backup og meta

ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်

    မျက်နှာလှလှလေးပိုင်ဆိုင်ချင်ပေမယ့် ဝက်ခြံ တွေကြောင့် စိတ်ညစ်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဝက်ခြံကတော်တော်များများခံစားနေရတဲ့ အရေပြားပြဿနာတစ်ခုဖြစ်သလို အလှအပကိုရော ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့အရာတစ်ခုပေါ့။ဆေးတွေသောက်တယ်၊ Skincareတွေအမျိုးမျိုးသုံးပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင်တော့ ဒီယောဂပို့စ်လေးတွေကိုလေ့ကျင့်ကြည့်စေချင်ပါတယ်နော်။

    ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ……..

    ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။

    ဝက်ခြံသက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ယောဂပို့စ်တွေကဘာတွေဖြစ်မလဲ…..

    ယောဂလုပ်ပေးတာက ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးသလို ဝက်ခြံကင်းပြီး အသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။

    Uttanasana Pose

    ဒီပို့စ်လေးလုပ်တော့မယ်ဆိုရင် ခန္ဓါကိုယ်ကိုဖြောင့်ဖြောင့်လေးရပ်ပါ။ လက်နှစ်ဖက်ကို တင်ပါးပေါ်ကိုထောက်လို့ အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ပြီးရင် အသက်ရှုထုတ်ရင်း ခန္ဓါကိုယ်ကို အရှေ့ပိုင်းကိုဖြည်းဖြည်းချင်းကိုင်းချပေးပါ။ လက်နှစ်ဖက်ကိုခြေထောက်အနောက်ဘက်ထိသိုင်းပြီး ပိုက်ထားပေးပါ။ မျက်နှာကိုဒူးနှစ်ဖက်ဆီကို ကပ်နိုင်သမျှကပ်ပေးပါ။ပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီး ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။

    Legs Up on the Wall Pose

    ဒီပို့စ်ကိုပုံမှန်လုပ်ပေးတာက သွေးစီးဆင်းမှုကောင်းစေသလို မျက်နှာဆီကိုလည်းအောက်ဆီဂျင်ပိုမိုရောက်ရှိစေမှာပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးfree radicalsတွေကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နံရံတစ်ခုရှေ့မှာ နံရံကိုမျက်နှာမူပြီးထိုင်လိုက်ပါ။ပြီးရင်ကြမ်းပြင်ပေါ်ကိုကျောကိုဖြည်းဖြည်းချင်းချပြီးခြေထောက်နှစ်ချောင်းကို နံရံကို ကပ်လို့ အပေါ်ကို မတ်မတ်လေးမြှောက်ပေးပါ။ လက်နှစ်ဖက်ကိုဘေးဘက်ကို ခပ်တန်းတန်းဆန့်ထုတ်ပေးပါ။ မျက်လုံးကိုမှိတ်လို့ အသက်မှန်မှန်ရှုပေးပါ။

    Cobra Pose

    အသက်ရှုတာကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ယောဂပို့စ်တစ်ခုပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဟော်မုန်းတွေကို ထိန်းညှိပေးပြီးနေလောင်တာ၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ၊ ဝက်ခြံဖြစ်တာအပါအဝင် အရေပြားပြဿနာတော်တော်များများကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာမှောက်လျက်အနေအထားနဲ့နေပါ။ခြေထောက်တွေကို ဆန့်ထုတ်ထားပါ။ လက်မောင်းကိုအားပြုလို့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အပေါ်ကို ဆန့်ထုတ်ပေးပါ။ ခန္ဓါကိုယ်ကို အပေါ်ကို ဆန့်ထုတ်ချိန်မှာ အသက်ကိုရှုသွင်းလို့ ခန္ဓါကိုယ်ကို ကြမ်းပြင်နဲ့ပြန်ထိချိန်မှာ ရှုထုတ်ပေးပါ။

    Head-to-Knee Pose

    ဒီပို့စ်က ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးပါ။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ မျက်နှာကြွက်သားတွေဆီကိုသွေးနဲ့အောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာခြေထောက်နှစ်ချောင်းကို ဆန့်လို့ ခါးမတ်မတ်လေးထိုင်ပေးပါ။ ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး ညာဘက်ပေါင်ကိုခြေဖဝါးနဲ့ထိပေးပါ။ ပြီးရင်ခြေဖျားကိုလက်နှစ်ဖက်ကိုင်ပြီး ဦးခေါင်းကို ဒူးနဲ့ထိအောင် ကိုင်းညွှတ်ပေးပါ။ ၈ စက္ကန့် ကနေ ၁၀ စက္ကန့်အထိထားပေးပြီးနောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်မှန်မှန်ရှုဖို့လည်း မမေ့ပါနဲ့။

    Shoulder Stand Pose

    ဒီပို့စ်က လည်ပင်း၊ပခုံးနဲ့ ဦးခေါင်းအနောက်ပိုင်းမှာ အဓိကအားပြုရတဲ့ယောဂပို့စ်တစ်ခုပါ။သွေးစီးဆင်းမှုကိုကောင်းစေနိုင်ပြီး မျက်နှာကြွက်သားတွေဆီအောက်ဆီဂျင်နဲ့သွေးရောက်ရှိမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ကြမ်းပြင်ပေါ်မှာ လှဲလိုက်ပါ။ပြီးရင်ခြေထောက်ကို အပေါ်ကိုထောင့်မှန်အနေအထားမြှောက်ပေးပါ။ ခါးကိုလက်နဲ့ထောက်ထားပေးပါ။ ဒီပို့စ်ကို ၁၀ စက္ကန့်လောက်အထိထိန်းထားပေးပါ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement