backup og meta

နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ် ခေါင်းမလျှော်သင့်တဲ့ အကြောင်းအရင်းများ

    ခေါင်းလျှော်တယ်ဆိုတာက တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆံသားလေးတွေ လှပဖို့ သန့်စင်ဖို့နဲ့ ဦးခေါင်းသန့်စင် လန်းဆန်းနေဖို့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။

    လူတွေက ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ်၊ ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ရည်နဲ့ပဲဖြစ်ဖြစ်၊ တရော်ကင်ပွန်းလို သဘာဝနည်းလမ်းတွေနဲပဲဖြစ်ဖြစ် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။

    နည်းလမ်းစုံကြသလို အလေ့အထတွေလည်း မတူတတ်ကြပါဘူး။ လူတချို့က ခေါင်းခဏခဏ လျှော်ရတာကို မနှစ်သက်တတ်ကြပေမယ့် လူအများစုကတော့ ခေါင်းမကြာခဏလျှော်ရတာကို သဘောကျတတ်ကြပါတယ်။

    ဒီလူတွေထဲကမှ တချို့က နေ့စဉ်ခေါင်းလျှော်ရတာကို သဘောကျတတ်ကြပြီး၊ တကယ်လည်း နေ့စဉ် ခေါင်းလျှော်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ အလေ့အထတော့မဟုတ်ပါဘူး။

    နေ့စဉ် ဘာလို့ ခေါင်းမလျှော်သင့်တာလဲ

    နေ့စဉ် ခေါင်းလျှော်မယ်ဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်သလို တခြားသော ဆိုးကျိုးတွေလည်း ကြုံရစေနိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာကို ဆက်ပြီးလေ့လာကြည့်ရအောင်။

    ဦးရေပြားမှာ အဆီပြန်နေတာမျိုးက ကောင်းမွန်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ဆံသားကို အားဖြစ်စေတဲ့ သဘာဝအဆီဓာတ်တွေ လျော့ပါးပျောက်ကွယ်သွားတာကလည်း အလားတူပဲဆိုတာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ခေါင်းနေ့စဉ် လျှော်ရင် သဘာဝအဆီတွေ လျော့ပါးစေပါလိမ့်မယ်။

  • ၂။ ဆံသားအရောင်ကို လျင်လျင်မြန်မြန် ပြောင်းလဲစေတယ်
  • နေ့စဉ် ခေါင်းလျှော်နေမယ်ဆိုရင် ဆံသားတောက်ပြောင်မှု၊ စိုပြေမှုနဲ့ ဆံသားအရောင်တွေ အလျင်အမြန် ပြောင်းလဲ ဖျော့တော့သွားစေပါလိမ့်မယ်။

    • ၃။ ဆံပင်နှစ်ခွဖြစ်မယ်

    နေ့တိုင်း ခေါင်းလျှော်တဲ့အခါ သဘာဝအဆီတွေ ခမ်းခြောက်ပြီး ဆံပင်တွေပါ လိုက်ပါခြောက်သွေ့လာတာမို့ ကြာမြင့်လာတဲ့အခါ ဆံပင်နှစ်ခွဖြစ်တာတွေ ပြတ်တောက်တာတွေ ဖြစ်စေမှာပါ။

    • ၄။ အကုန်အကျများမယ်

    ဟုတ်ပါတယ်။ နေ့တိုင်းခေါင်းလျှော်လို့ဖြစ်လာတဲ့ ဆံကေသာဆိုင်ရာ ပြဿနာတွေကို ကုစားရတာက ကုန်ကျစရိတ်များပါတယ်။ ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ နောက်ပြီး နေ့စဉ် ရေနဲ့ ခေါင်းလျှော်ရည် အသုံးပြုနေရတဲ့ စားရိတ်ကလည်း မသက်သာလှပါဘူး။

    • ၅။ ပုံသွင်းလို့ မကောင်းတော့ဘူး

    ခဏခဏ ခေါင်းလျှော်ရင်တောင်မှပဲ ဆံသားဟာ ခြောက်သွေ့မွဲခြောက်လွယ်တာမို့ ပုံသွင်းဖို့ ခက်ခဲစေတတ်ပါတယ်။ နေ့စဉ်သာ ခေါင်းလျှော်နေမယ်ဆိုရင် စဉ်းစားသာကြည့်ပါတော့။

    • ၆။ အချိန်ကုန်တယ်

    ခေါင်းတစ်ခါလျှော်ဖို့ အချိန်ဘယ်လောက်ပေးရသလဲ လူတိုင်းနီးပါး သိကြပါတယ်။ ရေချိုးဖို့ ခေါင်းလျှော်ဖို့ နေ့စဉ်ပေးရတဲ့အချိန်ကလည်း မနည်းလှပါဘူး။ ဆံပင်ရှည်တဲ့သူတွေဆို ဒီဒုက္ခကို ပိုနားလည်ကြမယ်ထင်ပါတယ်။

    တချို့က ခဏခဏ ဗောက်ထလို့ ခေါင်းမကြာခဏ လျှော်ကြတယ်။ ခေါင်းလျှော်လိုက်ရင် သက်သာသွားမယ်၊ ပျောက်သွားမယ်ဆိုတဲ့ သဘောနဲ့ပေါ့။ ဒါပေမယ့် ဆံသားကျန်းမာရေးပညာရှင်တွေကတော့ ဗောက်ပြဿနာ သက်သာချင်တယ်ဆိုရင် နေ့စဉ်ခေါင်းလျှော်တာမျိုး မလုပ်သင့်ပါဘူးတဲ့။ မှန်ကန်တဲ့ ကုထုံးတွေနဲ့ ကုသဖို့သာ တိုက်တွန်းထားကြပါတယ်။

    ဘယ်လို လျှော်သင့်သလဲ

    ဆံပင်ကို ပုံမှန် ဘယ်လို လျှော်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေမရှိပါဘူး။ ဆံသားအမျိုးအစားနဲ့ ဦးရေပြား ကျန်းမာရေး အခြေအနေပေါ် မူတည်မှာဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဆံပင်အမျိုးအစားအလိုက် ခေါင်းဘယ်နှစ်ကြိမ်လျှော်သင့်လဲဆိုတာကို အောက်ပါအတိုင်း မှတ်ယူထားလို့ရပါတယ်။

    • ဆံသားနဲ့ ဦးရေပြား အဆီပြန်တတ်သူတွေက ၁ ရက်ခြား တစ်ခါလောက် ခေါင်းလျှော်ပေးလို့ရပါတယ်။
    • ဆံသားခြောက်သွေ့တတ်သူတွေက ၁ ပတ်ကို တစ်ခါလောက်ပဲ လျှော်ပေးသင့်ပါတယ်။
    • ပုံမှန်ကျန်းမာတဲ့ ဆံပင်အမျိုးအစားတွေကို ပိုင်ဆိုင်ထားသူတွေကတော့ ၁ ရက်ခြား ဒါမှမဟုတ် ၂ ရက်ခြားလောက်ကို တစ်ကြိမ်လောက် လျှော်ပေးသင့်ပါတယ်။

    ခေါင်းလျှော်ရာမှာ ကိုယ့်ရဲ့ ဆံသားနဲ့ သင့်လျော်တဲ့ ခေါင်းလျှော်ရည်မျိုးကို စနစ်တကျရွေးချယ်သုံးစွဲဖို့ကလည်း အရေးကြီးတယ်ဆိုတာကိုလည်း တစ်ပါတည်း သတိပေးချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement