backup og meta

ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကင်းတဲ့ အသားအရေပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့အချက်

    အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။

    ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့

    ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။

    နေထိုင်မှုပုံစံ

    နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။

    • တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။
    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။
    • ဝက်ခြံတွေကို မညှစ်ပါနဲ့။
    • နေလောင်ဒဏ်ကနေ ကာကွယ်ပါ။
    • ရေများများသောက်ပေးပါ
    • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
    • ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။
    • ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။
    • အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျော့စားပါ။
    • အသင့်စား၊ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။
    • ကဖင်းနဲ့အယ်လ်ကိုဟောရှောင်ပါ။
    • ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ပါ။
    • ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။

    ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ

    မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

    အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ

    မျက်နှာသစ်ဆေး ရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ဆဲလ်သေတွေဖယ်ရှားပါ

    ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။

    မျက်နှာပေါင်းတင်ပါ

    သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဝက်ခြံအတွက်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Maskတွေနဲ့ဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာကိုပေါင်းတင်ပေးပါ။

    ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပါ

    ဝက်ခြံတွေကို ပိုဆိုးစေတဲ့အကြောင်းအရင်းနဲ့ ဝက်ခြံအမာရွတ်တွေကျန်စေခဲ့တဲ့အကြောင်းအရင်းက ဘက်တီးရီးယားဝင်ရောက်ကူးစက်တာပါ။ ဒါကြောင့် ဘက်တီးရီးယားကာကွယ်ပေးမယ့် လိမ်းဆေးလိုမျိုးဆေးတစ်ခုခုလိမ်းပေးပါ။

    အဆီပိုတွေဖယ်ရှားပါ

    ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။

    ဒါတွေအပြင် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့၊ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။

    ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……..

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement