြည်တွေနဲ့ ပြည့်နေတတ်ကြပါတယ်။ အမာရွတ်ကျန်နိုင်ခြေအများဆုံး ဝက်ခြံအမျိုးအစားပါ။

    ဝက်ခြံ ဘာလို့ဖြစ်ရတာလဲ……..

    ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံးအရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်းအရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြပါတယ်။ ဝက်ခြံကိုဖြစ်စေတဲ့အကြောင်း အရင်းကလည်းတော်တော်လေးများပါတယ်။

    အစားအစာ – နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အဆီများတဲ့ အစားအစာတွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ နို့တွေ၊ အဆီများတဲ့နို့ထွက်ပစ္စည်းတွေနဲ့ ချောကလက်တို့ကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အငန်ကဲတဲ့အစားအစာတွေနဲ့ အစပ်ကဲတဲ့အစားအစာတွေကလည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

    ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ – ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ ချွေးပေါက်တွေ ထဲမှာ ပိတ်ဆို့သွားတဲ့အခါမျိုး မှာလည်း ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။

    စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများတာကလည်း ဝက်ခြံတွေကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။

    မျိုးရိုးရှိတာ – မိဘ တစ်ဦးဦးက ဝက်ခြံ တော်တော်လေးပေါက်တဲ့သူဆိုရင်လည်း ဝက်ခြံဖြစ်နိုင်ခြေက တော်တော်လေးများနေပါတယ်။

    ဟော်မုန်း အပြောင်းအလဲ – အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။

    ဆေးဝါးတွေ – သောက်သုံးနေရတဲ့ ဆေးဝါးတွေ ရှိနေမယ်ဆိုရင်လည်း အဆိုပါ ဆေးဝါးတွေကြောင့် ဝက်ခြံ ဖြစ်ရတာပါ။

    အလှကုန်တွေ – အသုံးပြုနေတဲ့ မိတ်ကပ်အပါအဝင် အချို့သောအလှကုန်ပစ္စည်းတွေကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မှုကနေတဆင့် ဝက်ခြံတွေ ဖြစ်လာရတာပါ။

    ကဲ….. ကိုယ့်ဆီမှာဖြစ်နေတဲ့ ဝက်ခြံတွေကိုဖြစ်စေတဲ့အကြောင်းအရင်းတွေနဲ့ ဝက်ခြံအမျိုးအစားတွေကို သေချာဆန်းစစ်ကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement